အစိမ်းရောင်လမ်း
IRRDB နှစ်ပတ်လည်အစည်းအဝေးနှင့် IRC ညီလာခံကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည်

IRRDB နှစ်ပတ်လည်အစည်းအဝေးနှင့် IRC ညီလာခံကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည်

Green Way
Green Way Greenovator 25/09/2019

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက်။ 

   နိုင်ငံပေါင်း ၂၀ တက်ရောက်မည့် အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် ဖွံ့ဖြိုးရေးဘုတ် (IRRDB) နှစ်ပတ်လည်အစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ ရော်ဘာညီလာခံကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် နေပြည်တော်နှင့် ပုဂံတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။ 

   အဆိုပါ အပြည်ပြည်ဆိုင်ရာ ရော်ဘာညီလာခံ (IRC) ကို စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၁ ရက်အ ထိ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် ဖွံ့ဖြိုးရေးဘုတ် (IRRDB) နှစ်ပတ်လည်အစည်းအဝေးကို အောက်တိုဘာလ ၃ ရက်မှ ၄ ရက်အထိ ပုဂံတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

   "IRRDB အစည်းအဝေးက နိုင်ငံတကာမှာ နှစ်စဉ်လှည့်ပြီးလုပ်နေတာ၊ ဒီနှစ်က မြန်မာပြည်မှာ ပထမဦးဆုံးအနေနဲ့ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ နိုင်ငံခြားသားတွေအတွက် ဝင်ကြေးသတ်မှတ်ထားပေမယ့် ကိုယ့်နိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူအားလုံးကို ဝင်ကြေးအခမဲ့နဲ့ တက်ရောက်ခွင့်ပြုသွားမှာပါ။ ခြံကြီး၊ ခြံလတ်၊ ခြံသေး ဘာမှမကျန် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူအားလုံးကို ဒီလိုပွဲမျိုး တက်ရောက်ပြီး လေ့လာစေချင်တယ်။ ဒီပွဲက ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူတွေအတွက် အကျိုးအရမ်းရှိပါတယ်။ Conference မှာ နိုင်ငံအလိုက် စာတမ်းတွေဖတ်မှာဖြစ်တဲ့အတွက် သူတို့အတွေ့အကြုံတွေ သိရှိရမယ်။ သူတို့ သုတေသနတွေ့ရှိချက်တွေ ရရှိမှာဖြစ်တဲ့အတွက် အကျိုးအများကြီးရှိမှာပါ။" ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။ 

   အပြည်ပြည်ဆိုင်ရာ ရော်ဘာညီလာခံကို ရော်ဘာလုပ်ငန်းများ ယှဉ်ပြိုင်နိုင်မှုမြင့်မားရေးနှင့် ရေရှည်တည်တံ့ရေးဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များမှ ရော်ဘာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သော သုတေသနစာတမ်း ၆၀ ကျော်ကို ဖတ်ကြားသွားမည်ဖြစ်ကာ မြန်မာနိုင်ငံမှ စာတမ်း ၈ စောင် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ 

   "IRRDB အစည်းအဝေးကို ကျွန်တော်တို့အနေနဲ့ နှစ်စဉ်သွားတက်ရောက်ဖို့ကို တော်တော်လေး ကြိုးစားအားထုတ်ယူရတယ်။ သွားလို့ရှိရင်လည်း ကုန်ကျစရိတ်က အရမ်းများပါတယ်။ တကယ်တမ်း သွားတက်နိုင်တာက လေးယောက်၊ ခြောက်ယောက်လောက်ပဲ သွားတက်နိုင်တယ်။ အချို့နှစ်တွေမှာ နှစ်ယောက်လောက်ပဲ သွားတက်နိုင်တယ်။ မြန်မာနိုင်ငံမှာ ဒီလိုပွဲကျင်းပတဲ့အခါမှာ နိုင်ငံတကာအတိုင်းပဲ ဝင်ကြေးသတ်မှတ်ထားတယ်။ အဖွဲ့ဝင် နိုင်ငံတွေအတွက် နေရာ ၅ နေရာ စီစဉ်ပေးထားပါတယ်။ ငါးဦးထက်ကျော်ရင်တော့ တစ်ဦးကို ဒေါ်လာ ၁၅၀ သတ်မှတ်တယ်။" ဟု ဦးခိုင်မြင့်က ပြောသည်။ 

   ပြည်တွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုများတွင် လိုအပ်ချက်များရှိနေသည့် နည်းပညာ၊ နည်းစနစ်များအပါအဝင် ရော်ဘာထုတ်လုပ်မှု ဈေးကွက်တင်ပို့မှုဆိုင်ရာ အချက်အလက်များကို ယင်းအပြည်ပြည်ဆိုင်ရာ ရော်ဘာညီလာခံတွင် ရရှိမည်ဖြစ်ခြင်းကြောင့် ပြည်တွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် တက်ရောက်သင့်ကြောင်း သိရသည်။

အေးအေးမြင့်(ABM)

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ

သူရစိုး • ဖြေကြားချက် 0 ခု

ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ

U Yan • ဖြေကြားချက် 0 ခု

ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ

Nay • ဖြေကြားချက် 3 ခု

စားတော်ပဲအတွက် ​ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ

Nay • ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။

Thurain Htun • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။