ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင်းရှိ စပါးကွင်းတချို့တွင် ယခုနှစ်မိုးစပါးရာသီ၌ ရွှေခရုများစတင်ကျရောက်လျက်ရှိ
စပါးအဓိကဖျက်ပိုးတစ်မျိုးဖြစ်သော ရွှေခရုသည် မြန်မာနိုင်ငံတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြန့်နှံ့လာနေသည်။ အဓိကအားဖြင့် ဧရာဝတီတိုင်း၊ ကရင်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်တစ်ချို့နှင့် ထားဝယ်ဒေသတချို့တွင် ပြန့်နှံကျရောက်နေသည်။ ပဲခူးတိုင်းတွင် ပဲခူး၊ ဝေါ၊ ကဝ၊ သနပ်ပင်၊ အုတ်တွင်းမြို့နယ်တို့တွင် ယခင်နှစ်မိုးစပါးရာသီမှ စတင်ပြန့်နှံ့ကျရောက် လာသည်။ ယခုနှစ်မိုးစပါးရာသီတွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင်လည်း စတင်ကျရောက်လာပီဖြစ်သည်။
စပါးတွေကြဲထားတာ ကြာပြီကို အပင်တွေ အကွက်လိုက်မပေါက်လာဘူးဆိုပြီး စောင့်ကြည့်နေတာ။ ရေကလည်း တစ်မိုက်လောက်ကျော်တာကို။ ဒါနဲ့ သေချာဆင်းကြည့်တော့မှ ရေအောက်မှာ စပါးပင်ငုတ်တိုလေးတွေပဲကျန်တာ သွားတွေ့တာ။ ရေထုတ်လိုက်မှ ဘယ်နဲ ့..... ခရုတွေစားလို့ ငုတ်တိုပဲကျန်တာဆိုတာသိတော့တယ်။ အဘတို့ အသက် ၂၀ ကတည်းက ခုအသက် ၆၀ ကျော်ထိ လယ်လုပ်စားလာတာ တစ်ခါမှ ခရုစားလို့ စပါးပျက်တာ မကြုံဖူးဘူးလေ။ အစက တခြားလယ်သမားတွေရော ဘယ်ယုံကြမလဲ။ နောက်မှ ရေခမ်းလာပြီး ခရုတွေအများကြီးပေါ်လာမှ ယုံကြတာဗျာ..။ အဲ့တော့ စပါးခင်းလည်း ကုန်လုနီးပါးဖြစ်နေပြီလေ...။
ဟု ရေတာရှည်မြို့နယ် ဆွာမကွင်းမှ ဆွာရွာမကြီးကျေးရွာနေ တောင်သူ ဦးအောင်ကြီးမှ ပြောသည်။
စပါးကွင်းများ အားလုံးနီးပါးပျက်ဆီးသွားမှုကြောင့် မျိုးစေ့၊ မြေပြင်ခြင်း၊ လုပ်အားများထပ်မံရင်းနှီးစိုက်ထုတ်၍ ပြန်လည်စိုက်ပျိုးခဲ့ကြရသည်။
အဲ့ခရုတွေကို တချို့တော့ ကောက်ပြီးရောင်းကြတယ်။ ဒါပေမယ့် ကောက်ရောင်းတာနဲ့ ဘယ်ကုန်မလဲ။ အဘကေတာ့ ဆေးဖျန်းသေးတယ်။ နည်းနည်းတော့သေပြီး ရေပေါ်ပေါ်လာကြတယ်။ တချို့လယ်သမားတွေက ကောက်ပြီး မသတ်ပစ်ချင်လို့ ချောင်းထဲသွားလွှတ်ပစ်ကြတယ်ပြောတယ်။ နောက်တော့ မိုးပြတ်ပြီးရေခမ်းသွားတာနဲ့တိုးတော့ သေကုန်ကြတယ် သိပ်မရှိတော့ဘူး။ ဒါနဲ့ လယ်တွေပြန်ဖျက်၊ သမန်းပြန်လုပ်ပြီး ပျိုးထောင်ပြီးပဲ ပြန်စိုက်လိုက်တော့တာ။ ကုန်းကျတဲ့လယ်ကွက်မှာ ပျိုးထောင်ပြီး ပျိုးသက် ၁ လခွဲ ရင့်မှ စိုက်ရဲတော့တယ်။ စပါးပင်နုရင် ပြန်လာပြီးစားကြမှာစိုးလို့လေ။ ကောက်ပြန်စိုက်တော့ လယ်ကွင်းထဲမှာ ခရုတွေကကျန်နေသေးတော့ ကောက်စိုက်သမတွေကို လုပ်အားခပိုပေးပြီးမှ စိုက်ခိုင်းရတယ်။ ခြေထောက်တွေကို ထိုးခွဲတာကိုး ခရုခွံတွေက ဘယ်သူမှမဆင်းရဲကြဘူးလေ။ အဘတို့ မျိုးဖိုးလည်း နှစ်ဆကုန်၊ စိုက်ခလည်း ပိုကုန်၊ ထယ်ထိုးထွန်ယက်ခလည်း နှစ်ဆကုန်နဲ့ စပါးသိမ်းချိန်ကြရင် အရင်းတောင်ပြန်ရပါ့မလား မသိဘူး။
ဟု တောင်သူဦးအောင်ကြီးမှ ဆက်လက်ပြောသည်။
ယခင်က ရွှေခရုကျရောက်မှု မရှိဖူးသေးသောကြောင့် တောင်သူများ ရွှေခရု၏ ပြန့်နှံ့မှု၊ ဖျက်ဆီးမှုကို မထိန်းချုပ်နိုင်ခဲ့ပါ။ ထို့ပြင် နှိမ်နင်းရာတွင် စနစ်တကျစွန့်ပစ်သင့်သော ဗဟုသုတမရှိသောကြောင့် ချောင်း၊ မြောင်းများတွင် စွန့်ပစ်ခဲ့ကြသည်။ ၎င်းကို မြို့နယ် စိုက်ပျိုးရေးရုံးမှ တာဝန်ယူကွင်းဆင်း၍ ကာကွယ်နှိမ်နင်းနည်း စနစ်များ၊ စွန့်ပစ်နည်းစနစ်များကို ပညာပေးရန်လိုအပ်နေပီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
သိင်္ဂီလှိုင် (B.Agr.Sc)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from သိင်္ဂီလှိုင်
အားလုံး
သာတူညီမျှဖြစ်မှုကို ဆုံးရှုံးနေရသောတောင်သူများ
29/10/2021
လယ်ယာမြေ စတော့ရှယ်ယာဈေးကွက်ဆိုတာဘာလဲ? ဘာလို့ သိထားသင့်တာလဲ?
20/10/2021
အိမ်တွင်းစိုက်အပင်လေးတွေရဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း
29/09/2021
သက်ရှည်ကျန်းမာစေလိုသောအားဖြင့် ပြင်းထန်စွာသတိပေးပါရစေ
03/12/2020
ငါးနုတ်ငါးဖွဲများ လျော့နည်းမျိုးတုံးလာရခြင်း အကြောင်းရင်းများနှင့် ဆက်စပ်နေသော စိုက်ပျိုးရေးကဏ္ဍတစ်စိတ်တစ်ပိုင်း
23/11/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....