အစိမ်းရောင်လမ်း
ပန်းဈေးကွက်အထူးကောင်းမွန်နေပြီး ယခင်နှစ်ကထက် ဈေးနှုန်းနှစ်ဆခန့်မြင့်တက်နေ

ပန်းဈေးကွက်အထူးကောင်းမွန်နေပြီး ယခင်နှစ်ကထက် ဈေးနှုန်းနှစ်ဆခန့်မြင့်တက်နေ

    မြန်မာတစ်နိုင်ငံလုံးအနှံ့ ပန်းဈေးကွက်အထူးကောင်းမွန်နေပြီး ယခင်နှစ်ကထက် ဈေးနှုန်းနှစ်ဆခန့်မြင့်တက်နေကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

အခုအချိန်မှာဆိုရင် မြန်မာတစ်နိုင်ငံလုံးအနှံ့မှာ စိုက်ပျိုးခြံတွေမှာရော ပန်းသည်တွေဆီမှာရော ဈေးတွေမှာရော ဘုရားပန်းဈေးနှုန်းတွေက ပုံမှန်ထက် နှစ်ဆနီးပါးလောက်ကို မြင့်တက်နေတာပါ။ နှစ်တိုင်းဆိုရင် ဘယ်ပန်းကတော့ ဈေးကွက်ပိုကောင်းနေတယ်လို့ ပြောလို့ရခဲ့တယ်။ ဒီနှစ်ကျတော့ ဘာပန်းအမျိုးအစားဖြစ်ဖြစ် ဘုရားပန်းဖြစ်နေရင်ကို ဈေးထိုးတက်နေတဲ့အချိန်ပါ။ အမြစ်ပါတဲ့နှုတ်ပန်းတွေဆို အရင်တုန်းက ဈေးကောင်းမှ ၂၀၀၀ ကျပ်ပဲရခဲ့တာ၊ အခုတော့ ၄၀၀၀ အထက်မှာဖြစ်နေပြီ။ ဒါကလည်း ပန်းစိုက်ထားတာရှိတဲ့သူပဲ ဈေးကောင်းနဲ့ကြုံတွေ့ရတာပါ။

ဟု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းအနီးရှိ ဘုရားပန်းစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူ ကိုငယ်လေးက ပြောသည်။

    ၂၀၂၀-၂၀၂၁ ခုနှစ် ပန်းစိုက်ရာသီအတွင်း မိုးများခဲ့ခြင်းကြောင့် အပင်ပျက်စီးဆုံးရှုံးမှု များပြားခဲ့ခြင်း၊ ယခု နိုဝင်ဘာလ/ဒီဇင်ဘာလများသည် ပန်းခြံများမှ ပန်းပြန်လည်စိုက်ပျိုးသည့် ကာလများဖြစ်သဖြင့် ပုံမှန်အားဖြင့်လည်း ပန်းရှားပါးတတ်ခြင်း စသည့်အကြောင်းအရာများ စုဆုံ၍ ပန်းဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်သည်။

နှစ်တိုင်းမှာ အပင်ရေ ငါးသောင်းလောက်စိုက်တယ်ဆို ဒီနှစ်မှာ ၂ သောင်းလောက်ပဲ အဖတ်တင်ခဲ့တဲ့ သဘောပါ။ ခြံသမားတိုင်းလိုလို သုံးပုံနှစ်ပုံလောက်ကို ပျက်စီးမှုတွေကြုံခဲ့ကြတယ်။ ဒီနှစ်က မိုးများခဲ့တဲ့အတွက် အပင်တွေက ဒဏ်မခံနိုင်တော့ဘဲ သေကုန်ပျက်စီးကုန်တာ။ စိုက်ထားတဲ့ပန်းတွေ အသေအပျောက်ပျက်စီးမှုရှိတာကြောင့် ပန်းအထွက်နှုန်းကလည်း သိသိသာသာကို နည်းသွားတယ်။ ဒါ့အပြင် အခုလို ဒီဇင်ဘာလပိုင်းက နဂိုဆိုရင်လည်း ပန်းရှားတဲ့ကာလဖြစ်တယ်။ ပန်းစိုက်ပျိုးသူတွေ ပန်းစစိုက်ခါစအချိန်မို့ ဈေးကွက်ထဲ ပန်းတွေလှိုင်လှိုင်မပေါ်သေးဘူး။ ဒါတွေအားလုံး ဆုံသွားတဲ့အတွက် ပန်းဈေးတွေက ထိုးတက်ကုန်တာပါ။

ဟု ၎င်းက ဆက်လက်ပြောသည်။

    ယခင်နှစ်က လက်ကားဈေး ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် တန်ဖိုးရှိသည့် ဘုရားပန်း(မေမြို့ အက်စတာ အရိုင်းစည်းတစ်စည်းလျှင် ယခုအခါ ကျပ် ၅၀၀၀ မှ ကျပ် ၆၀၀၀ အထိ ဈေးနှုန်းများ မြင့်တက်နေသည်။ ဘုရားပန်း (ရွှေဝါဝင်း) ၁၀ ပင်စည်း တစ်စည်းလျှင် ယခင်နှစ်က ၁၅၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခုအခါ ၁၀ ပင်စည်း တစ်စည်းလျှင် ၂၃၀၀ ကျပ်အထိ ဈေးနှုန်းများမြင့်တက်နေသည်။

1
Htet Shine Aung

Htet Shine Aung

လွန်ခဲ့သော ၄ နှစ် က

မြေသြဇာနဲ့ပိုးသက်ဆေး မှိုဆေးတွေရဲ စျေးကလဲ တော်တော်ကြီးတယ်ဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ

သူရစိုး • ဖြေကြားချက် 0 ခု

ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ

U Yan • ဖြေကြားချက် 0 ခု

ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ

Nay • ဖြေကြားချက် 3 ခု

စားတော်ပဲအတွက် ​ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ

Nay • ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။

Thurain Htun • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။