အပူပိုင်းဒေသများတွင် (၁၂)ရာသီစံပယ်များ တိုးချဲ့စိုက်ပျိုးသင့်
အပူပိုင်းဒေသများအတွင်း (၁၂) ရာသီစံပယ်များကို တစ်နိုင်တပိုင်ဖြစ်စေ၊ စီးပွားဖြစ် ဖြစ်စေ တိုးချဲ့စိုက်ပျိုးသင့်ကြောင်း စံပယ်ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။
ကိုဗစ်ကာလဖြစ်နေတာက တစ်ကြောင်း၊ နိုင်ငံရေးနဲ့ လမ်းပန်းအခက်အခဲကြောင့် တစ်ကြောင်း ပန်းတွေ ဈေးကွက်မကောင်းပေမယ့်လည်း ဒါက အခိုက်အတန့်တစ်ခုကို ကျော်လွှားနိုင်လာမှာပါ။ ဒီလိုမျိုး အချိန်တစ်ခုပြီးသွားရင်တော့ သူ့ဟာနဲ့သူ ပြန်လည်ပတ်လာမှာဖြစ်လို့၊ စံပယ်ပင်တွေကို တိုးချဲ့စိုက်ပျိုးထားရင် မမှားပါဘူး။ စံပယ်ပင် စိုက်ပျိုးတဲ့အခါမှာ စံပယ်မျိုးကွဲတွေက အမျိုးမျိုးရှိတဲ့အနက် တစ်နှစ်ပတ်လည်လုံး ပွင့်တဲ့ ဘုရားပန်းကပ်လှူရာမှာ၊ မင်္ဂလာပန်းကုံးလုပ်ရာမှာ အသုံးများတဲ့ ရေမွှေးစံပယ်လို့ ခေါ်တဲ့ ဆယ်နှစ်ရာသီစံပယ်မျိုးကို စီးပွားဖြစ်စိုက်ပျိုးသင့်တယ်။ ဒီစံပယ်က ဖြုန်းအားလည်းများတယ်။ ဈေးကွက်လည်း ခိုင်မာတယ်။ ရန်ကုန်လိုနေရာမျိုးမှာ စိုက်မယ်ဆိုရင် နေ့စဉ်ဖြုန်းအား မနည်းဘူးရနိုင်ပါတယ်။
ဟု ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ စံပယ်ခြံလုပ်ငန်းလုပ်ကိုင်သူ ဦးခင်မောင်မြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် စံပယ်မျိုးကွဲများစွာရှိသည့်အနက် ရေမွှေးစံပယ်/၁၂ရာသီစံပယ်၊ ရွှေစံပယ်၊ စံပယ် ကြက်ရုန်းကြီး/ ကြက်ရုန်းလေး၊ ဘိတ်သိတ်စံပယ် ပွင့်ကြီး/ပွင့်သေး စသည်ဖြင့် မျိုးပေါင်းများစွာရှိသည်။
စံပယ်ပင်က အပူပိုင်းဒေသတွေနဲ့ စိုက်ပျိုးရာမှာ အသင့်တော်ဆုံးဖြစ်တယ်။ စံပယ်ဈေးကွက်က အလားအလာကောင်းမွန်တာကြောင့် စိတ်ဝင်စားသူများလာတယ်။ ရန်ကုန်မြို့မှာ စိုက်ပျိုးဖို့အတွက်ဆိုပြီး မျိုးပင်မှာယူမှုတွေ ရှိလာတယ်။ ဟိုရက်ကဆို ရန်ကုန်မြို့ကနေပြီး ကျွန်တော့်ခြံကိုလှမ်းပြီး စံပယ်ဖူး တစ်နေ့ကို အဖူးရေနှစ်သိန်းယူချင်တယ်ဆိုပြီး မှာတာရှိတယ်။ တကယ်ဆိုရင် ရန်ကုန်တစ်မြို့တည်းရဲ့ စံပယ်ပန်းဖြုန်းအားက တစ်နေ့ကို အဖူးရေ ဆယ်သိန်းကနေ ဆယ့်ငါးသိန်းကြားအထိတောင် ရှိနေပါသေးတယ်။ ဒါ့ကြောင့်မို့လို့ အခုလတ်တလော အခြေအနေတွေကိုမကြည့်ဘဲ ရေရှည်အတွက် ဈေးကွက်ကောင်းနိုင်တာမို့ စံပယ်ခြံတွေ တိုးချဲ့စိုက်ပျိုးသင့်ပါတယ်။
ဟု ဦးခင်မောင်မြင့်က ဆက်လက်ပြောသည်။
စံပယ်ပင်များကို စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အစရှိသည့် အပူပိုင်းနှင့် သမပိုင်းဒေသများတွင် စိုက်ပျိုးနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပြင်ဦးလွင် အစရှိသည့် အအေးပိုင်းဒေသများတွင်မူ စိုက်ပျိုးရန်မသင့်ကြောင်း သိရသည်။
ye
လွန်ခဲ့သော ၅ နှစ် ကမျိုးဘယ်မှာဝယ်လို့ရမလဲ
utheinwin
လွန်ခဲ့သော ၅ နှစ် ကမျိုးဘယ်မှာရနိုင်မလဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....