တိရိစ္ဆာန်အစာအဖြစ်ကျွေးမွေးနိုင်သည့် နေဗီယာမြက်ကို မွေးမြူရေးလုပ်ငန်းများမှ စိတ်ပါဝင်စား ဝယ်ယူစိုက်ပျိုးလာ
ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ ဝက်၊ ကြက်၊ ငါးအစရှိသည့် တိရိစ္ဆာန်များအတွက် အစာအဖြစ်ကျွေးမွေးနိုင်သည့် နေဗီယာမြက်ပင်ကို မွေးမြူရေးလုပ်ငန်းများမှ စိတ်ပါဝင်စား ဝယ်ယူစိုက်ပျိုးလာကြကြောင်း သိရသည်။
နေဗီယာမြက်ဆိုတာက ကြံပင်လိုလို ပြောင်းပင်လိုလို အပင်ကြီးမျိုးဖြစ်ပြီး တိရိစ္ဆာန်တွေကိုကျွေးရင် သာမန်မြက်ထက် ၂ ဆ ၃ ဆကြီးထွားနှုန်းမြန်တဲ့ မြက်မျိုးဖြစ်ပါတယ်။ ရိုးရိုးမြက်တွေမှာ အသားဓာတ် ၅ ရာခိုင်နှုန်းပဲပါဝင်ပြီး နေဗီယာမြက်မှာတော့ အသားဓာတ် ၁၅ ကနေ ၁၉ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။
ဟု စစ်ကိုင်းတိုင်း(မင်းကွန်း)ရှိ နေဗီယာမြက်ကြီးပင် အရောင်းဌာနမှ ကိုမျိုးမြင့်ကိုက ပြောသည်။
နေဗီယာမြက်ပင်စိုက်ပျိုးရန် မြေကို ထယ်ထိုးထွန်မွှေပြီးပါက ပင်ကြား×တန်းကြား အကွာအဝေး ၃×၃ ပေ ထား၍စိုက်ပျိုးလေ့ရှိသည်။ မိုးရာသီတွင်စိုက်ပျိုးပါက အဆစ်(၂)ဆစ်ပါသော ပင်ပိုင်းများမှ အဆစ် (၁) ဆစ်ကိုမြုပ်၍ ကျန် (၁) ဆစ်ကိုမြေမျက်နှာပြင်နှင့်ထိအောင်ထားပြီး စိုက်ပျိုးရကြောင်း သိရသည်။
ထူးခြားတာက ဒီမြက်မျိုးက တစ်ခါစိုက်ရင် အနည်းဆုံး ၇ နှစ်လောက် ရိတ်သိမ်းကျွေးမွေးနိုင်တဲ့အတွက် အစာဖိုးကုန်ကျစရိတ်သက်သာစေတဲ့ မြက်မျိုးဖြစ်ပါတယ်။ တစ်ဧကစိုက်ပျိုးထားရင် တစ်နှစ်ပတ်လုံး နွားဆို အကောင် ၂၀၊ ဆိတ်ဆို ၆၅ ကောင် အထိ အစာကျွေးမွေးနိုင်ပါတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
နေဗီယာမြက်မျိုး အဆစ် (၂) ဆစ်ပါ တစ်ချောင်းလျှင် (၅၀) ကျပ်ဖြင့် မန္တလေးမြို့ရှိ ကားဂိတ်များမှတဆင့် မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ တင်ပို့ရောင်းချနေကြာင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရဲလေး
လွန်ခဲ့သော ၄ နှစ် ကရန်ကုန်မှာကောအရောင်းဆိုင်ရှိပါသလားသိခိင်လို့ပါ
သန်းထိုက်
လွန်ခဲ့သော ၅ နှစ် ကမြစ် ဝကျွန်းပေါ်မှာစိုက်လို့ရပါသလား
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကမန်းလေးဘယ်ကားဂိတ်လဲ
အမ် ဆိုင်းလာ
လွန်ခဲ့သော ၅ နှစ် ကဆောင်းရာသီမှာစိုက်လို့ရပါသလား?
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....