မကွေးတိုင်းမှ စိုက်ပျိုးထုတ်လုပ်သည့် သခွားသီးများ ရခိုင်ပြည်နယ်သို့တင်ပို့နေရ
မကွေးတိုင်းဒေသကြီးမှ စိုက်ပျိုးထုတ်လုပ်သည့် သခွားသီးများကို မကွေးမြို့နှင့် မင်းဘူးမြို့များသို့ တင်ပို့ရောင်းချကြပြီး၊ ထိုမှတဆင့် ရခိုင်ပြည်နယ်သို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။
ရခိုင်မှာက သခွားသီးကို အခုရာသီမျိုးမှာ စိုက်ပျိုးရတာ မလွယ်ကူဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် ဒီဘက်ကနေ တဆင့်ခံ တင်ပို့ရောင်းချနေတာပါ။ သူတို့ဘက်မှာက သခွားပင်ကို နေရာတိုင်းမှာမစိုက်ကြသေးဘူးတဲ့။ စိုက်ရင်လည်း အခုရာသီမှာက အောင်မြင်ဖို့ရာခိုင်နှုန်း နည်းတယ်လေ။ ဒီရာသီမှာက မှိုရောဂါ ကျရောက်တတ်လို့ပါ။ သခွားက ပိုးသတ်ဆေးဖျန်းရတာ နည်းတယ်။ မှိုရောဂါတစ်ခုပဲ သေချာဂရုစိုက်ပေးရတယ်။
ဟု မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှ ဟင်းသီးဟင်းရွက်နှင့် သီးနှံစုံစိုက်ပျိုးထုတ်လုပ်နေသည့် တောင်သူ ကိုဟန်ဇော်သက်က ပြောသည်။
ထိုကဲ့သို့ ဈေးကွက်မပြတ်လပ်သည့် သခွားသီးပင်ကို မကွေးတိုင်းရှိ တောင်သူအများစု တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
ကျွန်တော်က သခွား၊ ခရမ်းချဉ်၊ ဖရုံ၊ ပဲတိုင်ထောင်၊ ဂန္ဓမာပန်းတွေစိုက်ပါတယ်။ ဈေးကွက်အခြေအနေက သခွားက လက်ရှိမှာ ဈေးကောင်းရနေတယ်။ တစ်လုံးကို ၇၀ ကျပ်ကနေ ၉၀ ကျပ် ရှိတယ်။ ကျွန်တော်တို့နယ်ဘက်က တောင်သူတွေ သခွားကို အခုနှစ်တွေမှာ တိုးချဲ့စိုက်လာတယ်။ အရင်က မျက်စိ,နား မပွင့်ဘူးထင်တယ်။ အခုတော့ ဈေးကွက်ကိုသိလာပြီ။
ဟု ကိုဟန်ဇော်သက်က ဆက်လက်ပြောသည်။
တစ်ဧကကို ခန့်မှန်းခြေ အပင် ၉,၀၀၀ လောက် ဝင်ဆန့်တယ်။ တစ်ပင်ကို ဆယ်လုံးထွက်ရင်ကို သခွားက အဆင်ပြေတယ်။ တစ်ဧကစိုက်စရိတ်က ခရမ်းချဉ်ထက် နည်းတယ်လေ။ ခရမ်းချဉ်စိုက်ရင် အဲ့ဒီလောက် အရင်းအနှီးနဲ့မရဘူး။ တွက်ခြေကတော့ ကိုယ့်ခြံကိုယ် အရည်အသွေးကောင်းအောင် ထွက်နှုန်းမကျအောင်လုပ်နိုင်ရင် တွက်ခြေကိုက်ပါလိမ့်မယ်။
ဟု ၎င်းက ပြောသည်။
သခွားစိုက်ပျိုးပါက တစ်ဧကလျှင် တိုင်ရေ ၃,၀၀၀၊ အိတ်လိပ် (၃)လိပ်၊ မြေပြင်စရိတ် (၁၅၀,၀၀၀)၊ မြေသြဇာ (၃)လုံး၊ မျိုးစေ့ဖိုး အထုပ်(၃၀) ၁၂၀,၀၀၀ ပျမ်းမျှကုန်ကျနိုင်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စာခြောက်ရုပ်
လွန်ခဲ့သော ၅ နှစ် ကရေသွင်းစနစ်လားဈေကွက်ခိုင်မာရဲ့လား
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....