တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၃ - ၂၇.၆.၂၀၂၅)
မတ်ပဲ
အရင်အပတ်ကတက်ရိပ်ပြခဲ့တဲ့ မတ်ပဲက ယခုတစ်ပတ်ပထမသုံးရက်မှာ သိန်း ၃၀ ကျော်အထိရှိခဲ့ပြီး ကျန်ရက်တွေမှာ ဆက်တိုက်ပြန် ကျကာ ၂၉ သိန်းကျော်ပြန်ရောက်လာပါတယ်။ နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကိုအရင်အပတ်က ၉၈၀၀၀ ရှိခဲ့ရာကနေ ၉၆၀၀၀ ကျပ်အထိပြန်ကျပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို သိန်း ၃၀၀၀၀၀၀ ကနေ ၃၀၁၀၀၀၀ ကျပ်ရှိပြီး ကြာသပတေးနဲ့သောကြာမှာက ၂၉၈၁၀၀၀ မှ ၂၉၉၁၀၀၀ ကျပ်ရှိခဲ့ပါတယ်။
အရင်တစ်ပတ်ကတော့ မတ်ပဲ FAQ တစ်တန်ကို ၃၀၃၀၀၀၀ ကျပ်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ယခုတပတ်မှာ ၂၀၀၀ မှ ၄၀၀၀၀ လောက်ကျပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကလည်း ခုတစ်ပတ်မှာ စျေးပြန်ကျသွားပါတယ်။ တစ်တန်ကို အများဆုံး ၄၀၀၀၀ လောက်ပြန်ကျလာတာပါ။
အိန္ဒိယမှာ ပဲစဥ်းငုံနီလက်ကျန်နည်းပြီးအဝင်နည်းပေမယ့်လည်း ကျစျေးနဲ့သာ ဝယ်ယူနေတဲ့အတွက် စျေးမတက်ဘဲ ဖြစ်နေရတာပါ။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၄၂၀၀၀ ကျပ်မှ ၂၇၉၂၀၀၀ ကျပ်ရှိခဲ့ပါတယ်။
အရင်အပတ်က တနင်္လာကနေ သောကြာနေ့မှာ ပဲစင်းငုံနီတစ်တန်ကို ၂၇၁၅၀၀၀ မှ ၂၈၃၅၀၀၀ ကျပ်အတွင်း စျေးတန်းရှိခဲ့ပါတယ်။

ပဲပုပ်
ပဲပုပ် (ရှမ်း )က စျေးကျရိပ်ပြပြီး ပဲပုပ်(ဗမာ)က စျေးငြိမ်နေပါတယ်။
ပဲပုပ် (ဗမာ)ကို ပြည်တွင်းက ပဲငပိ၊ မုန့်လုပ်ငန်းသမားအဝယ်ရှိပြီး အထွက်နည်းကာ အဝင်နည်းခြင်းကြောင့် အရင်တပတ်စျေးမှာပဲငြိမ်နေတာဖြစ်တယ်လို့သိရပါတယ်။ ပဲပုပ် (ရှမ်း)ကတော့ ရာသီဥတုကြောင့် အရောင်းအဝယ်အေးပြီး ဆီစက်သမား အဝယ်နည်းခြင်းကြောင့် စျေးကျရိပ်ပြလာတာဖြစ်တယ်လို့သိရပါတယ်။
မန္တလေး ကုန်စည်ဒိုင်မှာ ပဲပုပ် (ဗမာ) က ၄၁၅၀၀၀ ကျပ်ရှိပြီး ပဲပုပ် ( ရှမ်း) က ၂၆၀၀၀၀ ကျပ်မှ ၂၇၅၀၀၀ ကျပ်ရှိပါတယ်။
စားတော်ပဲ
စားတော်ပဲ(ကျွန်း)က စျေးတက်လာပြီး စားတော်ပဲ (ကနေဒါ) ကစျေးကျရိပ်ပြပါတယ်။ စားတော်ပဲ(ကနေဒါ)အဝင်နည်းခြင်းကြောင့် စားတော်ပဲ (ကျွန်း) ကို လက်လီသမား အဝယ်များခြင်း၊ အဝင်နည်းသဖြင့် ပစ္စည်းရှားခြင်းကြောင့် စျေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၃၈၀၀၀၀ ကျပ်မှ ၄၀၀၀၀၀ ကျပ်ရှိပြီး စားတော်ပဲ (ကျွန်း) က ၅၀၀၀၀၀ ကျပ်မှ ၅၁၀၀၀၀ကျပ်ရှိလာပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
U Saw
လွန်ခဲ့သော ၁ နှစ် ကပဲပုပ် ဈေးကွက် အခြေအနေသုံးသပ်ချက်လိုမျိုး ရာသီဉတု (မိုးကြီး ရေကြီး) အခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေး ၊ ကုန်ကြမ်း မှ ကုန်ချော ထုတ်လုပ်ရေး စတာတွေကြောင့် ဈေး အကျ / အငြိမ်ဖြစ်ရခြင်းတွေ က တကယ်ကို အသုံးဝင်ပါတယ်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from AMIA
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....