သီးနှံဈေးကွက် သုံးသပ်ချက် ( ၃၀. ၆.၂၀၂၅ မှ ၄.၇. ၂၀၂၅)
စားတော်ပဲစျေးထပ်တက်လာသလို မတ်ပဲနဲ့ ပဲစဥ်းငုံလည်း စျေးပြန်တက်လာပါတယ်။ ပြောင်းနဲ့နှမ်းကတော့ ကျရိပ်ပြလာပါတယ်။
မတ်ပဲ
အခုတစ်ပတ်မှာတော့ မတ်ပဲက စျေးပြန်တက်လာပြီး တစ်တန်ကို သိန်း ၃၀ ကျော်အထိရှိလာပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကိုအရင်အပတ်က ၉၈၀၀၀ ကျပ်နီးပါးရှိလာပါတယ်။ မတ်ပဲက စျေးတက်လာပေမယ့် အရောင်းအဝယ်အေးနေတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာအတွင်း မတ်ပဲ FAQ တစ်တန်ကို ၂၉၈၇၀၀၀ ကျပ်မှ ၃၀၂၀၀၀၀ ကျပ်ရှိပြီးရှိပါတယ်။ အရင်အပတ်ကတော့ မတ်ပဲ FAQ တစ်တန်ကို ၂၉၈၁၀၀၀ မှ ၃၀၁၀၀၀၀ ကျပ်အထိသာရှိခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ၆၀၀၀ မှ ၁၀၀၀၀ ကျပ် ဈေးတက်လာတာဖြစ် ပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ စျေးပြန်တက်လာပါတယ်။ ပဲလိုအပ်ချက်အရ ဝယ်လိုအားရှိလာလို့ စျေးတက်လာပေမယ့် အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၇၈၀၀၀ မှ ၂၈၄၅၀၀၀ ကျပ်အထိရှိလာပါတယ်။ အရင်တစ်ပတ်တုန်းက တနင်္လာကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၇၄၂၀၀၀ ကျပ်မှ ၂၇၉၂၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်တန်ကို ၃၀၀၀၀ ကျော်မှ ၅၀၀၀၀ ကျော်အထိတက်လာပါတယ်။

ပြောင်း
ပြောင်းကတော့ ပြည်တွင်းစျေးကွက်မှာစျေးအနည်းငယ်ပြန်ကျဆင်းလာပါတယ်။ ကမ္ဘာ့ပြောင်းစျေးကွက်ကျဆင်းတာကြောင့် ပြည်တွင်းပြောင်းစျေးလည်းလိုက်ကျလာတာဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းမှာက ပြောင်းလက်ကျန်နည်းနေပြီး အရောင်း အဝယ်အေးနေပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပြောင်းတစ်ပိဿာကို ၁၇၃၀ မှ ၁၇၅၀ ကျပ်သာရှိပါတယ်။ အရင်အပတ်ကထက် တစ်ပိဿာ ၂၀ ကျပ်နှုန်းကျဆင်းလာနေတာဖြစ်ပါတယ်။
မန္တလေးမှာ ပြောင်း (ဗမာ) ၈၇၀၀၀ မှ ၈၈၀၀၀ ကျပ်၊ ပြောင်း ( ရှမ်း) က ၉၀၀၀၀ မှ ၉၁၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၉၀၀၀၀ မှ ၉၀၀၀၀ ကျပ်ရှိပါတယ်။
နှမ်း
နှမ်းက ယခုဇူလိုင်လဆန်းပိုင်းမှာ အရောင်းအဝယ်သွက်လာပေမယ့် စျေးအနည်းငယ်ပြန်ကျတာတွေ့ရပါတယ်။ နှမ်းနက်စမုန်နဲ့ နှမ်းဖြူဗမာက စျေးကျပြီး နှမ်းဖြူဂျပန်နဲ့ နှမ်းညိုက အရင်တစ်ပတ်ကစျေးနဲ့ငြိမ်နေပါတယ်။နှမ်းက အက်ဆစ်လွတ်ပြီးအရည်အသွေးကောင်းတဲ့နှမ်းတွေက ပိုပြီးအရောင်းအဝယ်ဖြစ်နေတာပါ။
မန္တလေး ကုန်စည်ဒိုင် ဈေးကွက်မှာ နှမ်း နက် စမုန် ၄၅ပိဿာ တစ်အိတ်ကို ၇၂၅၀၀၀ မှ ၈၁၀၀၀၀ ကျပ် ရှိပြီး အရင်အပတ်ကထက် ၂၅၀၀၀ ကျပ်အကျပြပါတယ်။ နှမ်းဖြူ(ဗမာ)က ၃၀၀၀၀၀ မှ ၃၁၀၀၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၁၀၀၀၀ မှ ၃၀၀၀၀ ကျပ်ကျပါတယ်။ နှမ်းဖြူ(ဂျပန်)က ၃၇၅၀၀၀ မှ ၃၉၀၀၀၀ ကျပ် နဲ့ နှမ်းညို က ၃၀၅၀၀၀ မှ ၃၂၀၀၀၀ ကျပ်နဲ့ငြိမ်နေပါတယ်။
စားတော်ပဲ
စားတော်ပဲကတော့ အခုတစ်ပတ်မှာ စားတော်ပဲ (ကနေဒါ) ရော စားတော်ပဲ (ကျွန်း)ပါ စျေးတက်လာပါတယ်။ စားတော်ပဲ(ကနေဒါ) နဲ့ စားတော်ပဲ (ကျွန်း ) အဝင်နည်းသလို စားတော်ပဲ (ကျွန်း) က စျေးကွက်ထဲ ဝင်ရောက်မှုနည်းပြီး လက်လီသမား အဝယ်များခြင်း၊ လုပ်ငန်းသုံးသမားအဝယ်ရှိခြင်းကြောင့် စျေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၄၁၀၀၀၀ ကျပ်မှ ၄၂၀၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် ၂၀၀၀၀ မှ ၃၀၀၀၀ ကျပ်တက်လာပါတယ်။ စားတော်ပဲ (ကျွန်း) က ၅၀၀၀၀၀ ကျပ်မှ ၅၂၅၀၀၀ ကျပ်ရှိလာပြီး အရင်တပတ်ကထက် ၁၅၀၀၀ ကျပ်တက်လာပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ကိုကျော်ဇေမြင့်
လွန်ခဲ့သော ၁ နှစ် ကငရုတ်သီးဈေးကွက် အခြေနေဘယ်လိုရှိလဲ
ဦးအောင်ကိုဇင်
လွန်ခဲ့သော ၁ နှစ် ကမတ်ပဲဈေးက ဘယ်အချိန်မှာ ဈေးပိုတက်နိင်ပါသလဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from AMIA
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....