တစ်ပတ်စာသီးနှံဈေးကွက်သုံးသပ်ချက် ( ၁၄ - ၁၈.၇. ၂၀၂၅)
မတ်ပဲ
မတ်ပဲကတော့ စျေးထပ်ကျပြီး အခုတစ်ပတ်မှာ တစ်တန်ကို သိန်း ၃၀ အောက်ပြန်ကျသွားပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကိုအရင်အပတ်က ၉၅၀၀၀ ကျပ်သာရှိပါတယ်။ အိန္ဒိယဘက်ကအဝယ်အေးတာကြောင့် ပြည်တွင်းမှာအကျစျေးတန်းမှာရှိနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာ မှ သောကြာနေ့အတွင်း ၂၉၅၅၀၀၀ မှ ၂၉၉၁၀၀၀ ကျပ်အတွင်းသာစျေးတန်းရှိပါတယ်။
အရင်အပတ်က မတ်ပဲ FAQ တစ်တန်ကို တနင်္လာ မှ သောကြာနေ့အတွင်း ၂၉၈၉၀၀၀ မှ ၃၀၂၀၀၀၀ ကျပ်ရှိခဲ့တာကြောင့် ခုတစ်ပတ်မှာ တစ်တန်ကို ၃၀၀၀၀ ကျော်လောက် အကျပြပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကလည်း ခုတစ်ပတ်မှာ စျေးကျလာပြန်ပါ တယ်။ ပဲစဥ်းငုံကလည်း မတ်ပဲနည်းတူ အိန္ဒိယဝယ်လိုအား ပေါ်လိုက်ပြီး စျေးတန်းကျနေတာဖြစ်ပါတယ်။ လက်ရှိမှာ အိန္ဒိယက ပဲဝယ်လိုအားနည်းတာကြောင့် စျေးကျနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၆၂၀၀၀ မှ ၂၈၁၈၀၀ ကျပ်ရှိပါတယ်။
အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၈၁၀၀၀၀ မှ ၂၈၂၇၀၀၀ ကျပ်ရှိခဲ့တာကြောင့် ၉၀၀၀ မှ ၄၀၀၀၀ ကျော်လောက်စျေးကျပါတယ်။
ပြောင်း
ပြောင်းကလည်း စျေးဆက်တိုက်ကျလာပါတယ်။ ကမ္ဘာ့ပြောင်းစျေးကွက်ကျဆင်းသလို ထိုင်းဘက်ကနေ ပြောင်း၀ယ်ယူ စျေးကလည်းနည်းနေတာကြောင့် ပြည်တွင်းပြောင်းစျေးကွက်မှာ စျေးထပ်ကျလာတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ ပြည်တွင်းမှာက ပြောင်းလက်ကျန်နည်းနေပြီး အရောင်းအဝယ်မှာလည်း အေးနေပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ခုတပတ် ပြောင်းတစ်ပိဿာကို ၁၆၈၀ မှ ၁၇၀၀ ကျပ်သာရှိပါတယ်။အရင်တစ်ပတ်ကထက် တစ်ပိဿာ ၄၀ ကျပ်ထပ်ကျလာတာဖြစ်ပါတယ်။
မန္တလေးမှာတော့ ပြောင်း (ဗမာ) ၈၃၀၀၀ မှ ၈၄၀၀၀ ကျပ်၊ ပြောင်း ( ရှမ်း) က ၈၅၀၀၀ မှ ၈၇၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၈၅၀၀၀ မှ ၈၇၀၀၀ ကျပ်သာရှိပြီး အရင်တစ်ပတ်ကထက် ၄၀၀၀ မှ ၅၀၀၀ ကျပ်စီ စျေးကျလာပါတယ်။

နှမ်း
နှမ်းမျိုးစုံစျေးကွက်မှာတော့ နှမ်းနက်စမုန်ကစျေးတက်လာပြီး ကျန်တဲ့နှမ်းအမျိုးအစားတွေက အကျ စျေးတန်းမှာငြိမ်နေတယ်လို့သိရပါတယ်။ နှမ်းကို ပြည်ပကဝယ်လိုအား ရှိပေမယ့် အရည်အသွေးကောင်းပြီး အက်ဆစ်လွတ်တဲ့ နှမ်းကိုသာ တရုတ်က ဝယ်လိုအားရှိနေတာပါ။
နှမ်းက တရုတ်ကိုသာ အဓိကအများဆုံးတင်ပို့ရတာဖြစ်ပြီး စျေးတန်းကလည်းတရုတ်ဝယ်လိုအား၊ နိုင်ငံခြားငွေစျေးပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်တယ်လို့သိရပါတယ်။
မန္တလေး ကုန်စည်ဒိုင် ဈေးကွက်မှာ နှမ်းနက် စမုန် ၄၅ပိဿာ တစ်အိတ်ကို ၇၇၀၀၀၀ မှ ၈၆၀၀၀၀ ကျပ် ရှိလို့ ၂၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်ဝန်းကျင် တက်လာတာဖြစ်ပါတယ်။ နှမ်းဖြူဂျပန်က ၃၆၅၀၀၀ မှ ၃၈၅၀၀၀ ကျပ် ၊နှမ်းဖြူဗမာက ၂၉၅၀၀၀ မှ ၃၀၅၀၀၀ ကျပ်နဲ့ နှမ်းညို က ၂၈၅၀၀၀ မှ ၂၉၀၀၀၀ ကျပ်ရှိပါတယ်။
မြေပဲ
ပြည်တွင်းပဲမျိုးစုံစျေးကွက်မှာ မြေပဲစျေးတွေကတော့ အရောင်းအဝယ်ပုံမှန်ရှိပေမယ့် စျေးတန်းငြိမ်နေပါတယ်။မကွေးတိုင်းကထွင်တဲ့ မြေပဲအသစ်တွေလည်း စျေးကွက်ထဲဝင်ရောက်မှုရှိနေပြီ ဆီစက်တွေကလည်း အဝယ်ပုံမှန်ရှိနေတယ်လို့သိရပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ မြေပဲလုံးဆံဖြူတစ်ပိဿာကို ၉၃၀၀ မှ ၉၄၀၀ ကျပ်ရှိပြီး S1 ဆီဆံက တစ်ပိဿာကို ၈၅၀၀ မှ ၈၈၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from AMIA
အားလုံး