ယခုနှစ် ဈေးကွက်အတွင်း မန်ကျည်းသီးမှည့် ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားနေကောင်းတာကြောင့် ဈေးဆက်တိုက်မြင့်တက်နေ
ကြက်သွန်ဖြူ
အခုတစ်ပတ်မှာ ကြူကုတ်က စျေးပြန်ကျပြီး ရှမ်းကြက်သွန်တွေကတော့ တက်ရိပ်ပြပါတယ်။ ကြူကုတ်ကတစ်ပိဿာကို ၂၀၀၀ကျပ် လောက်ပြန်ကျပြီး ရှမ်းကြက်သွန်က တစ်ပိဿာကို ၅၀၀ကျပ်လောက် တက်လာတာဖြစ်ပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာကြူကုတ် တစ်ပိဿာကို အရင်တစ်ပတ်က ၁၉၀၀၀ နဲ့ ၂၀၀၀၀ ကျပ်ကြားရှိရာကနေ ခုတစ်ပတ်မှာ ၁၈၀၀၀ကျပ် ဝန်းကျင်ရှိလာတာဖြစ်ပါတယ်။
ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂က ၁၂၅၀၀၊ ထူး ၃ က၁၄၀၀၀၊ ထူး ၄ က၁၅၀၀၀၊ ထူး ၅ က ၁၆၀၀၀ ကျပ်ရှိပါတယ်။
ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာတော့ စျေးငြိမ်နေပါတယ်။ တစ်ပိဿာကို အောင်ပန်းထူး၂က ၁၂၅၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၁၃၅၀၀ ကျပ်၊ အောင်ပန်းထူး ၄ က ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ ၁၅၅၀၀ ကျပ်၊ ကြူကုတ်က ၂၁၀၀၀ ကျပ်ရှိပါတယ်။
ခရမ်းချဥ်
ခရမ်းချဥ်သီးကတော့ နယ်အစုံကနေ ခူးဆွတ်နေပြီးစျေးကွက်ထဲ ဝင်ရောက်နေပြီဖြစ်လို့ စျေးတန်းကျလာနေ ပါတယ်။
ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာဆိုရင် ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၃၅၀၀ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးက တစ်ပိဿာကို ၃၀၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးတစ်ပိဿာ ၂၇၀၀ ကျပ်အထိသာရှိပါတယ်။ တစ်ပိဿာကို ၄၀၀၀ ကျပ်လောက်အထိ စျေးတွေကျသွားတာ ဖြစ်ပါတယ်။

အာလူး
အာလူးက ခုတစ်ပတ်ဘုရင့်နောင်မှာ စျေးတန်းကျဆင်းသွားပါတယ်။ တရုတ်အာလူးက ပစ္စည်းအဝင်နည်းပေမယ့်လည်း ရှမ်းအာလူးတွေအဝင်ရှိနေတာကြောင့် စျေးတန်းကျလာတာဖြစ်ပါတယ်။ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာလည်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းပိတ်နေလို့ အာလူးစျေးကျနေပါတယ်။
ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို ၉၂၀၀ ကျပ်ရှိနေရာက ခုတစ်ပတ်မှာတော့ ၇၃၀၀ ကျပ်သာရှိတော့လို့ တစ်ပိဿာကို ၁၉၀၀ လောက်ပြန်ကျလာတာဖြစ်ပါတယ်။
အောင်ပန်းစျေးကွက်မှာတော့ မျက်နီ S1/ OK က ၆၀၀၀ ကျပ်၊ မျက်နီ OK က ၅၅၀၀ ကျပ်၊ မျက်နီ A1 က ၄၅၀၀ ကျပ်၊ A1ဆွဲမျက်နီက ၃၅၀၀ ကျပ်ရှိလာပြီး လုပ်ငန်းသုံးအကြော်သီးတွေဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ၆၅၀၀ မှ ၇၀၀၀ ကျပ်စျေးပေါက်နေပါတယ်။ တစ်ပိဿာကို ၁၀၀၀မှ ၂၀၀၀ကျပ်နီးပါးအထိ ပြန်ကျလာနေတာဖြစ်ပါတယ်။
မန်းကျည်းသီး
ခုနှစ်ပြည်တွင်း မန်းကျည်းသီးစျေးကွက်မှာ မန်ကျည်းသီးမှည့်ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားကောင်းတာကြောင့် မန်ကျည်းသီးစျေးနှုန်းက ဆက်တိုက်မြင့်တက်လာနေပါတယ်။
လက်ရှိရန်ကုန် ဘုရင်နောင်စျေးကွက်မှာ မန်ကျည်းသီး (ပွင့်ကပ်)အစေ့ပါ တစ်ပိဿာကို ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ်ရှိပြီး အစေ့ထုတ်ပြီး မန်ကျည်းသီးအသား တစ်ပိဿာကိုတော့ ၉၅၀၀ မှ ၁၃၀၀၀ ကျပ်အတွင်း စျေးတန်းရှိလာတယ်လို့သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
U Mya Maung
လွန်ခဲ့သော ၁ နှစ် ကမန်ကျည်းမှည့်တပိသာာဘယ်လောက်လဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from AMIA
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....