အစိမ်းရောင်လမ်း
ဘိုကိတ်ပဲဈေးကွက် ပုံမှန်မပြတ်ကောင်းမွန်နေပြီး ကုန်သည်ပွဲစားများမှ ကွင်းဆင်းဝယ်ယူနေ

ဘိုကိတ်ပဲဈေးကွက် ပုံမှန်မပြတ်ကောင်းမွန်နေပြီး ကုန်သည်ပွဲစားများမှ ကွင်းဆင်းဝယ်ယူနေ

ဘိုကိတ်ပဲဈေးကွက် ကောင်းမွန်နေပြီး ကုန်သည်ပွဲစားများမှ နှစ်စဥ်ကွင်းဆင်းဝယ်ယူနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။

"ဘိုကိတ်ပဲဈေးကွက်က ကောင်းတယ်။ တခြားသီးနှံတွေနဲ့စာရင် နှစ်တိုင်း ပုံမှန်ဈေးကွက်လည်းရှိတယ်။ ရွာအရောက်ပွဲစားတွေကလည်း လာဝယ်ကြတယ်။ ရွှေဘိုကိုလည်း တင်ပို့လို့ရတယ်။ မန္တလေးကိုလည်း ပို့လို့ရတယ်။ တရုတ်ပြည်ကို တင်ပို့ဖို့အတွက် ရန်ကုန်မြို့က ကုန်သည်တွေကလည်း ဆင်းဝယ်ကြတယ်။"

ဟု စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ တည်တောရွာမှ ဘိုကိတ်ပဲပင် စီးပွားဖြစ်စိုက်ပျိုးသူ ကိုလွှမ်းမိုးအောင်က ပြောသည်။

ပြည်တွင်းမှထွက်ရှိသည့် ဘိုကိတ်ပဲများကို ပြည်တွင်းဈေးကွက်အပြင် အိမ်နီးချင်းနိုင်ငံတစ်ချို့သို့လည်း Export တင်ပို့ရောင်းချကြသည်။

"အခုကာလမှာကို တစ်တင်းကို ကျပ် ၅ သောင်းကျော် ဈေးရှိတယ်။ ပဲတစ်တင်းကို ၁၉ ပိဿာနဲ့ ၂၅ကျပ်သားနှုန်း ယူတယ်။ အဲ့ဒါက မနှစ်ကဈေးထက်စာရင် နည်းသွားတာ။ မနှစ်က ကျပ် ၆ သောင်းအထိ ဈေးရှိတယ်။ သူ့ဈေးက တစ်တင်းကို ကျပ် ၄၅၀၀၀ အောက်ထိတော့ မဆင်းဖူးဘူး။"

ဟု ၎င်းက ဆက်လက်ပြောသည်။

ဘိုကိတ်ပဲပင်ကို ဇူလိုင်လတွင် စိုက်ပျိုးလေ့ရှိပြီး စိုက်သက်တမ်း ၄ လအကြာ အပင်ပေါ်၌ ပဲတောင့်/ပဲသီးများခြောက်လာချိန်၌ လူအင်အားဖြင့် ခူးဆွတ်/ကောက်ယူကာ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ခြွေကာ ဘိုကိတ်ပဲစေ့များကို ဈေးကွက်တင်ပို့ ရောင်းချကြခြင်းဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ

သူရစိုး • ဖြေကြားချက် 0 ခု

ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ

U Yan • ဖြေကြားချက် 0 ခု

ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ

Nay • ဖြေကြားချက် 3 ခု

စားတော်ပဲအတွက် ​ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ

Nay • ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။

Thurain Htun • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။