အစိမ်းရောင်လမ်း
စိုက်ပျိုးရေးသွင်းအားစုစရိတ်များ မြင့်တက်နေမှုကြောင့် မိုးငရုတ်စိုက်ပျိုးမည့်တောင်သူများ အခက်ကြုံနေ

စိုက်ပျိုးရေးသွင်းအားစုစရိတ်များ မြင့်တက်နေမှုကြောင့် မိုးငရုတ်စိုက်ပျိုးမည့်တောင်သူများ အခက်ကြုံနေ

    စိုက်ပျိုးရေးသွင်းအားစုစရိတ်များ မြင့်တက်နေမှုကြောင့် မိုးငရုတ်စိုက်ပျိုးမည့်တောင်သူများ အခက်ကြုံနေကြောင်း မန္တလေးတိုင်းဒေသကြီးရှိ ငရုတ်သီးစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

အခုအခြေအနေမှာက စိုက်ပျိုးရေးသွင်းအားစု၊ မြေဩဇာ၊ ပိုးသတ်ဆေးစရိတ်တွေက မြင့်တက်နေတယ်။ လောင်စာဆီဈေးလည်း တက်နေတယ်။ ငရုတ်တစ်ဧကစိုက်ရင် ငွေ ၁၅ သိန်းနဲ့ သိန်း ၂၀ ကြားမှာ အနည်းဆုံးကုန်တယ်။ အခုရနေတဲ့ ငရုတ်သီးဈေးနဲ့က တစ်ဧကစိုက်စရိတ် အရင်းတောင် ပြန်မရတာများနေတယ်။ ဒီဈေးနဲ့ဆိုတော့ တွက်ခြေမကိုက်တဲ့အတွက် ဒီနှစ်မိုးရာသီမှာ စစိုက်ပျိုးတော့မယ့် မိုးငရုတ်ခင်းတွေကို စိုက်ပျိုးဖို့အတွက် စိုက်သင့်မစိုက်သင့်ကို စဉ်းစားကုန်ကြပြီ။ ဈေးကွက်က ဘာမှန်းမသိ၊ ငွေလွှဲရတာလည်း အဆင်မပြေ၊ သူများနိုင်ငံတွေကိုလည်း အားကိုးမရ၊ ကိုဗစ်ကလည်း မကင်းပြတ်သေးနဲ့ဆိုတော့လေ။

ဟု မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်မှ ငရုတ်ဈေးကွက်ကျွမ်းကျင်သူ ကိုမြင့်ထွန်းဉီးက ပြောသည်။

    လက်ကားဈေးကွက်အတွင်း ငရုတ်သီးအမှည့်အစို (အနီ) တစ်ပိဿာလျှင် (၉၀၀) ကျပ်၊ (၁၀၀၀) ကျပ် ဝန်းကျင်၊ ငရုတ်သီးအခြောက် တစ်ပိဿာလျှင် (၃၀၀၀) ကျပ်မှ (၃၃၀၀) ကျပ်အတွင်း ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြသည်။

ငရုတ်သီး Export စျေးကွက် ပြိုလဲနေပါတယ်။ ဈေးထက်ဝက်လောက်ကို ကျဆင်းနေတာပါ။ အရင်ကဆို ဒီအချိန် ငရုတ်သီးအမှည့်အစိုတစ်ပိဿာကို ၁၈၀၀ ကျပ် ရပါတယ်။ အခုက ဝယ်လက်ရှိနေသေးရင်ကို ကျေးဇူးတင်ရတဲ့အနေအထားပါ။ ကျောက်ဆည်၊ ကူမဲ ဒေသတဝိုက်ရဲ့ ငရုတ်သီးစျေးကွက်အခြေအနေ ဖြစ်ပါတယ်။ ကူမဲ၊ ကျောက်ဆည်က ငရုတ်သီးတွေကို အအေးခန်းကားတွေနဲ့ထည့်ပြီး တရုတ်ကိုပို့နေကြပါ။ အခုက ပြည်ပကမဝယ်တော့ဘူး။ တရုတ်နိုင်ငံဘက်မှာက ကိုဗစ်ရောဂါဖြစ်နေတော့ ငရုတ်သီးတင်ပို့တဲ့အခါ လူတွေရော၊ ကားတွေရော၊ ငရုတ်သီးတွေရော အစစ်အဆေးများတယ်။ စစ်ဆေးတာကို စောင့်ရင်းနဲ့ လမ်းခရီးမှာတင် နှစ်ရက်လောက်ကြာသွားတော့ ငရုတ်သီးတွေ ပျက်စီးကုန်တယ်။ အဲ့ဒီလိုတွေ အဆင်မပြေတာကြောင့် တင်ပို့မှုကျသွားတာပါ။

ဟု ကိုမြင့်ထွန်းဦးက ဆက်လက်ပြောသည်။

    လက်ရှိအခြေအနေတွင် မန္တလေးတိုင်းဒေသကြီး ငရုတ်သီးဈေးကွက်အတွင်း အခြောက်လှန်းရောင်းချရန်နှင့် ဈေးကောင်းရချိန်အထိ လှောင်ထားရန် ဝယ်ယူနေသည့် လှန်းသီးအ၀ယ်တချို့သာ ဝယ်လက်ရှိနေပြီး၊ ဇူလိုင်လနှင့် ဩဂုတ်လပိုင်းတို့တွင် စတင်စိုက်ပျိုးမည့် ငရုတ်ခင်းရှင်များမှာမူ ဈေးကွက်မသေချာမှုကြောင့် စိုက်ပျိုးရန် အခက်ကြုံတွေ့နေကြောင်း သိရသည်။

1
aung kyaw kyaw

aung kyaw kyaw

လွန်ခဲ့သော ၅ နှစ် က

ငရုပ်သီးတင်ပို့ချင်ပါတယ်ဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ

သူရစိုး • ဖြေကြားချက် 0 ခု

ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ

U Yan • ဖြေကြားချက် 0 ခု

ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ

Nay • ဖြေကြားချက် 3 ခု

စားတော်ပဲအတွက် ​ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ

Nay • ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။

Thurain Htun • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။