အစိမ်းရောင်လမ်း
သီရိမင်္ဂလာဈေးသို့ ကွမ်းအဝင်နည်းနေပြီး ကွမ်းဈေးကွက်တည်ငြိမ်နေ

သီရိမင်္ဂလာဈေးသို့ ကွမ်းအဝင်နည်းနေပြီး ကွမ်းဈေးကွက်တည်ငြိမ်နေ

    လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးသို့ ကွမ်းအဝင်နည်းနေပြီး ကွမ်းဈေးကွက်တည်ငြိမ်နေကြောင်း ကွမ်းဒိုင်များမှ သိရသည်။

    ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့ ကွမ်းရွက်လက်ကားရောင်းချမှုအနေဖြင့် (ရိုးညို/စိမ်း) ယာကွမ်း တစ်ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ (၄၀၀၀) ကျပ်မှ (၉၀၀၀) ကျပ်အတွင်း၊ ယာဆိုက်ပြည့် တစ်ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ (၅၅၀၀) ကျပ်မှ (၇၀၀၀) ကျပ် အတွင်း၊ ဆိုက်လတ် တစ်ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ (၃၀၀၀) ကျပ်မှ (၅၅၀၀) ကျပ် အတွင်း၊ ဆိုက်သေး တစ်ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ (၁၀၀၀) ကျပ်မှ (၂၅၀၀) ကျပ် အတွင်း၊ ပယ်ကြီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်မှ (၃၅၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း သီရိမင်္ဂလာဈေးရှိ ရွှေရင်အေးရိပ် ကွမ်းနှင့်ကွမ်းသီး ရောင်းဝယ်ရေးမှ သိရသည်။

အခုအချိန်မှာက ကွမ်းသိပ်မပေါသေးဘူး။ အလယ်အလတ်အခြေအနေပေါ့။ ကမ်းနား ရေမြှုပ်ကွင်းတွေက အခုမှစိုက်မလို့ပြင်ကြတုန်းအချိန်၊ ကုန်းကွမ်းသမားတွေကလည်း အခုမှ အညွှန့်စိပ်ကာစဆိုတော့ စပ်ကူးမတ်ကူးအချိန်ပေါ့။ လှိုင်လှိုင်မပေါသေးဘူးဆိုတော့ ဒိုင်ကိုတင်ပို့တာနည်းနေတာပေါ့။ ဈေးကတော့ ဟုတ်တိပတ်တိ မကောင်းသေးဘူး။ နောက်လလောက်ဆိုရင်တော့ ဈေးကောင်းနိုင်တယ်။ ကွမ်းဈေးကွက်ကတော့ ကြိုတင်ခန့်မှန်းရ ခက်ခဲပါတယ်။

ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ စီးပွားဖြစ် ကွမ်းခြံလုပ်ငန်းလုပ်ကိုင်သူ ကိုမင်းလွင်က ပြောသည်။

    ကွမ်းဒိုင်များသို့ ကွမ်းရွက်တင်ပို့ရောင်းချရာတွင် အရွယ်အစားခွဲခြား၍ သန့်စင်စီတန်းထားသော ကွမ်းများနှင့် ကွမ်းသားပါးလွှာ/ပျော့ပျောင်းသော ကွမ်းရွက်များမှာ စျေးကောင်းပိုမိုရရှိနိုင်ကြောင်း ကွမ်းဒိုင်များမှ သိရသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ

သူရစိုး • ဖြေကြားချက် 0 ခု

ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ

U Yan • ဖြေကြားချက် 0 ခု

ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ

Nay • ဖြေကြားချက် 3 ခု

စားတော်ပဲအတွက် ​ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ

Nay • ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။

Thurain Htun • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။