အစိမ်းရောင်လမ်း
ဓာတုဓာတ်ကြွင်းမပါတဲ့ ပဲတီစိမ်းများကို တရုတ်ကပြန်လည်ဝယ်ယူပေးမည်..

ဓာတုဓာတ်ကြွင်းမပါတဲ့ ပဲတီစိမ်းများကို တရုတ်ကပြန်လည်ဝယ်ယူပေးမည်..

AMIA
AMIA 26/11/2025

တရုတ်နိုင်ငံမှ မြန်မာ့ပဲတီစိမ်း ပြန်လည်၀ယ်ယူမည်ဆိုသည့် သတင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ပဲတီစိမ်း အမျိုးအစားအချို့ ဈေးမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ 

ပြီးခဲ့သည့် လများက ပိုးသတ်ဆေးဓာတ်ကြွင်းများနေခြင်းကြောင့် ပဲတီစိမ်းတန်ချိန်၁၀,၀၀၀ ကျော်ကို ပြန်လည်ပို့ဆောင်သည့်ဖြစ်စဉ်အပြီး တရုတ်နိုင်ငံမှမြန်မာ့ ပဲတီစိမ်းအ၀ယ်ရပ်လိုက်သည်။ ထို့နောက် နှစ်နိုင်ငံအစိုးရတာ၀န်ရှိသူများ ညှိနှိုင်းပြီးနောက် တရုတ်နိုင်ငံမှ ပြန်လည်၀ယ်ယူ‌ပေးခြင်းဖြစ်သည်။

ထိုသို့တရုတ်နိုင်ငံမှ ပဲတီစိမ်း ပြန်လည်၀ယ်ယူမည့် သတင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ပဲတီစိမ်း (အညာ)က တစ်ပိဿာလျှင်ကျပ်၅,၁၆၅/၅,၁၈၅မ ကျပ် မှ ၅,၅၀၀/၅,၅၂၀သို့ ဈေးမြင့်တက်လာသည်။ ထို့အပြင် ပြည်ပရောင်းချသည့် FOB ဈေးကလည်း ပဲတီစိမ်း FAQ(အညာ)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၇၀/၈၈၀ မှ ၉၁၀/၉၂၀သို့ ဈေးမြင့်တက်သည်။

မြန်မာနိုင်ငံတွင်စိုက်ပျိုးထုတ်လုပ်သည့် ပဲတီစိမ်းကို တရုတ်ဈေးကွက်အပြင် အိန္ဒိယ၊ ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့၀င်နိုင်ငံများကိုလည်း တင်ပို့ရောင်းချသည်။

ယခုနှစ်တွင် အိန္ဒိယနိုင်ငံက မြန်မာ့ပဲတီစိမ်းကို မတ်ပဲ၊ ပဲစင်းငုံကဲ့သို့ အခွန်မဲ့၀ယ်ယူတင်သွင်းမည့် အစီစဉ်အား ပယ်ဖျက်ကြောင်းကို အိန္ဒိယ မီဒီယာအချို့က ဖော်ပြကြသည်။

ထို့ကြောင့် မြန်မာ့ပဲတီစိမ်းသည် အီးယူနှင့် တရုတ်ဈေးကိုသာအဓိက ဦးတည်ရောင်းချရမည့် အခြေအနေမျိုးဖြစ်သည်။ အီးယူနိုင်ငံများမှ ၀ယ်လိုအားက နည်းခြင်းကြောင့် တရုတ်ဈေးကွက်က အ‌ရေးပါလာသည်။

တစ်နှစ်လျှင် တန်ချိန် ၁ သန်းကျော် စိုက်ပျိုးထုတ်လုပ်သည့် မြန်မာ့ပဲတီစိမ်းကို တရုတ်ဈေးကွက်က ၆၀ ရာခိုင်နှုန်းကျော် ဈေးကွက်‌ဝေစု ရယူထားသည်။ ထို့ကြောင့်တရုတ်ဈေးကွက်သည် မြန်မာနိုင်ငံမှ ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူလယ်သမားများအတွက် အဓိကအခန်း ကဏ္ဍမှပါ၀င်နေသည်။

ထိုကြောင့် ဆောင်းပဲတီစိမ်း စိုက်ပျိုးမည့်တောင်သူများအနေဖြင့် မိမိစိုက်ပျိုးသော သီးနှံကို GAPစနစ်ဖြင့် စိုက်ပျိုးပြီး ပိုးသတ်ဆေးများအပါအဝင်  ဓာတုဆေးများသုံးစွဲမှုကိုလည်း စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် တင်ပို့ရောင်းချသူများက အကြံပြုထားသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ

သူရစိုး • ဖြေကြားချက် 0 ခု

ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ

U Yan • ဖြေကြားချက် 0 ခု

ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ

Nay • ဖြေကြားချက် 3 ခု

စားတော်ပဲအတွက် ​ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ

Nay • ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။

Thurain Htun • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။