ငှက်ပျောစိုက်ပျိုးသူများ နေရာဒေသပေါ်မူတည်၍ ဈေးနှုန်းကွာဟချက်ကို ခံစားနေရ
ငှက်ပျောစိုက်ပျိုးသူများ နေရာဒေသပေါ်မူတည်၍ ဈေးနှုန်းကွာဟချက်ကို ခံစားနေရကြောင်း မန္တလေးတိုင်းဒေသကြီးရှိ ငှက်ပျောပင် စီးပွားဖြစ်စိုက်ပျိုးသူများထံမှ သိရသည်။
ဈေးကွက်ကတော့ ဒီဘက်က လောလောဆယ်မှာ ရန်ကုန်ဈေးကွက်က မဖွင့်သေးဘူး။ မန္တလေးဈေးကွက်ကို တင်ပို့ရောင်းချရပါတယ်။ ကျွန်တော်တို့ဘက်က ဒီလိုမျိုး အဝေးဘက်ကို တင်ပို့မှုမရှိတဲ့အတွက် ဈေးကွက်ကလည်း အားနည်းတာပေါ့။ လက်ရှိမှာ ကျွန်တော်တို့ဆီမှာ ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငါးရာ၊ ခြောက်ရာလောက်ပဲရတယ်ဆိုရင် တချို့ဒေသတွေမှာ တစ်ဖီးကို အနည်းဆုံး တစ်ရာ့ငါးဆယ်လောက် ပိုရနေတာတွေ့ရတယ်။ စိုက်ပျိုးတဲ့ငှက်ပျောသီးရဲ့အရည်အသွေးချင်းတူရင်တောင်၊ နေရာဒေသပေါ်မူတည်ပြီး ဈေးနှုန်းကွာဟချက်ရှိတာကို ခံရပါတယ်။
ဟု မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြောင်းသစ်ကျေးရွာမှ ဖီးကြမ်းငှက်ပျောပင် စိုက်ပျိုးသူ ကိုငြိမ်းကိုက ပြောသည်။
ငှက်ပျောပင် စိုက်ပျိုးရာတွင် ငှက်ပျောခိုင်တစ်ခိုင်ချင်းစီ၏ အဖီးရေထွက်နှုန်းများပြားမှသာ တောင်သူများအနေဖြင့် ဈေးကွက်တင်ပို့ရာတွင် တွက်ခြေကိုက်နိုင်ကြောင်း သိရသည်။
အခိုင်လည်းချောတယ်၊ တစ်ခိုင်ကို အဖီးရေ ခြောက်ဖီးကနေ ရှစ်ဖီးလောက်ပါတဲ့ အခိုင်မျိုးဆိုရင် တစ်ဖီးကို ခြောက်ရာလောက်ဈေးရပါတယ်။ အဲ့ဒီဈေးလောက်ရောင်းရရင်တော့ စိုက်ပျိုးစရိတ်က ကိုက်ပါတယ်။ တစ်ဖီးကို ဈေးနှုန်း ငါးရာအောက်ကျသွားရင်တော့ တွက်ခြေမကိုက်ဘူးပေါ့ဗျာ။ တောင်သူအတွက် အမြတ်ကျန်နည်းသွားတာပေါ့။
ဟု ၎င်းက ဆက်လက်ပြောသည်။
ငှက်ပျောတစ်ခိုင်လျှင် (၆) ဖီးနှင့်အထက် (၈) ဖီးမှ(၉) ဖီးအထိရရှိပါက ဈေးကွက်အားနည်းချိန်များတွင် တောင်သူများအနေဖြင့် အမြတ်ကျန်နိုင်မည်ဖြစ်ပြီး၊ တစ်ခိုင်လျှင် (၄)ဖီး၊ (၅)ဖီးမျှသာ ရရှိပါက စိုက်ပျိုးစရိတ် အရင်းသာပြန်ရ၍ တွက်ခြေမကိုက်နိုင်ကြောင်း သိရသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022