ကျိုက်လတ်မြို့နယ် လှိုင်းတာရွာမှာ ထောပတ်ခြံတည်ထားခြင်းမရှိဘဲ စပါးနဲ့ ပဲကိုသာ အဓိက စိုက်ပျိုးလျှက်ရှိ
ကျိုက်လတ်မြို့နယ်မှာ ထောပတ်ပင်များ စိုက်ပျိုးနိုင်ခြင်းမရှိသေးပဲ စပါးနဲ့ ပဲကိုသာ အဓိကထားပြီး စိုက်ပျိုးလျှက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ လှိုင်းတာကျေးရွာ နယ်မြေတာဝန်ခံ ဦးဌေးသန်းက Green Way ကို ပြောသည်။ ကျိုက်လတ်မြို့နယ် လှိုင်းတာကျေးရွာမှာ ထောပတ်ပင်များ စီးပွားဖြစ်စိုက်ပျိုးကာ အသီးထွက်ရှိနေပြီး ထောပတ်ဈေးကွက်ဖြစ်ပေါ်လျှက်ရှိကြောင်း ရတနာပုံသတင်းစာက ကုန်ခဲ့တဲ့ လဆန်းပိုင်းက ရေးသားခဲ့ပေမယ့် သတင်းစာပါအချက်အလက်တွေက လွဲမှားနေတယ်လို့ လှိုင်းတာကျေးရွာမှ စိုက်ပျိုးရေးဌာန တာဝန်ခံ ဦးဌေးသန်းက ဖြေရှင်းပြောဆိုလိုက်တာပါ။
ကျွန်တော်ဆိုလိုချင်တာက တောဓလေ့ဆိုတော့ စီးပွားဖြစ် ခြံကြီးနဲ့စိုက်တယ်ဆိုရင် ဒီရွာကတော့မသိဘဲမနေဘူး။ နောက်ပြီးတော့ ရွာကလည်း ရွာကြီးဆိုတော့ ဈေးလေးတွေ ဘာလေးတွေလည်းရှိရမယ်လေ။ သတင်းစာထဲကပါတဲ့အတိုင်းဆိုရင် ကျိုက်လတ်မှာ ထောပတ်သီးအဝယ်ဒိုင် တစ်ဦးမှ မရှိဘူးခင်ဗျ။ အချက်အလက်တွေကတော် တော်လွဲနေတယ်။
ကျိုက်လတ်မြို့နယ်လှိုင်းတာကျေးရွာမှာ လယ်ဧကက နှစ်ထောင်ကျော်ရှိပြီး မိုးရာသီမှာတော့ စပါးကိုအဓိကစိုက်ပျိုးပြီး ဆောင်းမှာတော့ စပါးနဲ့ မတ်ပဲကို အဓိကထားစိုက်ပျိုးပါတယ်။ ဧရာဝတီမြစ်ရင်းဒေသဖြစ်တဲ့ လှိုင်းတာရွာက မြေဆီသြဇာကောင်းမွန်ပြီး သရက်၊ သင်္ဘောနဲ့ငှက်ပျောပင်တွေကိုလည်း စိုက်ပျိုးကြပါတယ်။ ယခင်က မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကိုလည်း စိုက်ပျိုးခဲ့တာတွေရှိခဲ့ပါတယ်။ ကျိုက်လတ်မြို့နယ်၊ လှိုင်းတာကျေးရွာအပြင် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စုရှိ နာမည်တူ လှိုင်းတာကျေးရွာမှာလည်း ထောပတ်စိုက်ခင်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက Green Way ကိုအတည်ပြု ပြောကြားပါတယ်။
ထောပတ်နဲ့ပတ်သက်လို့ မကြားမိပါဘူး။ ကျွန်တော် မသိပါဘူး။ ထောပတ်က ကျွန်တော်တို့ဆီမှာထောပတ်စိုက်တာမရှိခဲ့ဘူး
Mexican, Guatemalan နဲ့ West Indian တို့က ထောပတ်သီးရဲ့ အဓိက မျိုးအုပ်စုတွေ အဖြစ်ခွဲခြားထားပြီး အဲ့ဒီထဲက West Indian မျိုးကတော့ မြေနိမ့်ဒေသမှာပေါက်ရောက်နိုင်တဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ ကျိုက်လတ်ဒေသမှာ ထောပတ်ခင်းမရှိပေမယ့် West Indian မျိုးရင်းဝင်ထောပတ်ပင်မျိုးက ရန်ကုန်မြို့မှာလည်းပေါက်ရောက်ပြီး နှစ်ပေါင်း ၃၀ နီးပါးအသီးသီးနေခဲ့ပါတယ်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from ဂျာနူး
အားလုံး
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၂)
30/03/2023
တရုတ်တစ်သျှူးငှက်ပျောများတွင် ပင်ညှိုးရောဂါသံသယများတွေ့၍ စောင့်ကြည့်စစ်ဆေးနေ
24/03/2023
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၁)
23/03/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၇)
13/02/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၆)
08/02/2023