အစိမ်းရောင်လမ်း
သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းပေးမည့်အစီအစဉ် MRF ကြေညာ

သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းပေးမည့်အစီအစဉ် MRF ကြေညာ

Green Way
Green Way 05/08/2023

ဩဂုတ် ၇ ရက်ကစလို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးမယ့်အစီအစဉ်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဩဂုတ် ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်ပြုလုပ်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနဲ့ Exporter ကုမ္ပဏီများရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်ဈေးနှုန်းတည်ငြိမ်စေရန်အလို့ငှာ ပြည်တွင်းစားသုံးမှုများသည့်ဆန်များကို ဩဂုတ် ၈ ရက်ကစပြီး ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်တို့မှာ စတင်ရောင်းချပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

ဘယ်လိုပုံစံနဲ့ဝယ်ယူရမလဲဆိုတာကိုတော့ အောက်ပါထုတ်ပြန်ချက်အပြည့်အစုံပုံမှာ ကြည့်ရှုနိုင်ပါတယ်။

လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) ရဲ့ ဈေးနှုန်းဖော်ပြချက်အရ ဩဂုတ် ၄ ရက်မှာ ရန်ကုန် ဝါးတန်းဈေးကွက်မှာ တစ်အိတ်ကို ကျပ် ၁၂၀၀၀၀ ကနေ ၁၃၀၀၀၀ ကြား ပေါက်ဈေးရှိနေတဲ့ ရွှေဘိုပေါ်ဆန်းကို အခုအစီအစဉ်အရ ကျပ် ၁၁၀၀၀၀ ကနေ ၁၂၀၀၀၀ ကြားနဲ့ ရောင်းချပေးသွားမှာပါ။ ဆိုတော့ တစ်အိတ် ၁၀၀၀၀ ကျပ် ဈေးလျော့ပါတယ်။

ဧရာဝတီပေါ်ဆန်းမွှေးဆန်များကိုတော့ တစ်အိတ်လျှင် ကျပ် ၉၄၀၀၀ ကနေ ၉၇၀၀၀ ကြား ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ရန်ကုန် ဝါးတန်းဈေးကွက်မှာလည်း ဩဂုတ် ၄ ရက်ဈေးနှုန်းတွေမှာ ဖျာပုံပေါ်ဆန်းမွှေးနဲ့ ဒေးဒရဲပေါ်ဆန်းမွှေးတွေက ကျပ် ၉၃၀၀၀ ကနေ ၉၅၀၀၀ ကြား၊ မြောင်းမြ ပုသိမ် ပေါ်ဆန်းမွှေးက ကျပ် ၉၇၀၀၀ ကနေ ၁၀၀၀၀၀ ကြား ပေါက်ဈေးရှိနေတာဖြစ်လို့ ထူးထူးခြားခြား ဈေး ကွာဟတာမျိုးတော့ မရှိပါဘူး။ 

ရန်ကုန် ဝါးတန်းဈေးကွက် ဩဂုတ် ၄ ရက်ဈေးနှုန်းအရ တစ်အိတ်ကို ကျပ် ၅၈၀၀၀ ကနေ ၆၀၀၀၀ ကြား ပေါက်ဈေးရှိတဲ့ ဧည့်မထ ၂၅% ဆန်ကိုလည်း ကျပ် ၆၀၀၀၀ နဲ့ ရောင်းပေးမှာမို့ ဒီဆန် ရောင်းချပေးမှုကလည်း ဈေးကွာဟမှုမရှိပါဘူး။

ဒီလိုသက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးသောဆန်များကို လူတစ်ယောက်မှတ်ပုံတင် ၁ ခုလျှင် တစ်လကို ပေါ်ဆန်းအမျိုးအစား ပေါ်ဆန်းအမျိုးအစား ဆန် ၁ အိတ်နဲ့ ဧည့်မထအမျိုးအစား ဆန် ၁ အိတ် လွတ်လပ်စွာဝယ်ယူသွားနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုထုတ်ပြန်ချက်မှာ အိတ်ရေဘယ်လောက်ရောင်းပေးမယ်လို့ ကန့်သတ်ထားတာမျိုးတော့ မပါရှိပါဘူး။ ယခင် ရောင်းပေးဖို့ပြင်ဆင်ကာလ ထုတ်ပြန်ချက်တွေတုန်းကတော့ ၂၅%အဆင့် ဧည့်မထဆန်အိတ် ၅၀၀၀၀ ရောင်းချပေးသွားမှာဖြစ်တယ်လို့ ထည့်သွင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကျပ် ၂၀၀၀၀ တန် ငွေစက္ကူသစ်ထုတ်ပြန်ဖို့ရှိတယ်လို့ ကြေညာချက်အပြီး ဇူလိုင် ၂၄ ရက်ကတစ်ကြိမ်၊ ထုတ်ဝေခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာတစ်ကြိမ် ဆန်ဈေးတွေ တက်ခဲ့တာဖြစ်ပြီး ယခု သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးတယ်ဆိုတဲ့ ဆန်ဈေးတွေကလည်း ဇူလိုင် ၂၁ ရက် ဈေးမတက်ခင်ကာလ ဈေးနှုန်းတွေလောက်တော့ သက်သာခြင်းမရှိတာဖြစ်ပါတယ်။

ဇူလိုင် ၂၁ ရက်တုန်းက ဈေးနှုန်းတွေကိုသိချင်ရင်တော့ အောက်ပါလင့်မှာ ဝင်ဖတ်နိုင်ပါတယ်။

https://greenwaymyanmar.com/posts/Rice_local_prices_July_24

Photo Crd_ MRF Facebook

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

6
Ma Zar Chi Oo

Ma Zar Chi Oo

လွန်ခဲ့သော ၃ နှစ် က

တစ်နေ့လုပ်အားခက8000ထောင်ကျပ်ဆီတစ်ပိတ်သာကို9000/10000ကျပ်ဆန်ကြမ်းတစ်ပြည်ကို4500ကျပ်ဒီဈေးနှုန်းတွေကြောင့်တစ်နေ့လုပ်အာခဘယ်လိုလာပြီးလောက်မလဲ

စိုးလင်းအောင်

စိုးလင်းအောင်

လွန်ခဲ့သော ၃ နှစ် က

တနေ့လုပ် တနေ့စားဘဝတွေကတော့ဆန်မပြောနဲ့ဆန်ကွဲတောင်နပ်မမှန်တော့မဲ့ကိန်းဘဲ

Htay Min Kyaing

Htay Min Kyaing

လွန်ခဲ့သော ၃ နှစ် က

၁အိတ် ၁၀၀၀ ကျပ်လောက်လျော့ရောင်းရုံနဲ့တော့ထူးခြားမှု့သိပ်မရှိလှပါဘူးခင်ဗျ။

ဒေါ်နီလာဝင်း

ဒေါ်နီလာဝင်း

လွန်ခဲ့သော ၃ နှစ် က

ဆန်တစ်အိတ်ကို၁၀၀၀၀၀ကေျာ်တော့ပြည်သူလူထုတွေဒုတ်ခရောက်ပြီပေါ့

Naing Ko

Naing Ko

လွန်ခဲ့သော ၃ နှစ် က

ဆန်စျေး

You

ဆက်စပ်ဆောင်းပါးများ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။