မတ်ပဲ၊ ပဲစင်းငုံနီဈေးနှုန်းများ ဆက်တိုက်ပြန်မြင့်တက်လာ
ပြီးခဲ့တဲ့တစ်ပတ်အတွင်းက ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာကော၊ မန္တလေးဈေးကွက်မှာကော ဈေးပြန် ကျသွားခဲ့တဲ့ မတ်ပဲ၊ ပဲစင်းငုံနီဈေးနှုန်းတွေဟာ ဒီတစ်ပတ်မှာတော့ နှစ်ရက်ဆက်တိုက် ဈေးပြန်မြင့်တက်လာခဲ့ပါတယ်။
မတ်ပဲ

ပြီးခဲ့တဲ့တစ်ပတ် ဈေးအပိတ် ဩဂုတ် ၁၁ ရက်က ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ တစ်တန် (၃၁.၁ တင်းခန့်) ကို ၂၃ သိန်း ၅ သောင်းထိ ပြန်ကျသွားခဲ့တဲ့ မတ်ပဲ FAQ/RC (၂.၂ မီလီမီတာ - ၃.၂၅ မီလီမီတာကြားဆိုဒ်) ဟာ မနေ့ကတည်းက ဈေးတက်လာရာကနေ ဒီနေ့မှာတော့ တစ်တန်ကို ၂၃၉၉၀၀၀ ကျပ် (တစ်တင်း ၇၇၁၄၀ ကျပ်) ဖြစ်လာတာဖြစ်ပါတယ်။ ဆိုတော့ တစ်တန်ကို ၄၉၀၀၀ ကျပ် ဈေးပြန်တက်လာတာဖြစ်ပါတယ်။
ဩဂုတ် ၁၁ ရက်က ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ တစ်တန် (၃၁.၁ တင်းခန့်) ကို ၂၅ သိန်း ၅ သောင်းထိ ပြန်ကျသွားခဲ့တဲ့ မတ်ပဲ SQ/RC (၃.၂၅ မီလီမီတာအထက်ဆိုဒ်) ဟာလည်း ဒီနေ့မှာတော့ တစ်တန်ကို ၂၅၈၉၀၀၀ ကျပ် (တစ်တင်း ၈၃၂၄၀ ကျပ်ခန့်) ဖြစ်လာလို့ တစ်တန်ကို ၃၉၀၀၀ ကျပ် ဈေးပြန်တက်လာပါတယ်။
မတ်ပဲဟာ တောင်သူတွေလက်ထဲမှာ သိပ်မရှိတော့တာကြောင့် စျေးကွက်ထဲဝင်လာသလောက် အရောင်း အဝယ်ဖြစ်နေတယ်လို့ ပဲကုန်သည်တွေဆီက သိရကြောင်း ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဈေးကွက်သတင်း သုံးသပ်ချက်မှာ လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက် အဖွဲ့(AMIA) က ဆိုထားပါတယ် ။
ပဲစင်းငုံနီ

ဩဂုတ် ၁၁ ရက်က ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ တစ်တန်ကို ၃၁၅၇၅၀၀ ထိ ဈေးပြန်ကျသွား ခဲ့တဲ့ ပဲစင်းငုံနီ (အာစီ/၂၀၂၃) ကတော့ ဒီတစ်ပတ်မှာ သိသိသာသာကို ဈေးပြန်မြင့်တက်လာပါတယ်။ ဒီနေ့ ဩဂုတ် ၁၅ ရက် ဈေးနှုန်းအရ တစ်တန်ကို ၃၃၅၀၀၀၀ (တစ်တင်း ၁၀၇၇၂၀) ထိ ပြန်ရောက်လာ တာဖြစ်လို့ တစ်တန်ကို ၁၉၂၅၀၀ ကျပ် ဈေးပြန်တက်သွားတာဖြစ်ပါတယ်။
ပဲစင်းငုံနီက ပြည်တွင်း စားသုံးမှုနည်းပြီး ပြည်ပပို့ကုန်အဖြစ် အိန္ဒိယကိုသာ အဓိကတင်ပို့ရတာဖြစ်ကာ လက်ရှိမှာတော့ ပဲစင်းငုံနီအသစ်ပေါ်တာ နည်းတာကတကြောင်း၊ ဈေးကွက်မှာ အဟောင်း လက်ကျန် နည်းနေတာကြောင့်တကြောင်း အရောင်းအဝယ်တော့ အေးတဲ့ အခြေအနေဖြစ်နေတယ်လို့ AMIA ရဲ့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စျေးကွက်သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။
အခြားပဲတွေထဲမှာတော့ ပဲကြီး ထောပတ်ပဲ ဈေးတွေလည်း မြင့်တက်လာပြီး ကုလားပဲဈေးကတော့ ငြိမ်နေ တယ်လို့ AMIA ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....