မတ်ပဲဈေးဘာကြောင့်ကျလို့ ပဲစင်းငုံနီ ဘာကြောင့်တက်
ယခုတစ်ပတ်အတွင်းမှာတော့ မတ်ပဲဈေးတွေဟာ တောက်လျှောက်ကျဆင်းခဲ့ပြီး ပဲစင်းငုံနီကတော့ ဈေး တွေတက်လာပါတယ်။ နှစ်ခုစလုံးရဲ့ ဈေးအတက်အကျတွေကတော့ အိန္ဒိယနဲ့ ဆက်စပ်နေပါတယ်။
မတ်ပဲ

လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA)ကတော့ အိန္ဒိယနိုင်ငံက မတ်ပဲဝယ်ယူဖို့ သက်တမ်းကို လာမဲ့ ၂၀၂၄ ခုနှစ်ထိ တိုးမြှင့်လိုက်တဲ့အတွက် ပဲဝယ်ယူမှုက အေးသွားပြီး ဈေးက ကျဆင်းသွားတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒါ့အပြင် လက်ရှိ မတ်ပဲ CNF ပေါက်ဈေးကလည်း လျော့နည်းနေပြီး အိန္ဒိယနိုင်ငံမှာလည်း ဆောင်းမတ်ပဲ အထွက်နှုန်းတိုးတယ်ဆိုတဲ့ သတင်းတွေကြောင့် မတ်ပဲက နေ့စဉ်နဲ့အမျှ ကျဆင်းနေခဲ့တာ ဖြစ်တယ်လို့လည်း AMIA က သုံးသပ်ပါတယ်။
ကုန်သည်တွေကတော့ မတ်ပဲအသစ်တွေကလည်း ဈေးကွက်ထဲဝင်နေပြီဖြစ်လို့ ဈေးကဆက်ပြီး ကျဆင်းနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ လက်ရှိ ငွေလဲလှယ်နှုန်းဈေးဟာ မြင့်တက်နေတာ ဖြစ်လို့ အများကြီး ကျဆင်းနေတာမျိုးတော့ မရှိနိုင်ဘူးလို့ ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆ သိန်း ၄ သောင်းပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၄ သောင်းကျော်ဈေးကျဆင်းသွားတာပါ။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၆၀၀၀ ကနေ ၁၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာတော့ မတ်ပဲက တစ်တင်းကို ၅၂၅၀၀ ကနေ ၅၃၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၃၅၀၀ လောက် ဈေးကျ ဆင်းသွားတယ်လို့ သိရပါတယ်။
ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဈေးကွက်ထဲ ပစ္စည်းလက်ကျန်မရှိတဲ့အတွက် အသစ်ထွက်လာတဲ့ပဲတွေ အဝယ် လိုက်ပြီး ဈေးတက်နေတာ ဖြစ်တယ်လို့ AMIA က သုံးသပ်ပါတယ်။ အိန္ဒိယနိုင်ငံက ပဲစင်းငုံနီ အထွက်နှုန်းလျော့နည်းမယ်ဆိုတဲ့ သတင်းတွေကြောင့် ရေရှည်မှာ ဈေးက တက်နေဦးမယ်လို့ ကုန်သည် တွေရဲ့ ခန့်မှန်းမှုတွေကြောင့်လည်း အဝယ်သွက်ပြီး ဈေးတက်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တင်ပို့မှုကို ၂၀၂၄ ထိ သက်တမ်းတိုးလိုက်တဲ့အတွက် လာမဲ့ ရေတိုကာလအတွင်းမှာတော့ ပဲစင်းငုံနီက ဈေးအေးမဲ့အနေအထားမှာ ရှိနေပြီး သိုလှောင်နိုင်ရင် အကျိုးအမြတ်ရှိလာနိုင်တယ်လို့ ကုန်သည် အများစုက သုံးသပ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံနီ တင်သွင်းမှုအခြေအနေကို စောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၇ သိန်း ၇ သောင်းနီးပါးပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သောင်းကျော်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာလည်း ပဲစင်းငုံနီက တစ်အိတ်ကို ၁၆၅၀၀၀ ကနေ ၁၆၆၀၀၀ ကြား ပေါက်ဈေး ရှိနေပြီး တစ်အိတ်ကို ၁၀၀၀ လောက် ဈေးတက်ပါတယ်။
နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ နဲ့ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၅၅၀၀၀ ကနေ ၅၆၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) က ပေးပို့လာသည့် တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်ကို ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုဖိုးထွေး
လွန်ခဲ့သော ၃ နှစ် ကပဲစင်းငုံ ဘယ်မှရောင်းရမလဲစိုက်ထားတာ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026