ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံနီ အားလုံး အတက်ဈေးများတွင် ရှိနေ
မတ်ပဲ၊ ပဲစင်းငုံနီ၊ ပဲတီစိမ်းတွေဟာ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကွက်အားလုံးနီးပါးမှာ ဈေးတွေတက်လာပါတယ်။
သိသိသာသာပြန် တက်လာတာကတော့ အကျဘက်ကိုရောက်နေတဲ့ မတ်ပဲဈေးတွေဖြစ်ပြီး ဒီတစ်ပတ်တနင်္လာဈေးအဖွင့်ကစလို့ ဆက်တိုက် ဈေးတက်လာတာဟာ ဒီနေ့မှာတော့ ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(FAQ/RC – 2022) ဟာ တစ်တန်ကို ၁၆၉၀၀၀၀ ကျပ် (တစ်တင်း ၅၄၃၄၀ ကျပ်) ထိ ဈေးပြန်ဖြစ်လာပါတယ်။ မတ်ပဲ(SQ/RC – 2022) ကလည်း တစ်တန်ကို ၁၉၂၀၀၀၀ ကျပ် (တစ်တင်း ၆၁၇၃၀ ကျပ်) ထိ ဈေးပြန်တက်လာတာဖြစ်ပါတယ်။
အခြားဈေးကွက်တွေဖြစ်တဲ့ မန္တလေး၊ မကွေး၊ ပဲခူး ဈေးကွက်တွေအားလုံးမှာလည်း ဈေးတွေအနည်းငယ်စီတက်လာတာဖြစ်ပါတယ်။
ဈေးဦးမော့နေတဲ့ ပဲစင်းငုံနီဈေးတွေကလည်း အတက်အကျအနည်းငယ်နဲ့ ငြိမ်နေခဲ့ရာကနေ ဒီတစ် ပတ်မှာတော့ အနည်းငယ်တက်ဈေးပြလာပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက် ပဲစင်းငုံနီဈေးတွေမှာတော့ ပဲစင်းငုံနီ (RC – 2023)ကတော့ ဒီနေ့မှာ တစ်တန်ကို ၁၈၂၅၀၀၀ ကျပ် (တစ်တင်း ၅၈၆၈၀ ကျပ်) ဖြစ်လာပြီး အရင်တစ်ပတ် ဈေးအပိတ် ဇန်နဝါရီ ၂၀ ရက်နဲ့ယှဉ်ရင် တစ်တန် ကျပ် ၁၅၀၀၀ ဈေးတက်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ မနေ့က ဇန်နဝါရီ ၂၄ ရက်နဲ့ယှဉ်ရင်တော့ ဒီနေ့မှာ တစ်တန်ကို ကျပ် ၂၅၀၀ ဈေးပြန်ကျသွားတာပါ။
မန္တလေးဈေးကွက်မှာတော့ ဈေးတက်တာမရှိဘဲ ငြိမ်နေပြီး မကွေး၊ ပဲခူးဈေးကွက်တွေမှာတော့ ဈေးတွေ အသီးသီးတက်လာပါတယ်။
ပဲတီစိမ်းဈေးတွေဟာလည်း မန္တလေး၊ မကွေး၊ ပဲခူးဈေးကွက်တွေမှာ ဈေးတွေအသီးသီးတက်လာပြီး ရန်ကုန် ဘုရင့်နောင်ဈေးကွက်နဲ့ မွန် ဈေးကွက်တွေမှာတော့ အတက်အကျမရှိပါဘူး။
ဈေးတွေဘယ်လောက်ထိ တက်သွားတယ်ဆိုတာကိုတော့ အောက်ပါဇယားမှာ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။ (ပြီးခဲ့တဲ့ အပတ်သောကြာနေ့က ဥပုသ်နေ့ဖြစ်လို့ မန္တလေးနဲ့မကွေးဈေးကွက်တွေမဖွင့်တာကြောင့် ဇန်နဝါရီ ၁၉ ရက်ဈေးတွေနဲ့ပဲ နှိုင်းယှဉ်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။)

ပဲစင်းငုံနီဈေးတွေတက်နေတာဟာ အိန္ဒိယအပြင် တရုတ်ဘက်ကပါ ဝယ်ယူမှုတွေ ရှိနေတာကြောင့်ဖြစ်ပြီး ပဲတီစိမ်းဈေးဟာလည်း တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လာမှုနဲ့အတူ ဈေးကောင်းနေတာဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအေဂျင်စီ(AMIA) ရဲ့ ယခင်သတင်းပေးပို့ချက်တွေမှာ ဖော်ပြထားပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုမျိုး
လွန်ခဲ့သော ၃ နှစ် ကမက်ပဲစျေးကရှေ့ဆက်တက်ဖိုအလာလားရှိလာခင်ဗျာသိရင်ဖြေပေးကြပါ
နေမင်းထက်
လွန်ခဲ့သော ၃ နှစ် ကFAQ/RC SQ/RC အဲ့ဒါတွေက ဘာကိုဆိုလိုတာလည်းခင်ဗျာ နားမလည်လို့ရှင်းပြပေးစေခြင်ပါတယ် ခင်ဗျာ🙏
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026