သင့်မီးဖိုချောင် ဈေးတက်သွားပါပြီ..
အသုပ်သုပ်လျှင် ကြက်သွန်နိုင်းချင်းနှင့် မစားချင်ပါနှင့်တော့..။ ကြက်သွန်ဈေးတွေက ရန်ကုန် ဘုရင့်နောင်ဈေးကွက်တွင် လက်ကားဈေးပင် ဒီနေ့ပေါက်ဈေး တစ်ပိဿာ ၂၃၅၀ ထိ ဖြစ်သွားပါပြီ။ ရပ်ကွက်ဈေးများတွင်တော့ ကျပ် ၃၀၀၀ ဝန်းကျင် ဖြစ်ကုန်ပြီဖြစ်သည်။
ပဲထမင်းဆီဆမ်းလေးကို ငါးရံ့ခြောက်ဆီဆိမ်လေးနှင့်စားချင်ပါသလား..။ အရင်လို မဟုတ်တော့ပါ။ ချွေချွေတာတာနှင့် ဘွာတေးလုပ်သင့်ပါသည်။ ပဲဆီဈေးက မန္တလေးဈေးကွက်မှာ လက်ကားဈေးတင် တစ်ပိဿာ ကျပ် ၁၄၀၀၀ ကနေ ၁၅၀၀၀ ထိ ဖြစ်သွားပါပြီ။ နှမ်းဆီဈေးကတော့ တစ်ပိဿာ ကျပ် ၁၀၀၀၀ ကနေ ကျပ် ၁၁၀၀၀ ပါတဲ့။ ဟိုကြော် ဒီကြော်အတွက် စားအုန်းဆီကတော့ ကုန်စည်ဒိုင်များတွင် ဈေးမဖွင့်ပါ။ ရပ်ကွက်တွေထဲတွင်တော့ တော်တော်မြင့်နေသည်ကို အိမ်ရှင်မများ သိကြပါလိမ့်မည်။
ဒီတော့ လိုလိုမယ်မယ် ထပ်ပြောထားပါရစေ။ လက်ဖက်သုပ်လေးကို ဆီရွှဲရွှဲလေးနှင့်လည်း သိပ် မမျှော်လင့်တော့စေချင်ပါ။ အရင်လို ကြက်သွန်ဖြူလေးကိုက်ပြီးကော တွဲစားမလား။ စားနိုင်ရင် တော့ စားပေါ့။ သူလည်း ဈေးတက်သည်။

ထမင်းလေးမြိန်အောင် အစပ်ကလေးတွေပါဦးမှဆိုပြီးတော့လည်း အရမ်းကြီး သွားမတောင်းဆို စေချင်။ အိမ်ရှင်မများ စိတ်ငြိုငြင်မှုကို သင်ခံရနိုင်သည်။ ငရုတ်သီးသည် ဈေးထဲတွင် အရင်လို ၁၀၀ ဖိုး၊ ၂၀၀ ဖိုး ဝယ်ရန် ခက်သွားပါပြီ။ အောက်ကဈေးနှုန်းများကို ကြည့်ပါ။ ဈေးသည်တွေလည်း ဘယ်ရောင်းနိုင်ပါတော့မတုန်း။
မော်လမြိုင်ဈေးကွက်တွင် ငရုတ်ရှည်(ကျွန်း) တစ်ပိဿာ ၁၆၅၀၀ ကျပ်ဖြစ်ပြီ။ ငရုတ်ရှည်(မိုးထောင်) နဲ့ ငရုတ်ပွကတော့ တစ်ပိဿာကို ၁၇၅၀၀ ကျပ်နှင့် ၁၈၀၀၀ ကျပ် အသီးသီးပါ။ ပြီးခဲ့သည့်အပတ်နှင့်ယှဉ်လျှင် တစ်ပိဿာ ကျပ် ၆၀၀၀၊ ၇၀၀၀၊ ၈၀၀၀ ခန့် စီ ရုတ်တရက် မပြောမဆို တက်ကုန်ခြင်းဖြစ်သည်။
ဆိုတော့ အားရှိစေမည့် ကုလားပဲလေးပဲ ပြုတ်စား၊ ချက်စား လုပ်တော့မည်ဟု စဉ်းစားပါသလား။ နည်းနည်းတော့ ထပ်ပြီး စဉ်းစားလိုက်ပါဦး။ သူလည်း ငြိမ်မနေပါ။ အခြားတပါးတွေကို အားကျစိတ်ဖြင့် လိုက်တက်ပါသည်။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည် ဈေးကွက်များ။ ဘယ်ဈေးကွက်တွင်မဆို တက်သွားပါသည်။
ဘာတွေဘယ်လို ဘယ်လောက်ထိ ဈေးတက်သွားလဲသိလိုပါက Green Way app ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍအောက်တွင် ဝင်ကြည့်စေချင်သည်။ ပြီးခဲ့သည့်အပတ်နှင့် ယနေ့မတူပါ။ မနေ့ကနှင့် ယနေ့လည်း မတူပါ။ အမြဲတမ်း အပြောင်းအလဲများ ရှိနိုင်ပါသည်။
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ကုန်စည်ဒိုင်အသီးသီးမှ ဈေးကွက်ဈေးနှုန်းများကို ကိုးကားဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးစိုးသန်းစံ
လွန်ခဲ့သော ၄ နှစ် ကဝယ်စာသူသာဈေးတက်ကာ စိုက်ပျိုးတဲ့တောင်သူလည်မရပါ သွင်းအားစုတွေဈေကြီးဒါ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....