တရုတ်ဘက်တွင် ဂိတ်များပြန်ဖွင့်လာ၍ ပဲတီစိမ်း ၃ ပတ်ဆက်တိုက် ဈေးကောင်းရနေ
တရုတ်ဘက်မှာ ဂိတ်များဖွင့်လာတဲ့အတွက် ပဲတီစိမ်းအရောင်းအဝယ်ပြန်ကောင်းလာပြီး ၃ ပတ်ဆက်တိုက် ဈေးကောင်းရရှိနေတယ်လို့ သိရပါတယ်။
ဒေသအချို့မှာလည်း အသစ်တွေ ဈေးကွက်ထဲကို ဆက်တိုက် ဝင်ရောက်နေပြီး ဝင်သလောက် အဝယ်ရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ လက်ရှိ အတက်ဈေးနဲ့ပဲ ဈေးငြိမ်နေပြီး လက်ကျန်မရှိသလောက် ဖြစ်နေတဲ့အတွက် အရောင်းအဝယ်လည်း အေးနေတယ်လို့သိရပါတယ်။ ဒါပေမဲ့ နယ်ဈေးကွက်တွေကတော့ လက်ရှိ အသစ်တွေ ထွက်ရှိနေတာဖြစ်ပြီး အဝယ်လည်းလိုက်နေတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ) က တစ်ပိဿာ ၂၅၈၀ ကနေ ၂၆၇၀ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှဝါ) က တစ်ပိဿာကို ၂၄၁၅ ကနေ ၂၅၃၅ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၁၃၀ မှ ၂၁၈၅ ကျပ် ပေါက်ဈေးရှိနေပါတယ်။
မန္တလေးဈေးကွက်မှာတော့ အရည်အသွေးပေါ်မူတည်ပြီး တစ်အိတ်ကို ၁၄၀၀၀၀ ကနေ ၁၅၂၀၀၀ ကြားအရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။
မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၃၅၀၀၀ ကနေ ၄၉၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၈၅၀၀ ကနေ ၄၉၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
မကွေးဈေးကွက်မှာတော့ တစ်တင်းကို ၄၈၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်ထက်စာရင် ၅၀၀ ကျပ်ဈေးကျဆင်းသွားတယ်လို့ သိရပါတယ်။
မတ်ပဲကတော့ ယခုတစ်ပတ်အတွင်း အတက်အကျအပြောင်းအလဲများခဲ့ပါတယ်။
ငွေကြေးဈေးပြောင်းလဲမှုနဲ့ အဝင်ပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတဲ့အတွက် ဈေးနှုန်းက တည်ငြိမ်မှု မရှိသလို လက်ရှိပေါက်ဈေးထက် ထပ်ကျဆင်းနိုင်ခြေရှိတယ်လို့သုံးသပ်မှုတွေကြောင့် ဈေးအများကြီးမကျဆင်းခင် ရောင်းချမှုတွေ ရှိနေလို့ ဈေးကွက်အတွင်း ဈေးအေးသွားတာလို့လည်း ကုန်သည်တွေက ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာလည်း ငွေကြေးဈေးကျဆင်းမှုအပြင် အခြားတင်သွင်းမှုများ ပိုလာတဲ့အတွက် ဝယ်ယူမှု လျော့နည်းပြီးဈေးတွေကျဆင်းသွားတယ်လို့ သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from AMIA
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....