နွေစပါးသီးထပ်ရင် မျိုးသန့်စိုက်ပျိုးရေး (အပိုင်း ၁)
နွေစပါးအဖြစ် အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလျက်ရှိသော သီးထပ်ရင်စပါးမျိုးနှင့် ပတ်သက်၍ သုတပေးရေးသားလိုပါသည်။
စပါးမျိုးကောင်း
ယခင့်ယခင်ကပင် သီးထပ်ရင်စပါးမျိုးသည် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၊ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီး၌ ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံ၌ နွေစပါးစိုက်ပျိုးရာတွင် ရေမြေဒေသအမျိုးမျိုး ကွဲပြားခြားနားသည်ဖြစ်ရာ သီးထပ်ရင်သည် ဧရာဝတီတိုင်းဒေသကြီး၏ ရေမြေဒေသရာသီဥတုနှင့် အများစုအားဖြင့် ကိုက်ညီသဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွက် မျိုးကောင်းဟုသတ်မှတ်နိုင်ပါသည်။
သီးထပ်ရင်သည် ဒေသအတွင်းရောင်းဝယ်ဖောက်ကားရန် ဈေးကွက်ဝင်သောဆန်အရည်အသွေး ရှိခြင်း၊ ဆန်ထွက်ကောင်းခြင်း၊ ပိုးမွှားရောဂါနှင့် ပေါင်းမြက်ဒဏ်ကိုခံနိုင်ခြင်း စသည့် အရည်အချင်းကောင်းများ ရှိပါသည်။
မိုးစပါးအပြီး နွေစပါးအဖြစ်စိုက်ပျိုးကာ မုတ်သုန်မိုး မလာမီ ရိတ်သိမ်းနိုင်ရန် သင့်တော်သောသက်တမ်း ရက်ရှိခြင်း၊ အပင်ယိုင်လဲလွယ်မှုမရှိခြင်းကြောင့် လေလွင့်ဆုံးရှုံးမှုမရှိခြင်း စသည့် မျိုးကောင်းအင်္ဂါရပ်များနှင့် ကိုက်ညီ၍သာ လယ်သမားများ လက်မလွတ်တမ်းစိုက်ပျိုးနေခြင်း ဖြစ်နိုင်ပါသည်။
အရည်အချင်းလက္ခဏာ
သီးထပ်ရင်စပါးမျိုးကို သုတေသနပြုပြီး ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေခဲ့စဥ်ကပင် သီးထပ်စပါးအဖြစ် စိုက်ပျိုးရန် သင့်တော်သောစပါးမျိုး တစ်မျိုးအနေဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း မှတ်သားမိသည်။
သီးထပ်ရင်စပါးမျိုးသည် အသက်ရက် ၁၁၀ ဖြင့် ရိတ်သိမ်းနိုင်ပြီး အပင်အမြင့်မှာ သုံးပေခန့် ရှိသည်။ အနှံပါပင်ပွား ၁၃ ပင်ပွားနိုင်၍ တစ်နှံပါသီးလုံး ၁၁၀ ခန့်သီး သည့် စပါးမျိုးဖြစ်သည်။ ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်ကာ ဘက်တီးရီးယားရွက်ခြောက် ရောဂါဒဏ်ကို အထိုက်လျောက်ခံနိုင်ကြောင်း သိရပါသည်။
စိုက်ပျိုးနည်းစနစ်
ဧရာဝတီတိုင်းဒေသကြီး၌ သီးထပ်နွေစပါးအဖြစ် သီးထပ်ရင်ကို စိုက်ပျိုးရာတွင် သွင်းရေရရှိမှု အခြေ အနေအမျိုးမျိုး၌ စိုက်ပျိုးလျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး၌ မြစ်၊ ချောင်းအသွယ်သွယ် ဖြန့်ကြက်လျက် ရှိရာ သဘာဝဝင်ရေ၊ မြစ်ရေတင်၊ ချောင်းပိတ်မြောင်းပိတ် စသည့် နည်းလမ်းများကို အသုံးပြုသည်။ ထိုမျှမက ဆည်ရေ၊ ရေစုတ်စက်ဖြင့် စုတ်တင်ရေတို့ဖြင့်လည်း နွေစပါးကို အောင်မြင်စွာ စိုက်ပျိုးလျက်ရှိပါသည်။
သီးထပ်ရင်သီးထပ်နွေစပါး စိုက်ခင်းများသည် စိမ်းစိုညိုမောင်းလျက်ရှိပြီး အပင်ဖြစ်ထွန်းမှုမှာ အမြဲ ကောင်းမွန်သည်ကို တွေ့မြင်ရသည်။ သွင်းရေရရှိရေးကို နွေစပါးရာသီတစ်လျှောက်လုံး ကြိုးစားပြီး အာဟာရ မြေသြဇာကိုလည်း အပင်ဖြစ်ထွန်းချိန်ကာလအတွင်း အကြိမ်ကြိမ်အလီလီကျွေးပေးသည်ကို တွေ့မြင်ရပါသည်။
မျိုးစေ့ကြဲပက် စိုက်ပျိုးပြီးသည်နှင့် လယ်မြေကို ရေပြတ်အခြောက်ခံ၍ အပင်ပေါက်လာသည့် ပေါင်းမြက်ပင်များကို သတ်ပစ်သည်။ နောက်ပိုင်းကာလများတွင်လည်း ပေါင်းမြက်ပင်များ ပေါက်ရောက်လာ ပါက လက်လုပ်နည်းဖြင့် ပိုင်နိုင်စွာနုတ်ပယ်သည်။ နွေစပါးစိုက်လယ်သမားကြီးများ၏ ပြုစုဂရုစိုက်ကြိုးစားမှုများသည် သီးထပ်ရင်စပါးမျိုးကို နှစ်စဥ်ဆက်တိုက် အထွက်ကောင်းစေလိုသောကြောင့် ဖြစ်မည်ဟု ယုံကြည် မိပါသည်။
ဆင်းသီဟ
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မျိုးစပါး
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဆင်းသီဟ
အားလုံး