ဟင်းခတ်အမွှေးအကြိုင်ပင်များကို မျိုးပွားခြင်း
ဟင်းခတ်အမွှေးအကြိုင်ပင်များကို အကိုင်း(ပင်စည်) ကိုဖြတ်၍ဖြစ်စေ၊ အကိုင်းကိုမြေမြှုပ်၍ ဖြစ်စေ၊ ပင်ပွားကိုခွဲ၍ဖြစ်စေ လွယ်ကူစွာမျိုးပွားနိုင်သည်။
(က) ကိုင်းဖြတ်ကူးခြင်း (Cutting)
သစ်သား ရှိသည့်အပင်မျိုးမှ အကိုင်း(သို့) ပင်စည်ကို ဖြတ်၍ အမြစ်ထွက်အောင် လုပ်နိုင်သည်။ သစ်သားပျော့မျိုးမှ ကိုင်းဖြတ်ကူးရန်မှာ အသစ်ထွက်ပြီး အသားမမာသေးမီ ကိုင်းမှ၊ နွေဦးပေါက်နှင့် နွေရာသီအစောပိုင်းတွင် ဖြတ်ယူ၍ ပျိုးထောင်ရသည်။ သစ်သားမပျော့မမာမျိုးမှ ကိုင်းဖြတ်ကူးရန်မှာ အရင်းပိုင်းမာနေပြီးဖြစ်သော အကိုင်းမှ နွေရာသီအလယ်တွင်ဖြတ်ယူ၍ ပျိုးထောင်ရသည်။ သစ်သားမာသောမျိုးမှ ကိုင်းဖြတ်ကူးရန်မှာ သစ်သားဖြစ်ပြီး မာနေပြီဖြစ်သောအကိုင်းမှ ရာသီကုန်ချိန်တွင်ဖြတ်ယူ၍ ပျိုးထောင်ရသည်။
အထက်တွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း အကိုင်းဖြတ်ရာတွင် ၄-၆ လက်မခန့်ရှည်သော သန်မာသည့်အကိုင်း (ပင်စည်) ဖြစ်ရသည်။ အရွက်အထက်နားမှ ဖြတ်ယူရသည်။ ကိုင်းကို မထိခိုက်စေဘဲ အရင်းပိုင်း ၃ပုံ ၁ပုံမှာရှိသော အရွက်များကို ဖယ်ရှားပစ်ရသည်။ အရင်းပိုင်းအဆုံးကို အမြစ်ထွက်စေသော ဟော်မုန်းဆေးတွင် နှစ်၍ စိုက်ပျိုးရသည်။
ပိုးမွှားရောဂါကို သတ်ထားသော ပျိုးထောင်မည့် မြေအစိုတွင် တူနှင့်ထိုး၍ ကျင်းလုပ်ပြီး ဟော်မုန်းဆေးတွင် နှစ်ထားသောအရင်းပိုင်းကို အရွက်များ (မခြွေဘဲ ကိုင်းတွင်ချန်ထားသောအရွက်များ) အထိထည့်၍ စိုက်ရသည်။ ထိုကိုင်းအခြေကို မြေများကြပ်သွားအောင် ဖိနှိပ်ပေးရသည်။ တစ်ပင်နှင့်တစ်ပင် ၂-လက်မခန့်ခွာပေးရသည်။ အမျိုးနာမည်နှင့်စိုက်သော ရက်စွဲတပ်၍ အမှတ်အသားထားရသည်။
ထိုပျိုးအိုး သို့မဟုတ် ပျိုးခင်းကို ပလပ်စတစ်စဖြင့် အရွက်များကို မထိစေဘဲ ဖုံးအုပ်ပေးရသည်။ ထိုသို့လုံအောင် အုပ်ဆိုင်းပေးခြင်းဖြင့် မြေအစိုဓာတ်ကို ထိန်းပေးပြီး ညှိုးပြီးသေမှုကို ကာကွယ်ပေးသည်။ သို့ရာတွင် အပူချိန်များသောနေရာဖြစ်ပါက အပင်များ အပူလောင်တတ်သည်။ ထို့ကြောင့် နေရောင်ခြည်ကို တိုက်ရိုက်ထိုးသောနေရာတွင် မထားရချေ။ အုပ်မိုးထားသော ပလပ်စတစ်ကို အပေါက်ဖောက်ပေးခြင်းဖြင့် လေပူများကို ထွက်စေနိုင်သည်။
ပျိုးအိုး(သို့မဟုတ်) ပျိုးခင်းသည် တိုက်ရိုက်မဟုတ်သောနေရောင်ကောင်းစွာရပြီး အသင့်အတင့်စိုထိုင်းသောနေရာဖြစ်ရသည်။ အနွေးပေးထားသောကိရိယာပေါ်သို့ ပျိုးအိုးကိုတင်ပေးပါက အမြစ်အတွက်မြန်သည်။ ကိုင်းဖြတ်ပျိုးပင်များသည် ၄-၆ ပတ်ခန့်ကြာသောအခါ အညွှန့်အတက်ကလေးများ ပြူထွက်လာလျှင် အုပ်မိုးထားသော ပလပ်စတစ်ကို ဖယ်ရှားပေးရသည်။
ပျိုးကိုင်းကို လက်နှင့်နှုတ်ကြည့်သောအခါ အလွယ်တကူကျွတ်ထွက်မလာချေ။ အမြစ်များက ဆွဲငင်ထားကြသည်။ အမြစ်ထွက်ကြာမြင့်ချိန်သည် သီးနှံမျိုးအပေါ် မူတည်သည်။ ပျိုးပင်များ အမြစ်ထွက်လာလျှင် အပင်ကို နေရောင်ရအောင် ဖန်တီးပေးရသည်။ ရေကိုလျော့၍ ပေးရသည်။ သို့မှသာအကွက်ထဲချ၍ စိုက်ပျိုးရာ၌ အလေ့အကျင့်ရပြီးဖြစ်၍ အပင်ဖြစ်ထွန်းသည်။ အချို့သီးနှံများ (ပူဒီနံ၊ ပင်စိမ်း၊ ရို့စ်မေရီ၊ အော်ရီဂန်နို၊ သိုင်း စသော သီးနှံများ) သည် ပျိုးကိုင်းများ မရင့်မာသေးလျှင် ရေထဲ၌ပင် အမြစ်ထွက်ကြသည်။
(ခ) အကိုင်းကို မြေမြှုပ်၍ မျိုးကူးခြင်း
အပင်အနိမ့်မျိုး၊ မြေပေါ်တွင် တွားသွားသောမျိုးတို့ကို ကိုင်းဖြတ်၍ အမြစ်ထွက်စေရန် မလွယ်ကူချေ။ ထိုသီးနှံမျိုးများအတွက် အကိုင်းကို မြေမြှုပ်၍ အမြစ်ထွက်စေရသည်။ ထိုသို့ မျိုးကူးသည့်အကိုင်းသည် ပင်စည်မှ ဖြစ်တောက်မထားဘဲ တွဲလျက်ရှိနေရသည်။
မျိုးကူးမည့်အကိုင်းကို ကွေးညွှတ်၍ မြေကြီးတွင် ကျင်းလုပ်ပြီး ထည့်ရသည်။ ထိုအကိုင်းမရွေ့လျားစေရန် ငုတ်စိုက်၍ဖြစ်စေ၊ ခဲလုံးဖိ၍ဖြစ်စေ ထိန်းထားရသည်။ မြေကျင်းထဲမှ သစ်ကိုင်းပေါ်သို့မြေဖို့ပြီး အနည်းငယ်သိပ်နှိပ်ပေးရသည်။ အတက်ထွက်လာသောအခါ မူလပင်မမှအမြစ်ပါသော အတက်ကို ဖြတ်ယူပြီး၊ အမြန်ပြန်၍စိုက်ပျိုးရသည်။
(ဂ) အပင်ပွားကို ခွဲယူခြင်း
နှစ်ရှည်သီးနှံအများစု (ဥပမာ- အော်ရီဂန်နို၊ လီမွန်ဘမ်း) သည် ပင်ပွားများ တိုးတက်ပွားများလေ့ရှိသည့်။ ထိုသို့ပွားများလာသော အပင်သစ်များသည် မူလအပင်အတွက်ပြည့်ကြပ်နေပြီးနောက်ဆုံးတွင် ယိုင်လဲသွားကြသည်။ ထိုသို့အုံကြီးဖြစ်နေလျှင် တူးထုတ်ပြီး ခွဲပေးရသည်။ သို့မဟုတ် အပြင်ဆုံးမှ အပင်ငယ်များကို တူးယူရသည်။ နွေဦးပေါက်အချိန်၌ဖြစ်စေ၊ ဆောင်းဦးပေါက်အချိန်၌ဖြစ်စေ အပင်ပွားများကိုခွဲယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။
ဒေါက်တာချစ်၏ စားဖို့၊ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Naingmin U
လွန်ခဲ့သော ၅ နှစ် က၊
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026