ရွှေဖရုံ စိုက်ပျိုးနည်း
၁။ မူရင်းဒေသ
ရွှေဖရုံကို တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်အကြား အပူအပိုင်းဒေသတွင် စတင်ပေါက်ရောက် သည်ဟု ယူဆရသည်။
၂။ အမျိုးအစား
မြန်မာနိုင်ငံတွင် ရွှေဖရုံသီးမျိုးပေါင်း မြောက်များစွာရှိပြီး အသီးပုံသဏ္ဍာန်နှင့် အရွယ်အစား အမျိုးမျိုးလည်း ရှိ သည်။ အချို့အသီးမှာ ဘောက်စောက်ဖြစ်၍ နှစ်ပေခန့်အထိရှည်သည်။ အချို့မှာ ဝိုင်း၍ ပြားပြီး အမြှောင်းထ သည်။ ထိုမျိုးတွင် စေးသောမျိုးနှင့် မစေးသောမျိုးဟု (၂) မျိုးရှိသည်။ စေးသောမျိုးသည် ရွှေဝါရောင်အသားရှိ၍ မာသည်။ မစေးသောမျိုးက အသားပွ၍ အဝါရောင်ဖျော့သည်။ အရှည်မျိုးမှလွဲ၍ ကျန်မျိုးများမှာ အလုံးသေးကြ သည်။
မြန်မာအမည်မှာ ရွှေဖရုံဖြစ်ပြီး၊ အင်္ဂလိပ်အမည်မှာ Pumpkin ဟုခေါ်သည်။
၃။ စိုက်ပျိုးသည့် ဒေသ၊ ရေမြေ၊ ရာသီဥတု
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အကြီးအကျယ်စိုက်ပျိုးပြီး အောက်မြန်မာပြည် တွင်လည်း အနည်းကျဉ်းစိုက်ပျိုးကြသည်။
မြေဆီဩဇာထက်သန်မှုကိုကြိုက်သောကြောင့် နုန်းဆန်သောမြေ၊ မြေနီသဲဝန်း၊ နုန်းစနယ် မြေများတွင် စိုက်ပျိုး ရန် သင့်တော်သည်။ မြေချဉ်ငံဓာတ် (၆ - ၆.၅) အတွင်းတွင် ပိုမိုဖြစ်ထွန်းသည်။
ပူနွေးသောရာသီဥတုတွင် ပိုမိုဖြစ်ထွန်းသော်လည်း အတော်အသင့်အေးသော ရာသီတွင်လည်း စိုက်ပျိုးနိုင်ပါ သည်။ အသက်ရက် (၁၀၀) မှ (၁၂၀) အထိရှိသည်။ သက်တမ်း ၄ လ အတွင်း ဆီးနှင်းကင်းသောအရပ်ဒေသတွင် စိုက်ပျိုးရန် လိုအပ်ပါသည်။
၄။ မြေပြုပြင်ခြင်း
ရွှေဖရုံစိုက်ပျိုးရန်အတွက် ထယ်တစ်စပ်ထိုးပြီးနောက် ထွန်ဖြင့် (၆ - ၈) စပ်အထိ ထွန်ရေးကောင်းရသည်အထိ ထွန်ပေးရန်လိုသည်။ ပြီးနောက် ကြမ်းတုံးရိုက် မြေညှိထားရမည်။
၅။ မြေဩဇာကျွေးနည်း
တစ်ဧကလျှင် နွားချေး တန် (၂၀) မှ (၃၀) ထိ၊ ယူရီးယား တစ်ဧကလျှင် (၂၂၄) ပေါင်၊ ဖော့စဖိတ် (၁၁၂) ပေါင် ထည့်ပေးရန်လိုအပ်သည်။ ယူရီးယား (၁၁၂) ပေါင်နှင့် တီစူပါ (၁၁၂) ပေါင်ကို ထယ်ရေးပြင်ချိန်တွင် ထည့်ပေးပြီး သမအောင်ထွန်မွှေပေးပါ။ ကျန်ယူရီးယား (၁၁၂) ပေါင်ကို ပန်းစပွင့်ချိန်တွင် အခင်းတွင်းကြဲပက်ပေးရသည်။
၆။ မျိုးပွားနည်း / စိုက်ပျိုးနည်း
ရင့်မှည့်သောအသီးမှ မျိုးစေ့ခံယူပြီး မျိုးပွားရသည်။ ရွှေဖရုံကို မိုးဦးတွင် မေလနှင့်ဇွန်လတွင် စိုက်ပျိုးပြီး ဆောင်းရာသီတွင် အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် စိုက်ပျိုးသည်။ ထယ်ရေးကောင်းစွာရပြီး ကြမ်းရိုက် မြေညှိထားသောအကွက်တွင် (၃) ပေခြား၊ တစ်တန်းနှင့်တစ်တန်း (၂၀) ခွာ၍ တစ်ကျင်းတွင် (၃ - ၄) စေ့ချစိုက် ပါ။တစ်ဧကမျိုးစေ့နှုန်းမှာ (၂ - ၃) ကီလိုဂရမ်ဖြစ်ပါသည်။ ဆောင်းစိုက်တွင် ရေတစ်ကြိမ် နှစ်ကြိမ် သွင်းပေးရန် လိုအပ်ပါသည်။
၇။ အပင်ပြုစုနည်း
ရွှေဖရုံပင်ငယ်များတစ်လသားခန့်ရှိသောအခါ ကြားထွန်ဝင်ပေးပြီး အပင်ခြေရင်းရှိပေါင်းများကို လက်ပေါင်းလိုက် ပေးပါ။ အခြေအနေအရ (၁၅) ရက်ခြား (သို့) (၂၀)ရက်ခြား ပေါင်းလိုက်ပေးရန်လိုအပ်သည်။ မိုးများလျှင် အခင်းတွင်း ရေမဝပ်စေရန်ရေထုတ်ပေးရပါမည်။
၈။ အသီးခူးဆွတ်နည်း
စိုက်ပြီး အပင်သက်တမ်း (၁၀၀ - ၁၂၀) ရက်ကြာလျှင် အသီးများရင့်မှည့်ပြီဖြစ်၍ စတင်ခူးနိုင်သည်။ ရွှေဖရုံသီး များကို ကောင်းစွာရင့်မှည့်မှည့်မှ ဆွတ်ခူးရန်လိုသည်။ ဖရုံသီးကို အညှာဖြင့်ထားပါက ပိုမိုကြာရှည်စွာ ထားနိုင် သည်။ ရွှေဖရုံသီးတစ်ဧကလျှင် (၁၅၀၀ - ၂၀၀၀)အထိ သီးနိုင်ပါသည်။
၉။ မျိုးစေ့ထုတ်လုပ်နည်း
ရင့်မှည့်၍ရောဂါကင်းသော ရွှေဖရုံသီးကို ထက်ခြမ်းခွဲပြီး အစေ့များထုတ်ယူပါ။ ထို့နောက်အစေ့များကိုရေဆေးပြီး နေ လှန်းပါ။ သန့်ရှင်းခြောက်သွေ့သောအစေ့များကို လေလုံဘူး (သို့) ပုလင်းထဲ ထည့်သွင်းသိုလှောင်နိုင်ပါသည်။
၁၀။ သတိပြုရန်အချက်များ
(၁) ရွှေဖရုံစိုက်ရာတွင် ကျိုင်းကောင်ကို အထူးဂရုစိုက်နှိမ်နင်းရန် လိုအပ်သည်။
(၂) အသီးတင်နည်းပါက အမပွင့်များအား အဖိုပွင့်မှ ဝတ်မှုံကူးပေးရန်လိုအပ်ပါသည်။
ကိုဆန်နီ
လွန်ခဲ့သော ၂ နှစ် ကရွှေဖရုံပင်က အရွက်ဘယ်လောက်မှာခေါင်နှိမ်ပေးရတာလဲ။ ကျောက်ဖရုံမှာကျတော့ ရွက် ၇ ရွက် ဆို ခေါင်နှိမ်ပေးရတယ် ပြောလို့ပါ။
ဦးသိန်းရ
လွန်ခဲ့သော ၃ နှစ် ကလွယ်ပါတယ်
ကိုပြည့်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးတင်ပါတယ်
phyo wai
လွန်ခဲ့သော ၄ နှစ် ကအဖိုပွင့်တွေကြည့်ပွင့်နေတယ် ဘယ်လိုလုပ်ရမလဲဗျ
Right
လွန်ခဲ့သော ၄ နှစ် ကအမ်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....