ကော်ဖီပင် ပျိုးထောင်ခြင်း
ဒီတစ်ပတ်မှာတော့ ကော်ဖီပင်ပျိုးထောင်ခြင်းအကြောင်းလေး ပြောပြပေးချင်ပါတယ်။ စိုက်ပျိုးရေးစိတ်ဝင်စားသူ တော်တော်များများက ကော်ဖီစိုက်ဖို့ စိတ်ဝင်စားကြပါတယ်။ ဒါပေမဲ့ ကော်ဖီပင်ဘယ်လိုပျိုးရမလဲကို သိတဲ့သူနည်းတယ်လို့ တွေးမိသောကြောင့် ရေးလိုက်ပါရစေ။
ကော်ဖီအကြောင်းကိုပြောရင် ကုန်းမြင့်ကော်ဖီ (Arabica) နဲ့ မြေနိမ့်ကော်ဖီ (Robusta) ကို မေ့ထားလို့မရပါဘူးနော်။
ကော်ဖီပင်ကို ပျိုးမယ်ဆိုပါက ပျိုးနည်း -၃ နည်းရှိပါတယ်။
၁) မျိုးစေ့မှ မျိုးပွားနည်း
၂) ပင်ပိုင်းမျိုးပွားနည်း
၃) Tissue Culture နည်းဖြင့်မျိုးပွားနည်း
၁) မျိုးစေ့မှ မျိုးပွားနည်း
မျိုးစေ့ခံယူရန် မိခင်ပင်သည်
- ၈ -၁၅ နှစ်သား
- ရောဂါပိုးမွှားကင်း၊ အသီးတင်မှုကောင်းပြီး
- ကော်ဖီဆံအရည်အသွေးနှင့် တခြားအရည်အသွေးများကောင်းရန် လိုအပ်ပါတယ်။
မျိုးစေ့ရွေးချယ်ခြင်းနှင့် စုဆောင်းခြင်းကို လုပ်ဆောင်တော့မည်ဆိုပါက
- ပြည့်ပြည့်ဝဝမှည့်နေသော အလယ်ကိုင်းများ၏ အလယ်ပိုင်းမှအသီးကို ခူးရပါမယ်။
- ရေစိမ်လိုက်ပါက ရေပေါ်မှာပေါ်သော အစေ့အဆံမအောင်သော အသီးများကို ဖယ်ရပါမယ်။
- အခွံချွတ်၊ အကျိအချွဲဆေးရန် 10 နာရီ ရေစိမ်ရပါမယ်။
- လေသလပ်အခြောက်ခံပြီး မကောင်းသော၊ မှိုတတ်နေသော၊ အခြမ်းပဲ့နေသော အစေ့များအား ဖယ်ရှားပစ်ပြီး လေလုံအောင် အိတ်နှင့်သိမ်းဆည်းပါ။
ပျိုးထောင်မယ်ဆိုပါက ပျိုးဘောင်ကို အရိပ် ၇၀ % ရသောနေရာမှာ စနစ်တကျပြင်ဆင်ပါ။ ပုံမှန်အားဖြင့် ဖေဖော်ဝါရီလမှာ ပျိုးကြပါတယ်။
ပျိုးတဲ့အခါမှာ ကော်ဖီစေ့လေးကို မှောက်ခုံလေးစိုက်ပြီး တန်းကြား - ၄ လက်မ၊ မျိုးစေ့ကြား -၁ လက်မနဲ့ မြေအနက် ၀.၅ လက်မ ထား ပျိုးကြပါတယ်။
- အပေါ်ကနေ သဲနှင့် မြေအရော ဖုံး၊ ထိုအပေါ်မှာ ကောက်ရိုးဖုံးပေးကြပါတယ်။
အပင်လေးပေါက်လာဖို့
- ရက် ၃၀ - ၅၀ ကြာမြင့်ပါတယ်။ အပင်ပေါက်ရန် အပူချိန် ၂၈-၃၀ 'C လိုအပ်ပါတယ်။
- ၂ - ၃ သားအရွယ်မှာ ပျိုးအိတ်ထဲသို့ပြောင်းပေးပြီး (အမြစ်ကောက်၊ ပျိုးသက်ရင့်၊ ရောဂါကျနေသောအပင်များအား ဖယ်ပါ) ပြုစုစောင့်ရှောက်မှုနှင့် နေရောင်ဒဏ်ခံနိုင်ဖို့ တစ်ဆင့်ချင်းစီ နေကျင့်ပေးထားပါတယ်။
ပျိုးအိတ်အတွင်းသို့ ရွှေ့ပြောင်းခြင်းတွင်
- ပျိုးအိတ်အရွယ်အစား -၆ x ၈ လက်မ ကိုသုံးပါ။
- တောမြေဆွေး ၄ ဆ, နွားချေးမြေဆွေး ၁ ဆ ရောထည့်ပါ။
ပျိုးအိတ်ထဲ ထည့်မည်ဆိုပါက ၂ လက်မအနက် ကျင်းလေးဖောက်ပြီး၊ ပျိုးပင်ကို တည့်တည့်စိုက်ပြီး၊ မြေကိုသေသေချာချာ ဖိသိပ်ပေးပြီး ပျိုးဘောင်စနစ်တကျဖြင့် စီစီရီရီထားရပါမယ်။
နေကျင့်ရာတွင် မြေချမစိုက်မီ
၂ လခွဲခန့်အလိုတွင် -၂၅ % အရိပ်ဖယ်ပါမယ်။
၁ လခွဲခန့်အလိုတွင် - ၂၅ % နှင့်
၁၅ ရက်ခန့်အလိုတွင် -၁၀၀ % လုံးဝ အရိပ်ဖယ်ပေးရပါသည်။
- ပျိုးသက် ၈ - ၁၂ လသားအရွယ်၊ အရွက် ၆ - ၈ ရွက်စုံပါက စိုက်ခင်းသို့ ပြောင်းရွေ့စိုက်နိုင်ပါပြီ။
၂) ပင်ပိုင်းမျိုးပွားနည်း
ဒီမှာတော့ ကိုင်းထိုးနည်း၊ ကိုင်းဆက်နည်း၊ အဖူးမြှပ်ခြင်းများဖြင့် လိုအပ်သလို ပျိုးနိုင်ပါတယ်။
၃) Tissue Culture နည်းဖြင့်မျိုးပွားနည်း
ဒါကိုတော့ မြန်မာပြည်မှာလုပ်ဆောင်တာ မကြာသေးပါဘူး။ Culture နည်းဖြင့် မျိုးပွားဖို့ကိုတော့ ပျိုးပင်သက် ၁ နှစ်ဆိုပြီး သုံးကြပါတယ်။ ပြင်ဦးလွင် ကော်ဖီသုတေသနခြံမှာ စတင်မွေးမြူရာ အောင်မြင်တယ်လို့သိရှိရပါတယ်။
နောက်ဆုံးအနေနဲ့ ကော်ဖီက အစေ့အပင်ပေါက်ရန် ကြားနေကာလမရှိပါဘူး။ ကုန်းမြင့်ကော်ဖီ အစေ့သက်တမ်းက ၆ လထိခံပြီး မြေနိမ့်ကော်ဖီကတော့ ၂ လပဲခံတာကိုတော့ သတိပြုသင့်ပါတယ်။
ကော်ဖီပင်ပျိုးထောင်နည်းဆောင်းပါးကို KMSS အဖွဲ့က ပံ့ပိုးကူးညီထားပါတယ်ရှင်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Shwe Myint
လွန်ခဲ့သော ၇ လ ကဘယ်နှစ်လသားအရွယ်မှာပျိုးအိတ်ထဲထည့်သင့်သလဲ
May Thu Htaik
လွန်ခဲ့သော ၂ နှစ် ကကော်ဖီပင်က လေးလအတွင်း ဘယ်လောက်ထိကြီးထွားနိုင်လဲ
khun kyaw htee
လွန်ခဲ့သော ၂ နှစ် ကမိုးရာသီ မှာ စိုက်ရင် အကောင်းဆုံးပါ ကော်ဖီက
သန့်ဇင်ဝင်း
လွန်ခဲ့သော ၄ နှစ် ကဦးကြီးတို့စာလေးသေချာဖက်ပေကြပါ
မမြတ်မြတ်စိုး
လွန်ခဲ့သော ၄ နှစ် ကမျိုးစေ့ဘယ်မှာဝယ်ရမလဲမြေနိမ့်မျိုး
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from မြတ်စုဝေ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....