စိုက်ပျိုးရလွယ်ကူ အကျိုးထူးတဲ့ ချစ်တီးပန်း
နေကြာမျိုးရင်းဝင်တစ်ခုဖြစ်တဲ့ ချစ်တီးပန်းဝါလေးတွေ စိုက်ပျိုးချင်တယ်ဆိုရင်တော့ အစေ့ကနေလည်း စိုက်ပျိုးလို့ရသလို ကိုင်းချိုးပြီးလည်း စိုက်ပျိုးနိုင်ပါတယ်။ မျိုးစိတ်ပေါင်းရာချီရှိပြီး နီမတုတ်ရောဂါတွေအတွက် စိုက်သင့်တဲ့မျိုးကတော့ (Tagete patula ) ဖြစ်ပါတယ်။ ခရမ်းချဉ်မှာကျရောက်တတ်တဲ့ ယဉ်ဖြူတွေ၊ ဂေါ်ဖီထုပ်တွေမှာ ကျရောက်တတ်တဲ့ လိပ်ပြာတွေကနေ နီမတုတ်ရောဂါတွေအတွက် ထိရောက်မှုရှိတာကြောင့် ကိုယ့်သီးနှံစိုက်ခင်းတွေကြားမှာ သီးညှပ်စိုက်ပျိုးချင်သူများအတွက် စိုက်ပျိုးနည်းလေးတွေ ဖော်ပြလိုက်ရပါတယ်...
ကိုင်းဖြတ်စိုက်ပျိုးနည်း
• မိခင်ပင်ရဲ့အညွန့်ထိပ်ကနေ ၄ လက်မ ၅ လက်မ လောက်ချန်ပြီး ဖြတ်ပါ။ မနုမရင့်ကိုင်းကို ရွေးဖြတ်ပါ။ ဖြတ်တဲ့အခါမှာ ကတ်ကြေးပြတ်ပြတ် သို့မဟုတ် ထက်တဲ့ဓားကိုသုံးပါ။
• ဖြတ်ပြီးသားကိုင်းတွေကို အရွက်တွေ သင်ရပါမယ်။ ထိပ်အညွန့်ကနေ (၂) ရွက် လောက်သာထားပြီး ကျန်တာတွေကို ဖယ်လိုက်ရပါမယ်ရှင့်။ (အရွက်တွေရှိနေရင် ပျိုးပင်အတွက် ရေဆုံးရှုံးမှုများစေတာကြောင့်ပဲဖြစ်ပါတယ်။ ပျိုးပင်အစာချက် လုပ်ဖို့အတွက် အပေါ်နှစ်ရွက်လောက်နဲ့သာလုံလောက်ပါတယ်)
• ကိုင်းတွေစိုက်ဖို့ မြေပြင်တဲ့အခါမှာတော့ ခြံထဲကမြေကြီး ၄ ဆ+ သဲ ၂ ဆ + သဘာဝမြေဆွေး ၂ ဆကို ရောနှောပြီးအသုံးပြုရင် အကာင်းဆုံးပါ။
• ထည့်စရာခွက်ကိုတော့ အဆင်ပြေသလို အသုံးပြုလို့ရပါတယ်ရှင့်။ ထည့်စရာရဲ့ အောက်ခြေမှာ လေဝင်လေထွက်ရအောင် အပါက်လေးတွေဖောက်ပေးပြီး ရေနဲ့မြေတွေ အလွန်အကျွံစိမ့်ထွက်မသွားအောင် ကျောက်စရစ်ခဲလေးတွေခံပြီးမှ ရောစပ်ထားတဲ့မြေကြီးကို ထည့်သင့်ပါတယ်ရှင့်။
• ကိုင်းဖြတ်စလေးတွေ ပျိုးဖို့အတွက် မြေအဆင်သင့်ဖြစ်ပြီဆိုရင်တော့ လက်ညှိုးလေးနဲ့ဖြစ်ဖြစ် အပေါက်လေးတွေလုပ်ပြီး ကိုင်းဖြတ်စကို ပျိုးနိုင်ပါပြီ။
• မြေကြီးနဲ့ ကြပ်ကြပ်လေးဖြစ်အာင်ဖိပြီး နှံနှံစပ်စပ်လေး ရေလောင်းပေးပါ။ ပျိုးထောင်ထားတဲ့အပင်တွေကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့တဲ့နေရာမှာ ထားဖို့တော့လိုပါမယ်။
• အလင်းရောင်ရပြီး နေရောင်တိုက်ရိုက်မရတဲ့နေရာမှာ ထားလိုက်ပါ။ အရမ်းခြောက်မသွားအောင် ရေပုံမှန်လောင်းပေးဖို့တော့ လိုပါတယ်ရှင့်။ (၁၂) ရက်ကြာတဲ့အခါ အရွက်စစ်ကြားလေးတွေမှာ အညွန့်လေးတွေထွက်နေတာကို မြင်ရမှာပါ။ ဒီအချိန်မှာ အမြစ်တွေလဲထွက်နေပြီမို့ ရွေ့ပြောင်းစိုက်လို့ရပါပြီ။
မျိုးစေ့မှ စိုက်ပျိုးနည်း
ပန်းအခြောက်လေးတွေရဲ့ဝတ်ဆံကနေ ပန်းမျိုးစေ့တွေရယူနိုင်ပါတယ်။ အမဲရောင် အစေ့ လေးတွေပါတဲ့ ဝတ်ဆံလေးတွေကိုပဲ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ မြေအချိုးအစားကိုတော့ ကိုင်းကူး စိုက်တုန်းကလိုပဲ ရောစပ်ရမှာပါ။ ပျိုးမယ့်ထည့်စရာ ခွက်ကိုလည်း အထက်ဖော်ပြပါအတိုင်း ပြင်ဆင်ရမှာပါ။ ပြီးရင်တော့ မျိုးစေ့လေးတွေမစိုက်ခင် ရေနှံစပ်အောင်လောင်းပေးရပါမယ်။ မျိုးစေ့တွေကြဲပြီး မြေပါးပါးလေး ထပ်အုပ်ပေးထားမယ်ဆိုရပါပြီ။ နေရောင် တိုက်ရိုက်မရတဲ့နေရာမှာထားပြီး ရေပုံမှန်လောင်းပေးရပါမယ်။ ၁၆ ရက် လောက်ကြာတဲ့အခါမှာဆိုရင်တော့ မိမိလိုချင်တဲ့နေရာကို ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါပြီ။
သိမ့်ဇာ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from သိမ့်ဇာ
အားလုံး