ပဲဖြူကလေးစိုက်ပျိုးနည်း
ပဲဖြူကလေးကို ဝါခေါင်လမှ နတ်တော်လအတွင်း စိုက်ပျိုးနိုင်သည်။ အပင်အမြင့်မှာ ပုံမှန်အားဖြင့် ၂ ပေလောက်ရှည်ပြီး တစ်ပင်တွင် သီးတောင့် ငါးတောင့်သီးပြီး သီးတောင့်တစ်တောင့်လျှင် ၅-၆ စေ့လထိပါရှိပါသည်။ ပဲဖြူကလေးကို များသောအားဖြင့် စွပ်ပြုတ်တွင်ထည့်ချက်ကြပြီး ဟင်းအမယ်အဖြစ်လည်း ချက်စားကြတာများပါသည်။ ပဲဖြူကလေးကို စိုက်ခင်းတစ်ခုထဲတွင် လေးနှစ်တစ်ကြိမ်စိုက်ခြင်းထက်ပို၍ မစိုက်ပျိုးသင့်ပါ။ ပြောင်း၊ စတော်ဘယ်ရီ၊ သခွားသီး တို့ဖြင့် ကြားသီးနှံအဖြစ်စိုက်ပျိုးနိုင်ပြီး ကြက်သွန်နီ၊ စမုန်နက်အခင်းများအနီးတွင် မစိုက်ပျိုးသင့်ပါ။
ရာသီဥတု
မိုးနည်းရေရှားရပ်ဝန်းတွင် စိုက်ပျိုးရန် အထူးသင့်တော်သည်။
မြေအမျိုးအစား
ရွှံ့စေးအနည်းငယ် ရောစပ်ပါဝင်သည့် နုံးမြေနှင့် မြေပွများတွင် ကောင်းစွာဖြစ်ထွန်းမှုရှိသည်။ အထူးသဖြင့် ရေကိုထိန်းထားနိုင်စွမ်းရှိသော နုန်းမြေပွများတွင် စိုက်ပျိုးပါက အထွက်နှုန်းကောင်းစေသည်။ သို့သော် ပွလွန်းသောမြေတွင် စိုက်ပျိုးပါက ပဲစေ့အနားသတ်တစ်ဝိုက်တွင် အဝါပေါက်တတ်သည့်အပြင် အခွံလည်းတွန့်၍ ရှုံ့တွတွဖြစ်နေတတ်သည်။ မြေချဉ်ငံဓာတ် (၆-၇) အထိစိုက်ပျိုးနိုင်သည်။
စိုက်ပျိုးခြင်း
ပြုပြင်ထားသောစိုက်ခင်းတွင် ကြဲပက်ပြီးနောက် ထွန်တုံးဖြင့်လိုက်၍ မှုန်းခြင်းဖြင့်သော်လည်းကောင်း၊ ထွန်ကြောင်းများထဲတွင် စီ၍ချပြီးနောက် ထွန်မှုန်းခြင်းဖြင့်သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။ ထူထပ်စွာ ကြဲပက်စိုက်ပျိုးပါက မှိုရောဂါများနှင့် ပိုးများကျရောက်တတ်သဖြင့် အတန်းလိုက်စိုက်ပျိုးပါက ပို၍ကောင်းပါသည်။ အတန်းလိုက်စိုက်ပျိုးရာတွင် တစ်တန်းနှင့်တစ်တန်း ၁-၂ ပေအထိထား၍ စိုက်ပျိုးရမည်။ ပဲပင်များနွယ်တက်ရန် သစ်သား(သို့မဟုတ်) ဝါးစင်များထားရှိပေးရမည်။ သို့မဟုတ် ဖူးစားပြောင်းများနှင့်ရော၍ စိုက်ပျိုးနိုင်သည်။ ဖူးစားပြောင်းများမှာ ပဲဖြူကလေးနှင့် တစ်ချိန်တည်းကြဲပက်စိုက်ပျိုးသော်လည်း ပဲထက်စော၍ ကြီးပြင်းသည့်အပြင် ပြောင်းဖူးကို အရင်စားရသည်။ တစ်ဧကမျိုးစေ့ (၈-၁၄) ပြည်အထိ လိုအပ်ပြီး ဖူးစားပြောင်းနှင့်ရောစိုက်ပါက မျိုးစေ့အား လျော့၍စိုက်ပျိုးရမည်။
ရေသွင်းခြင်း
ရေသွင်းရာတွင် အရွက်များ အရမ်းစိုစွတ်အောင် ရေမပေးသင့်ပါ။ မှိုရောဂါကို အားပေးသောကြောင့် ဖြစ်ပါသည်။ မိုးခေါင်မှုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း မြေကြီးအပေါ်ယံလွှာ ခြောက် မခြောက်ကို အမြဲစစ်ဆေးပေးနေပြီး ရေလောင်းပေးနိုင်ပါသည်။
အပင်ပြုစုခြင်း
အထူးတလည် မြေသြဇာကျွေးရန် မလိုအပ်သော်လည်း အရွက်များ အရောင်ဖျော့နေရင်တော့ နိုက်ထရိုဂျင်ကြွယ်ဝတဲ့မြေသြဇာ (သို့) သဘာဝမြေသြဇာများ ကျွေးပေးနိုင်ပါသည်။
အပင်ပေါက်လာသည့်အခါ တစ်လအတွင်း ပေါင်းသင်ခြင်း၊ မြေဆွခြင်းများ ပြုလုပ်ပေးပါ။ ထိုရက်ထက်ကျော်သွားပါက ပဲပင်များသန်စွမ်းလာပြီဖြစ်သဖြင့် ပေါင်းထိုးမြေဆွပေးရန် မလိုအပ်တော့ပေ။
ရိတ်သိမ်းခြင်း
ပဲဖြူကလေးသည် စိုက်ပျိုးပြီး ၅-၆ လအကြာတွင် ရင့်မှည့်သည်။ ရင့်မှည့်သောအခါ ပဲပင်များ မလှီမခြောက်မီ ရိတ်သိမ်းရမည်။ ထို့နောက် အစည်းများပြုလုပ်လျက် တလင်းသို့ သယ်ဆောင်ပြီး နေလှန်းရမည်။ ပဲသီးများ အက်ကွဲလာသည့်အခါမှ ပဲစေ့များကို ရိုက်ထုတ်ယူရမည်။ ပဲမျိုးမှာ မှည့်၍မရိတ်သိမ်းဘဲထားသော်လည်း ပဲစေ့များကို တစ်ခါတစ်ရံမှသာ ပိုးများဖျက်စီးတတ်သည်။ သို့သော် စိုက်ခင်းထဲတွင် ကြွေကျတတ်သဖြင့် အလေအလွင့်များတတ်သည်။
ကိုးကား- အောင်ဝင်းထွဋ် မြေပဲနှင့် အခြားပဲမျိုးစုံစိုက်ပျိုးနည်း စာအုပ်
http://www.heirloom-organics.com/guide/va/1/guidetogrowingwhitebeans.html
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....