ဆေးဖက်ဝင် လေးညှင်း
မြန်မာအမည် - လေးညှင်း
အင်္ဂလိပ်အမည် - Clove
ပုံသဏ္ဍာန်-
အပင် - အမြဲစိမ်း နှစ်ကြာခံပင်ကြီးမျိုးဖြစ်၍ အမြင့် ၂၅ -၅၀ ပေအထိ မြင့်၏ ။ အခေါက်ခွဲပြာရောင်ရှိ၏။ အကိုင်းအခက်များ တည့်မတ်စွာ ဘေးသို့ ဖြာတွက်သည်။
အရွက် - ရွက်မျောမျောဘဲဥပုံ လှံစွပ်ပုံထိရှိပြီး ရွက်ရင်းအနည်းငယ်ဝိုင်း၍ ရွက်ထိပ် ချွန်သွယ်သည်။ အလျား ၅-၆ လက်မထိ ရှည်၍ အနံ (၂)လက်မခန့် ကျယ်၏။ ရွက်ပြား သရေကဲ့သို့ ပြောင်ချောပြီး အစက်ပြောက်ကလေးများရှိသည်။ အပေါ်မျက်နှာပြင် အစိမ်းရင့်ရောင်ရှိ၍ အောက်မျက်နှာပြင် အဝါဖျော့ရောင် ရှိ၏။ အရွက်ကို ခြေ၍ နမ်းကြည့်က မွှေးသောအနံ့ရ၏။ ရွက်ရင်း ရွက်ညှာတံ ပန်းရောင်ရှိ၏။
အပွင့် - ၃ ပွင့် တစ်ခိုင်ဖြစ်သည်။ ပွင့်စဥ်၌ ခရမ်းနုရောင်ရှိပြီး တဖြည့်းဖြည်း အဝါရောင်သို့ ပြောင်းသွား၏ ။ ပွင့်ချပ် ပြွန်ပုံရှိသည်။ ဆေးဖက်အဖြစ် အဖိုပွင့်ကို သုံး၏။
အသီး - ရှည်မျောမျောပုံသဏ္ဍာန်ရှိ၍ အညိုရောင်ဖြစ်သည်။ အစေ့ ၄-၆ စေ့ထိ ပါ၏။
ပေါက်ရောက်သည့်ဒေသ။ ။ ပူအိုက်စွတ်စို၍ အမြဲတစေ မိုးအနည်းငယ်ရွာသွန်းသော အရပ်ဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ မိုးများ၍ ပူအိုက်စွတ်စိုသော ဂျားဗား၊ ဘိုနီယိုကျွန်းများ၌သာ သဘာဝအလျောက်ပေါက်ရောက်တွေ့ရှိနိုင်သည်။
ပေါက်ရောက်ပုံ - စိုက်ပျိုးပင်ဖြစ်သည်။
စိုက်ပျိုးပုံ
ပျိုးထောင်ခြင်း။ ။ အစေ့မှ စတင်ပျိုးယူရ၏ ။ ၅ ပတ်၊ ၆ ပတ်ကြာမှ အညှောင့်ထွက်၍ အထူးဂရုစိုက်ရန်လိုသည်။ ပျိုးဘောင်ပြင်ရာ၌ မြေဆွေးနှင့် နှုန်းမြေများများဖြင့် ပြုလုပ်ရ၏ ။ ပျိုးဘောင် အကျယ် ၃ပေ၊ အမြင့် ၉ လက်မ၊ အရှည် ၁ပေထား၍ ဘောင်ဖော်ပြီး ဘောင်ပေါ်တွင် အရိပ်ပြုလုပ်ပေးရ၏ ။ မျိုးစေ့ တစ်စေ့နှင့် တစ်စေ့ ၄လက်မ ခြား၍ စိုက်ပြီး ရေရွှဲရွှဲလောင်းပေးရသည်။ ပျိုးထောင်ပြီး ၈ လမှ ၁၂ လခန့်ကြာမှ ခြင်းတောင်း၊ ဝါးကျည်ထောက် ပလတ်စတစ်အိတ်တို့တွင် ပျိုးမြေပါ တစ်ပါတည်း အမြစ် ဥကို မထိခိုက်စေဘဲ တူးဖော်၍ ရွေ့စိုက်ရသည်။ တစ်နှစ်အကြာ (ပျိုးပင် ၂နှစ် သားအရွယ်) တွင် စိုက်ခင်း၌ ရွေ့စိုက်နိုင်သည်။
ပြောင်းရွေ့စိုက်ပျိုးခြင်း။ ။ စိုက်ခင်းတွင် အခင်း၂ပေ အနက် ၂ပေရှိ စိုက်ကျင်းများ တစ်ကျင်းနှင့် တစ်ကျင်း ပေ၂၀ ခွာ၍ တူးရ၏ ။ ယင်းကျင်းများတွင် မစိုက်မီ တစ်လကြိုတင်၍ နွားချေး၊ သစ်ဆွေးမြေဩဇာများကျွေးပြီး အမြင့် ၁ ပေခန့်ရှိ ပျိုးပင်များ ချစိုက်ရသည်။
ထိန်းသိမ်းပြုစုခြင်း။ ။ ငယ်စဥ်အခါ တိုက်ရိုတ်နေပူမခံနိုင်သည့်အတွက် ခေတ္တအရိပ်ပင်များ စိုက်ပျိုးရမည်။ အပင်အထနေးသည့်အတွက် ပေါင်းမကြာခဏ ရှင်းပေးခြင်း၊ ရေလောင်းပေးခြင်း၊ မြေဆွပေးခြင်း၊ ဂရုစိုက် ဆောင်ရွက်ရ၏ ။ အရွက်များတွင် ကျရောက်သော ပိုးမွှားရောဂါများကို စောင့်ကြည့်စစ်ဆေးရမည်။
စုဆောင်းရယူခြင်း။ ။ ၈နှစ် ၉ နှစ်အကြာ ပန်းစပွင့်ပြီး စတင်သီးလေ့ရှိသည်။ လေညှင်းပွင့်များကို ခူးရာ၌ အငုံကစ၍ အစိမ်းမှ နေညိုရောင်သို့ ပြောင်းလာသည့်အခါ ပြာသို၊ တပို့တွဲလများတွင် စတင်ခူးရ၏ ။ ခူးပြီး ရေနွေးငွေ့ခံ၍ နွမ်းအောင် ပြုပြီး အခြောက်လှန်းရ၏ ။ အဖူးများ အညိုရောင်ရပါက ခြောက်သွေ့သည်ဟု ယူဆရ၏။ လေးညှင်းဆီကို အရွက်၊ အသီးစိမ်း၊ အပွင့်ခြောက်၊ အပွင့်ရိုးတို့မှ ထုတ်ယူရရှိနိုင်သည်။
အသုံးပြုသည့်အစိတ်အပိုင်း။ ။ အပွင့်၊ အဆီ။

အာနိသင်။ ။ မြန်မာဆေးကျမ်းများအလိုအရ လေးညှင်းသည် စပ်ဖျဥ်းဖျဥ်းရှိ၏ ။ ခါးသက်သက်ရှိ၏ ။ မျက်စိကို အကျိုးပြု၏ ၊ အေး၏ ၊ ဝင်းမီးတောက်စေ၏ ၊ ကြေညက်လွယ်၏ ၊ နှုတ်မြိန်စေ၏ ၊ သလိပ်၊ သည်းခြေ၊ သွေးရောဂါများ၊ အပုပ်အစပ်တို့ကို ငြိမ်းအေးစေ၏ ။ ရေငတ်ခြင်း၊ မူးဝေခြင်း၊ ဝမ်းဖောရောင်ခြင်း၊ ဝမ်းဗိုက်ထိုးအောင့်ခြင်းနှင့် အဆုတ်နာတို့ကို နိုင်၏။
အသုံးပြုပုံ
အပွင့်
၁။ ဝမ်းဗိုက် အမြဲထိုးအောင့်နာကျင်၍ ဝမ်းဖြူဖြူ အရေကျဲကျဲများ သွားပါက လေညှင်းမုန့်ကို ပျားရည်နှင့် ရော၍ လျက်သော် ပျောက်၏။
၂။ လေးညှင်းပွင့်နှင့် ကနေစိုတို့ကို ညက်ညက်ကြိတ်၍ လုံးပြီး အရိပ်၌ အခြောက်လှန်း၍ ရေနွေးနှင့် သုံးဆောင်ပါက ဓါတ်ချုပ်ခြင်း၊ စမြင်းခံခြင်း၊ သလိပ်ကျပ်ခဲခြင်းတို့ ပျောက်၏။
၃။ လေးညှင်းပွင့်ကို သွေး၍ သကြားခဲကျိုရည် ပျစ်ပျစ်နှင့် ရောလျက်သော် ကိုယ်ဝန်တည်စ အန်သော ရောဂါပျောက်၏။
၄။ လေးညှင်းပွင့်ကို ဆေးခါးကြီးနှင့် ရောကြိတ်ပြီး ရေနွေးပူပူနှင့် သောက်သော် အဖျားရောဂါနှင် အင်အားကုန်ခန်းခြင်းများကို ပျောက်ကင်းစေ၏။
၅။ ကြေးနီခွက်သန့်သန့်၌ လေးညှင်းပွင့်ကို ပျားရည်နှင့် ထုခြေ၍ မျက်စဥ်းခတ်သော် မျက်စိနားခြင်း၊ မျက်လုံး၌ တိမ်ဖြူစွဲခြင်း ပျောက်၏။
၆။ လေးညှင်းပွင့်ကို ရေနှင့်ကြိတ်၍ ခပ်နွေးနွေးပြုပြီး သောက်သော် ရေငတ်ခြင်း၊ ပျို့အန်လိုခြင်း၊ လျှာခြောက်ခြင်း၊ ချွဲခြင်း၊ အရသာမပေါ်ခြင်းများ ပျောက်၏။
၇။ လေးညှင်းပွင့် နနွင်း ဆတူစပ်၍ ကြိတ်ပြီး မြုံနေသော အနာများပေါ်တွင် လိမ်းပေးသော် ပျောက်၏။
၈။ သလဲသီးအချဥ်အရည်နှင့် လေးညှင်းရောသောက်သော် ဝက်ရူးနာထ၍ အန်ခြင်းနှင့် ရိုးရိုးအန်သော ရောဂါများပျောက်၏။
၉။ အထိုင် အထတို့၌ မူး၍ မျက်စိ မူးမိုက်သော် လေးညှင်းကို ရေအေးနှင့် သွေးပြီး မျက်စဥ်းခတ်ပေးက ပျောက်၏။
၁၀။ လေးညှင်းပွင့်ကို မီးနှင့် လှော်၍ ကြိတ်ပြီး ပျားရည်နှင့် ရောလျက်သော် ကြက်ညှာချာင်းဆိုး ပျောက်၏။
အဆီ
၁။ လေးညှင်းဆီ သို့မဟုတ် လေးညှင်းပွင့်ကို သွေး၍ သွားနာ သွားကိုက်သောနေရာသို့ လိမ်းပေးသော် သွားနာ၊ သွားကိုက် ပျောက်၏။
၂။ လေညှင်းဆီကို မုန်ညင်းဆီနှင့် ရောလိမ်းသော် အဆစ်အမျက် ကိုက်ခဲနာကျင်ခြင်းများ ပျောက်၏။
၃။ မျက်နှာ နဖူး၏ အထက်ပိုင်းသို့ လေးညှင်းဆီကို လိမ်းပေးသော် ခေါင်းကိုက်ရောဂါ ပျောက်၏။
ကိုးကား- မြန်မာ့ဆေးဝါးပင်များ
Saw Khaing
လွန်ခဲ့သော ၂ နှစ် ကမျိုးစေ့ သို့ ပျိုးပင်လိုချင်ပါတယ်
Tun Tun
လွန်ခဲ့သော ၅ နှစ် ကလေးညှင်းဆီလုပ်လေးသိရင်တင်ပေးပါအုံး
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....