ဆီး(ဇီး)သီး စိုက်ပျိုးနည်း
စိုက်ပျိုးနိုင်သောဒေသ
နေရာအနှံ့အပြားတွင် အလေ့ကျတွေ့ရသော်လည်း အညာဒေသ(အပူပိုင်းဇုန်) တွင် စိုက်ပျိုးပါက အထူးကောင်းမွန်သည်။ မြန်မာနိုင်ငံတွင် စလေဆီးသီးနှင့် ဆီးတော်သီးနှစ်မျိုးသည် ဆီးနု(ဆီးယဉ်) အဖြစ် တူညီကြသည်။
ရေမြေရာသီဥတု
ပူပြင်းခြောက်သွေ့သောရာသီဥတုကို နှစ်သက်သည်။ ပင်လယ်ရေပြင်ထက် ပေ(၂၀၀၀) အထိ ဖြစ်ထွန်းသည်။ ရေငတ်ဒဏ်ခံနိုင်သော်လည်း အသီးသီးစဉ်ရေအလုံအလောက်ပေးသွားရန်လိုအပ်သည်။ အကောင်းဆုံးမြေအမျိုးအစားမှာ သဲဆန်သောနုန်းမြေဖြစ်ပြီး ချဉ်ငန်နှုန်း(pH) ၇-၈ အတွင်း ကောင်းစွာဖြစ်ထွန်းသည်။
မျိုးပွားခြင်း
မျိုးပွားရန်အကောင်းဆုံးမှာ (၁) နှစ်သားခန့်ရှိ သီးပင်ကိုအောက်ခံပင်ထားလျက် အကိုင်းချင်းပူး၍ ကိုင်းဆက်သောနည်းပင်ဖြစ်သည်။ အဖူးမြှုပ်သောနည်းကို အသုံးပြုရာတွင် သတိထားရမည့်အချက်မှာ ဆီးပင်သည် အရွက်တိုင်း(သို့မဟုတ်) အဆစ်တိုင်းမှာ အကိုင်းအခက်မထွက်ဘဲ နှစ်ရွက်ခြားး၊ နှစ်ရွက်ခြားမှ ထွက်ခြင်းဖြစ်ရာ အကိုင်းအခက်ထွက်မည့် နှစ်ရွက်ခြားအဆစ်မှ အဖူးကိုမြှုပ်မှသာ အောင်မြင်ဖြစ်ထွန်းမည်။
စိုက်ပျိုးခြင်း
ရရှိလာသောပျိုးပင်အား မိုးဦးကျချိန်ဇွန်လတွင် စိုက်ပျိုးကြသည်။ (၂) ပေပတ်လည်ကျင်းတူး၍ မြေသား၊ နွားချေး (သို့မဟုတ်) သစ်ရွက်ဆွေးများဖြင့် မြေကို (၁) လခန့် နှပ်ထားရမည်။ တစ်ပင်နှင့်တစ်ပင်အကွာအဝေးကိုမူ မျိုးကိုလိုက်၍ ပေ (၂၀-၃၀) ခြား၍ လေးကွက်ခြားစိုက်ပျိုးကြသည်။
အပင်ပြုစုခြင်း
၃ နှစ်သားအထိ အသီးမယူပဲ အပင်အားကောင်းမွန်စေရန် မွေးထားရမည်။ အသီးကင်းအရွယ်တွင် ခြွေပစ်ပါ။ ၃ နှစ်သားအထိ ကိုင်းချိုင်ခြင်း၊ ကိုင်းဖြတ်ခြင်းဖြင့် ပုံသွင်းပေးရမည်။ အသီးသီးသော အကိုင်းပုံသွင်းရန်မြေပြင်မှ အမြင့် ၃-၄ ပေတွင် ပင်စည်ကိုဖြတ်ပေးရမည်။ ဖြတ်ထားသောအပင်ကိုရောဂါပိုးမဝင်စေရန် ဘော်ဒိုဆေးရည်၊ ကော့ပါးဆာလ်ဖိတ်၊ ဆေးကတ္တရာတစ်ခုခုကို သုတ်လိမ်းပေးထားရမည်။ မိုးဦးကျရောက်သောအခါ ဖြတ်ထားသောနေရာမှ ကိုင်းတက်များထွက်လာမည်။ ထွက်လာသောကိုင်းများထဲမှ အသန်မာဆုံး ၄-၅ ကိုင်းကိုချန်ပြီး ကျန်ကိုင်းတက်များကို အရင်းမှ ဖြတ်တောက်ဖယ်ရှားပစ်ရမည်။ ဆီးပင်ကို အများအားဖြင့် အဝိုင်းပုံစံသွင်းကြသည်။ ဆီးသီးအထွက်များစေရန် နှစ်စဉ်အကိုင်းဖြတ်ပေးရပြီး ကိုင်းသစ်မှသာ ဆီးသီး သီးကြသည်။ ထို့ကြောင့် ဆီးသီးခူးပြီးချိန် ဧပြီလတွင်လိုချင်သည့်အမြင့်နှင့် ပုံသဏ္ဍာန်ရရှိရန် ကိုင်းဖြတ်ပေးကြရမည်။
ရေငတ်ဒဏ်ခံနိုင်သည့်အပင်ဖြစ်သော်လည်း ပန်းစပွင့်ချိန်မှ အသီးရင့်မှည့်ခါနီးအချိန်အထိ အနည်းဆုံး(၂) ရက် တစ်ခါ ရေသွင်းရန်လိုအပ်သည်။ အသီးဆွတ်ခူးပြီး အပင်ကိုကိုင်းဖြတ်ပြီးပါက ရေလောင်းရန် မလိုအပ်ပေ။
မြေသြဇာကျွေးခြင်း
အသီးမယူမီကာလ ဇွန်လတွင် အပင်ကိုဓာတ်မြေသြဇာ ၄ အောင်စ (၇ ကျပ်သား) ကျွေးရမည်။ အသီးသီးသောအပင်ကြီးများတွင် မိုးဦးတစ်ကြိမ်၊ မိုးကုန်စက်တင်ဘာ၊ အောက်တိုဘာလတွင် တစ်ကြိမ် ကျွေးရမည်။ ဇွန်လတွင် ၁ ဧကနှုန်းထားဖြင့် ပုလဲ ၁၁၂ ပေါင် (၃၁ ပိဿာ)၊ တီစူပါ ၁၁၂ ပေါင်(၃၁ ပိဿာ)၊ ပိုတက် ၆၅ ပေါင် (၁၈ ပေါင်) ကျွေး၍ ရေလုံလောက်အောင်သွင်းပေးရမည်။
ပိုးမွှားအန္တရာယ်
ကျိုင်းကောင်နှင့်ခူကောင်အန္တရယ်ကျရောက်ပါက အင်ဒရင်းဆေးရည်ဖြင့်ဖြစ်စေ၊ လင်းဒိန်း ဂတ်မဇင်းစသော ဆေးရည်ဖြင့်ဖြစ်စေ ပက်ဖျန်းနှိမ်နင်းနိုင်သည်။ အဖျက်ဆီးဆုံးပိုးမှာ ဆီးသီးထိုးယင်(ပိုး) ဖြစ်သည်။ နှိမ်နင်းရန်မှာ ဆီးသီးများရင့်ချိန်တွင် ဆေးရွက်ကြီးအရည်ဖြင့် ပက်ဖျန်းပေးပါ။
အောင်ဝင်းထွဋ်စုစည်းပြုစုထားသော ‘သီးပင်စိုက်ပျိုး ဝင်ငွေတိုး’ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
Saw Htike Aung
လွန်ခဲ့သော ၇ လ ကလေးပင်ဇီးသီး စိုက်ပျိုးရေးခေတ်စားနေလို့ စိုက်ပျိုးပုံလေး တင်ပေးပါ
ဦးသာအောင်
လွန်ခဲ့သော ၁ နှစ် က6လပိုင်းထိ့ အညွန့်ကောင်းကောင်း မထွက်ဘူး ဓါးနဲ့မခုတ်လ်ို့မထွက်တာလား ဆရာတို့ ဖြေပေးပါအုံး
phone myint zaw
လွန်ခဲ့သော ၂ နှစ် ကရတယ် အကို အပင်လဲ ဝယ်ရတယ်
ဦးအောင်ငွေ
လွန်ခဲ့သော ၂ နှစ် ကဆီးစေ့မှ မျိုးဖောက်နည်း ပျိးပင် ထိန်းသိန်း ပြုစုနည်း ပျိုးသက် ဘယ်လောက်ထားရမလဲ ဘယ်ရာသီဘယ်လမှာ စတင်ပျိးသင့်ပါသလဲ ဆရာ ညွန်ပြပေးပါ
Naing Ye Zaw
လွန်ခဲ့သော ၃ နှစ် ကအစေ့ကပျိုးလို့ မရဘူးလားဆရာ ကိုင်းဆက် အဖူးမြှုပ်တွေက အကြမ်းမခံလို့ပါ ရေမပေးနိုင်တဲ့ အင်တိုင်းတောထဲ စိုက်ကြည့်ချင်လို့ပါ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026