ဂျူးမြစ်စိုက်ပျိုးခြင်း
ဂျူးမြစ်ကို အိမ်ရှင်မတွေက ငါးခေါင်းနဲ့ပဲဖြစ်ဖြစ်၊ အခြားသော ဟင်းလျာတစ်မျိုးမျိုးနဲ့ဖြစ်ဖြစ် ချက်စားကြပါတယ်။ ကြော်ပြီးလည်းစားသလို အချဉ်တယ်ပြီးလည်း မြိန်ယှက်စွာ စားသောက်တတ်ကြတယ်။ ဂျူးမြစ်သည် စင်စစ်အားဖြင့် ဥမဟုတ်ပါ။ သို့ရာတွင် ဂျူးမြစ်ကို ဟင်းဥပင်အဖြစ် စိုက်ပျိုးနိုင်ပါတယ်။
ကြိုက်နှစ်သက်သောရာသီဥတု
ဂျူးမြစ်သည် ပူပြင်းသောရာသီဥတုကို မကြိုက်ပေ။ အေးမြသော ရာသီဥတုကိုသာ နှစ်သက်သည်။ ဂျူးမြစ်အား မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်ပြီး တစ်နှစ်လျှင် မိုးရေချိန်လက်မ လေးဆယ်မှ ငါးဆယ်အတွင်း ရရှိနိုင်သော မည်သည့်ဒေသတွင်မဆို ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြေချဉ်ငံဓာတ် ၄.၅ နှင့် ၅.၅ အတွင်းစိုက်ပျိုးဖြစ်ထွန်းသည်။ ဂျူးမြစ်ပင်သည် နှင်းခါးရိုက်တဲ့ဒဏ်ကို ကောင်းစွာ ခံနိုင်ရည်ရှိပါသည်။
စိုက်ချိန်
ဂျူးမြစ်ပင်မှာ သက်ကြီးမျိုးနှင့် သက်လျင်မျိုးဟူ၍ နှစ်မျိုးရှိသည်။ သက်လျင်မျိုးကို ဧပြီ၊ မေလတို့တွင် စိုက်ပျိုးပါက ဇူလိုင်လလောက်တွင် အဖူးထွက်သည်။ သက်ကြီးမျိုးကို ဧပြီ၊ မေလတို့တွင် စိုက်ပျိုးပါက စက်တင်ဘာလလောက်တွင် အဖူးထွက်ပါသည်။
မြေပြင်ခြင်းနှင့် စိုက်ပျိုးခြင်း
ဂျူးမြစ်စိုက်ပျိုးမည့်နေရာတွင် သစ်ရွက်စိမ်းမြေသြဇာပင်များ စိုက်ပျိုး၍ ထယ်ထိုးမြှုပ်နှံပစ်ပြီးနောက် ဂျူးမြစ်ပင်အား စိုက်ပျိုးရန် ပြင်ဆင်ရမည်။ မိုးတစ်ပြိုက်၊ နှစ်ပြိုက်ခန့် ကျပြီဆိုလျှင် စိုက်ခင်းမြေကို ထယ်တစ်စပ်၊ နှစ်စပ်နှင့် ထွန်နှစ်စပ်၊ သုံးစပ်ခန့်ဝင်ပေးရသည်။ တစ်တန်းနှင့် တစ်တန်း တစ်ပေခန့်ခွာပြီး ခြောက်လက်မမှ ရှစ်လက်မအနက်ရှိသော စိုက်မြောင်းကလေးများရရှိအောင် စိုက်ကြောင်းကို ဖော်ပေးရသည်။ စိုက်ကြောင်းများထဲတွင် တစ်ပင်နှင့် တစ်ပင် ခြောက်လက်မခန့်ခွာ၍ စိုက်ပျိုးနိုင်ပါသည်။ ဂျူးမြစ်စိုက်ရာတွင် ခါးချိုးပြီး အလျားလိုက် ထည့်စိုက်ကာ အမြစ်နှင့် ပင်စည်ထွက်သောနေရာတွင် မြေဖို့ပေးရသည်။ တစ်ဧက စိုက်ပျိုးတော့မည်ဆိုပါလျှင် ဂျူးမြစ်ပိဿာ ငါးရာခန့်လိုပေသည်။
မြေသြဇာကျွေးခြင်း
စိုက်ပြီး ၁၅ ရက် - ၂၀ ရက်အတွင်း အမြစ်အသစ်ထွက်လေ့ရှိသည်။ ထိုအခါ ကြားပေါင်းလိုက်ခြင်း၊ မြေဆွခြင်း၊ မြေသြဇာကျွေးခြင်း ပြုလုပ်ရသည်။ တစ်ဧကလျှင် ယူရီးယားအိတ်ကြီးတစ်အိတ်၊ တီဆူပါအိတ်ကြီးတစ်အိတ်၊ သဘာဝ မြေသြဇာသုံးအိတ်ကို စိုက်ကြောင်းများကြားတွင်း မြေဆွ၍ ထည့်ပေးပါ။ မြေသြဇာ ကျွေးရာတွင် အပင်ပတ်လည် ၄ လက်မခန့်ခွာ၍ ကျွေးရသည်။ အပင်ပေါက်စအချိန်တွင် ကြားပေါင်းမဖြစ်မနေလိုက်ပေးပါ။ တစ်ဧက ဂျူးမြစ် ပိဿာချိန် ၁၅၀၀ - ၃၀၀၀ အထိ ထွက်ရှိနိုင်သည်။ ဈေးကွက်အခြေအနေပေါ်မူတည်၍ ခူးဆွတ်ချိန်တန်သော်လည်း မြေထဲတွင် သုံးလေးလခန့်ထား၍ အလီလီတူးဖော်ရရှိနိုင်ပါသည်။
မျိုးစေ့ထုတ်ခြင်း
ဂျူးမြစ်ကို မျိုးထားလိုပါက ဇန်နဝါရီလရောက်မှ ပေါက်ပြားဖြင့် မြေကြီးကို အုံလိုက်ပါအောင် တူးဖော်ရပါမည်။ အမြစ်အရှည် ခြောက်လက်မခန့်သာချန်၍ ဖြတ်ပစ်ရပါမည်။ ထို့နောက်အရိပ်အာဝါသကောင်းသောနေရာတွင် ရှစ်ပေပတ်လည်၊ ဆယ့်နှစ်ပေအနက်ရှိသော ကျင်းတူးပြီး နဘေထပ် ခပ်ဖွဖွစီကာ ကျင်းပေါ်တွင် ဝါးများတင်၍ ဝါးအပေါ်တွင် အမှိုက်များ၊ မြေကြီးများ ဖုံးအုပ်ပြီး သိုလှောင်ထားခြင်းဖြင့် မျိုးထားနိုင်ပါသည်။
ကိုးကား- ခေတ်မှီဘတ်စုံစိုက်ပျိုးနည်းပညာစာအုပ်၊ မြန်မာတောင်သူကြီးများဂျာနယ်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....