လျှော်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်း
အပင်၏ အစေးကြောအလွှာမှ အစေးကိုထုတ်ယူကာရောင်းချရသော လျှော်ဖြူသည် စီးပွားရေး တွက်ခြေကိုက်မှုကြောင့် စိုက်ပျိုးထုတ်လုပ်သူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်။ မြန်မာနိုင်ငံလျှော်ဖြူ စိုက်ပျိုးထုတ်လုပ်ကြသူများအသင်:၏ လျှော်ဖြူစိုက်ဧက ကောက်ခံမှုအရ ဧက ၃၀၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။ နှစ်ရှည်ပင်ဖြစ်ပြီး ၅ နှစ်သားခန့်မှစကာ နှစ်ပေါင်း ၈၀ ခန့်ထိ နှစ်စဉ် ၈ လမှ ၁၀ လထိ အစေးထုတ်ယူ ကြရသည့်အပြင် လျှော်ဖြူစျေးကွက်မှာ လွန်ခဲ့သော ၃ နှစ်ကထက် ၄ ဆခန့်ထိ ခုန်တက်လာသောကြောင့် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူများမှာ နှစ်စဉ် တိုးပွားလျက်ရှိသည်။ ၂၀၁၄ ခုနှစ်တွင် လျှော်ဖြူအစေး အဖြူတစ်ပိသာ ၁၂ဝဝဝ ကျပ် ယခု ၂၀၁၇ ခုနှစ်တွင် လျှော်ဖြူအစေး ၁ပိဿာ ၄၅၀၀၀ ကျပ် ဟူ၍ ပေါက်စျေးရှိခဲ့သည်။
လျှော်ဖြူဟူသည် မြန်မာနိုင်ငံတွင် အလေ့ကျပေါက်ပင်အဖြစ် ပေါက်ရောက်လျက်ရှိပြီး ၁၉၈၀ ခုနှစ်ခန့် ကတည်းမှ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့ သကဲ့သို့ ပြည်တွင်းတွင် ဆေးကုလားမအဖြစ် စားသောက်ကြသည်ကိုတွေ့ရသည်။ တောတွင်း အလေ့ကျပေါက်ပင် များအား အစေးထုတ်ရောင်းချရာမှာ စီးပွားရေး တွက်ခြေကိုက်ခြင်းကြောင့် ထိုအလေ့ကျပေါက်ပင်များမှ မျိုးစေ့များ ယူကာ ဥယျာဥြ်ုခံများအဖြစ် တည်ထောင်ပြီး စီးပွားဖြစ် စိုက်ပျိုးလာကြသည်။
လက်ရှိ အစေးထုတ်ရောင်းချနေကြသော ခြံများအားလုံးသည် မြန်မာနိုင်ငံဒေသမျိုးရင်း လျှော်ဖြူမျိုးများသာ ဖြစ်ပြီး စိုက်ပျိုး ထိမ်းသိမ်းရ လွယ်ကူသော အပင်များ ဖြစ်သည်။ လျှော်ဖြူသည် ပူနွေးစိုစွတ်သော ရာသီဥတုကို ကြိုက်ပြီး ရေငတ်ဒဏ်ကိုကောင်းစွာခံနိုင်သော အပင်ဖြစ်သော်လည်း ရေဝပ်ရေကြီးခြင်းဒဏ်ကို လုံးဝမခံနိုင်ပေ။ ထို့ကြောင့် ရေဝင်မြေ အစိုဓာတ်ကို ကြာရှည်ထိမ်းသိမ်းထားသောမြေများမှအပ ရေစီးရေလာကောင်းပြီး အပင်များ ဖြစ်ထွန်းသော မည်သည့်မြေတွင်မဆို စိုက်ပျိုးနိုင်သည်။
လျှော်ဖြူသည် သစ်တော၊ သစ်ပင် မဟုတ်သော်လည်း ဥယျာဉ်ခြံ အပင်ထဲတွင် ပါသောကြောင့် ဥယျာဉ်ခြံပင်များ ဖြစ်ကြသော သရက်၊ ပိန္နဲ၊ မာလကာတို့ ကဲ့သို့ စိုက်ပျိုး ထိန်းသိမ်းစောင်ရှောက်နိုင်သည်။ လျှော်ဖြူပင်သည် အပင်ကြီးမျိုး ဖြစ်သောကြောင့် ပင်ကြားတန်းကြားကို အပူပိုင်းဒေသများအတွက် ၁၅ပေ ပတ်လည် သို့မဟုတ် ပေ ၂၀ ပတ်လည် စိုက်သင့်ပြီး ပူနွေးစိုစွတ်သောဒေသများတွင်မူ ပေ၂၀ ပတ်လည် သို့မဟုတ် ၂၅ ပေ ပတ်လည်ထားကာ စိုက်ပျိုးသင့်သည်။ ထိန်းသိမ်းစောင့်ရှောက်မှုကောင်းပြီး ရေမြေကောင်းပါက ၄ နှစ်သားပင်လျှင် ပင်စည်၏ ရင်ဆို့လုံးပတ်မှာ ၂၇ လက်မခန့် ရှိပြီ ဖြစ်ပြီး စတင် အစေးထုတ်နိုင်သော အခြေနေတွင် ရောက်ရှိပြီ ဖြစ်သည်။
အစေး စတင်ထုတ်လုပ်ချိန်တွင် ကျွမ်းကျင်အစေး ထုတ်လုပ်သား တစ်ယောက်သည် အပင် ၁၅၀ ခန့်ကို နိုင်းနင်းစွာ အစေးထုတ်နိုင်ပြီး အစေး တစ်ပိသာနှင့်အထက်နေ့စဉ် ရရှိနေမည် ဖြစ်သည်။ အပင် ဆယ်နှစ်သားနှင့်အထက်တွင်မူ အစေးထုတ်ကိုင်းများ များပြားလာမှု့ကြောင့် အစေးထုတ်လုပ်သား တစ်ယောက်သည် တစ်ရက် အပင် ၁၀၀ ခန့်သာ နိုင်နိုင်နင်းနင်း အစေးထုတ်နိုင်ပြီး အစေး ၂ ပိဿာခန့် ရရှိမည် ဖြစ်သည်။
လျှော်ဖြူကို ဝမ်းနုတ်ဆေး၊ ဆီးရွှင်ဆေး၊ ဆေးတောင့်ခွန်၊ စားသောက်ကုန်၊ အလှကုန်နှင့် စက်မှု့ကုန်ကြမ်းများတွင် တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်သည်။ လက်ရှိ ပို့ဆောင်နေသော စျေးကွက် ၉၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်း ဖြစ်ပြီး စားသောက်ကုန်နှင့် ဆေးဝါးတွင် အဓိက အသုံးပြုလျက်ရှိသည်။ လျှော်ဖြူစျေးကွက်သည် စိုက်ပျိုးရေးထုတ်ကုန်များထဲတွင် နှစ် ၃၀ အတွင်း စျေးကွက်ပျောက်ဆုံးခြင်း လုံးဝမရှိသည့်အပြင် စီးပွားရေးတွက်ခြေ အကိုက်ဆုံး သီးနှံပင်များထဲတွင် ပါဝင်နေသည်။
အချုပ်ဆိုရသော ရင်ဆို့လုံးပတ် ၂၇ လက်မရှိသော လျှော်ဖြူ တစ်ဧက၏ တစ်နှစ် အသားတင်အမြတ်ငွေမှာ သိန်း ၅၀ နှင့်အထက်တွင် ရှိသည်။ အစေးထုတ် သက်တမ်းကြာလာလေ အပင်ကြီးလာပြီး အစေးရရှိမှု ပိုလာသောကြောင့် တစ်နှစ်ထက်တစ်နှစ် ဝင်ငွေပိုလာမည် ဖြစ်သည်။ ကုန်ချောထုတ်လုပ်မှု များသော ကုန်ကြမ်းဖြစ်သည့် အားလျော်စွာ စျေးကွက်လိုအပ်ချက် များပြားသည်။ အပူပိုင်း မိုးနည်းဒေသများနှင့် အပူပိုင်း မိုးများဒေသများတွင် အဓိကထား စိုက်ပျိုးသင့်သော သီးနှံဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၇၀၀ ကျော်လျှင် အစေးထုတ် အခက်ခဲရှိသည့်အပြင် အစေးအရည်အသွေး ကျဆင်းမှုကြောင့် ပင်လယ်ရေ မျက်မျက်နှာပြင် အမြင့် ပေ ၇၀၀ အောက်သာ စိုက်သင့်သည်။
ကျော်မျိုးထွန်း
လျှော်ဖြူ စိုက်ပျိုးရေး
မေစန္ဒာ
လွန်ခဲ့သော ၁ နှစ် ကမျိုးစေ့ဝယ်ယူချင်ပါတယ် ဘယ်နေရာမှာဝယ်ရမှာလဲ။ ဘုတ် ြပင်း ြမို့နယ်။တနသင်္ာရီတိုင်းကပါ
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကလျှော်ဖြူသုံးနှစ်သားရှိပါပီ ကိုင်းတက်တွေကိုခုတ်ပစ်ရတယ်လို့သိထားလို့ပါ ခုတ်သင့်မခုတ်သင့်ရှင်းပြပေးပါအုံး
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....