ဆူးပန်းစိုက်ပျိုးနည်း
၁။ မူရင်းဒေသ
မူရင်းဒေသမှာ အဘီဆီးနီးနှင့် အာဖဂန်နစ္စတန် တိုင်းပြည်များဖြစ်ပါသည်။ ဆူးပန်းကို အင်္ဂလိပ်အမည် Safflower၊ ရုက္ခဗေဒအမည်မှာ Carthamus tinctorius ဟူ၍ ခေါ်ဆိုကြသည်။ ကွန်ပိုဆိုက် မျိုးရင်းတွင် ပါဝင်ပါသည်။
၂။ မြေအမျိုးအစား
နုန်းမြေ၊ သဲနုန်းမြေများ၌ အမြစ်များ (၅) ပေအထိ ထိုးဆင်းနိုင်ပြီးကောင်းစွာဖြစ်ထွန်းပါသည်။ သဲဆန်သောမြေများတွင် ရေကောင်းစွာရရှိနိုင်၍ မြေသြဇာကောင်းစွာထည့်ပေးနိုင်လျှင် ပိုမိုကောင်းမွန်ပါသည်။
၃။ ရာသီဉတု
ဆူးပန်းသည် အပူပိုင်းဒေသနှင့် သမပိုင်းဒေသတို့တွင် စိုက်ပျိုးနိုင်သော အပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ နေရာအနှံ့ စိုက်ပျိုးနိုင်ပါသည်။
အပူဒဏ်ကို ကောင်းစွာခံနိုင်သော်လည်း အပင်အရွယ်အစားပေါ်မူတည်၍ ခံနိုင်ရည်ရှိမှုကွဲပြားပါသည်။ ပန်းပွင့်ချိန်နှင့် အသီးသီးချိန်များတွင် (၇၅-၉၅) ဒီဂရီဖာရင်ဟိုက်အထိရှိလျှင် အထွက်ကောင်းပါသည်။ အမြစ်များ အစိုဓာတ် ကောင်းစွာရလျှင် အပူချိန်များသော်လည်း အပင်ကိုမထိခိုက်ပါ။ သို့သော် အပူဒဏ် ကြာရှည်ခံရလျှင် အပွင့်များဖိုစေပြီး မျိုးစေ့အောင်မြင်မှုနည်းပါးစေပါသည်။ ဆူးပန်းကို မိုးရေဖြင့် လည်းကောင်း၊ ရေလောင်း၍ လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ မိုးရွာသီတွင် စိုက်ပျိုးမည်ဆိုပါက မိုးရေချိန်လက်မ (၂၅-၄၀) အတွင်းရှိရန် လိုအပ်ပါသည်။
၄။ စိုက်ပျိုးချိန်
ဆူးပန်းကို မိုးရေဖြင့် စိုက်ပျိုးပါက မိုးတွင်းမေလ၌ လည်းကောင်း၊ မိုးနှောင်းပိုင်းကုန်းမြေတွင် စက်တင်ဘာလ၌လည်းကောင်း၊ ကိုင်းကျွန်းမြေတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလ (၁၅) ရက်အထိ လည်းကောင်း၊ စပါးပြီး သီးထပ်အဖြစ် နိုဝင်ဘာလအတွင်း၌လည်းကောင်းစိုက်ပျိုးနိုင်ပါသည်။ အစိုဓာတ်လုံလောက်ပါက ဒီဇင်ဘာလ (၁၅) ခန့်အထိ စိုက်ပျိုးနိုင်ပါသည်။ မိုးဉီးပိုင်းထက် မိုးနှောင်းပိုင်းတွင် ပိုမိုဖြစ်ထွန်းပါသည်။
၅။ မြေပြုပြင်ခြင်း
ဆူးပန်းပင်များမှာ များစွာနူးညံ့သဖြင့် ထွန်ရေးညက်ညက် ပြုပြင်ပေးရန်လိုပါသည်။ ထွန်ရေးပြုပြင်ရန်အတွက် ထယ်တစ်ကြိမ် ထိုးပေးပြီး၊ ထယ်ခဲချေခြင်း၊ ထွန်ရေးညက်ရန် ထွန်ယက်ပေးခြင်း၊ အမှိုက်ကောက်ခြင်းတို့ကို ဆောင်ရွက်ပေးရပါသည်။ မြေအစိုဓာတ်ကောင်း ၍ ထွန်ရေးမညက်လျှင် ထယ် (၂-၃) ကြိမ်ထပ်မံထိုးပြီး ထွန်ရေးညက်သည့်တိုင် (၈)စပ်ခန့် ထွန်ယက်ပေးရသည်။
၆။ မျိုးစေ့နှုန်း
တစ်ဧကလျှင် မျိုးစေ့ (၅-၆) ပြည်ခန့် အသုံးပြုစိုက်ပျိုးရန်လိုပါသည်။
၇။ မြေသြဇာထည့်ခြင်း
တစ်ဧကလျှင် နွားချေး လှည်းအစီး(၁၀-၁၅) စီးခန့်ထည့်ပေးရပါသည်။ ထို့အပြင်စိုက်ချိန်တွင် ယူရီးယား (၅၆) ပေါင်(၁၅ ပိဿာ)၊ တီစူပါ (၁၁၂) ပေါင် (၃၀ ပိဿာ)နှင့် ပိုတက်ရှ်မြေသြဇာ (၁၁၂) ပေါင်(၃၀ ပိဿာ) ထည့်ပေးရန်လိုအပ်ပါသည်။ စိုက်ပျိုးပြီးရက် (၄၀)ခန့်တွင် အပင်အခြေနေကိုကြည့်၍ ယူရီးယား (၅၆) ပေါင်(၁၅ ပိဿာ) ထပ်မံထည့်ပေးနိုင်ပြီး (၅၇) ရက် ခန့်တွင် အပင်မသန်ပါက ယူရီးယား (၅၆) ပေါင်(၁၅ ပိဿာ) ထပ်မံကြဲပက်ပေးရပါမည်။
၈။ စိုက်ပျိုးခြင်း
မျိုးစေ့များကို တစ်ပင်နှင့်တစ်ပင် (၄-၆) လက်မခြား၍ ချပြီး မြေကြီးဖြင့် (၁-၁.၅) လက်မအထူဖုံးပေးရပါမည်။ အတန်းအကွာအဝေးမှာ သာမန်အားဖြင့် (၁၅-၁၈) လက်မခြားပြီး ရေသွင်းစိုက်ပျိုးပါက (၂၄) လက်မခြား၍ စိုက်ပျိုးရပါသည်။
၉။ အပင်ပြုစုခြင်း
ပေါင်းပင်အခြေအနေကြည့်၍ ပေါက်တူးဖြင့်လည်းကောင်း၊ သံထွန်ဖြင့်လည်းကောင်း ပေါင်းရှင်းပေးပြီး လိုအပ်လျှင်လက်ပေါင်းလိုက်၍ ပေါင်းမြက်ရှင်းလင်းပေးရမည်။ အပင်ငယ်များ(၃) လက်မခန့်ရှိလျှင် စတင်ကြားပေါင်းလိုက်ပေးရသည်။ မြေအခြေအနေနှင့် ပေါင်းမြက်အခြေအနေကိုကြည့်၍ (၁၅)ရက်ခြားတစ်ကြိမ် ကြားလိုက်ပေးရမည်။
၁၀။ ရိတ်သိမ်းခြင်း
အသက်ရက် (၁၂၀-၁၃၅) ရက်ခန့်တွင် ရိတ်သိမ်းနိုင်ပါသည်။ အရွက်များခြောက်သွေ့၍ အပင်ငယ်များ ညှိုးလာလျှင် စတင်ရိတ်သိမ်း နိုင်ပါသည်။ ဆူးပန်းရွက်ကို ဟင်းသီးဟင်းရွက်အနေဖြင့် စားသုံးနိုင်ရုံမက ဆူးပန်းစေ့ခံယူပြီး ဆီကြိတ်၍လည်း စားသုံးနိုင်ပါသည်။ ဆူးပန်းတစ်ဧကလျှင် (၂၀-၃၅)တင်းအထိ မြေအခြေအနေနှင့် ရာသီဉတုပေါ်မူတည်၍ ထွက်နိုင်ပါသည်။ အစေ့တစ်တင်းလျှင် ဆီ (၂.၅ - ၃) ပိဿာ ခန့်ရရှိပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းစာအုပ်မှ ကူးယူဖော်ပြသည်။
ကိုးကား-နည်းသစ်စွယ်စုံ ဂျာနယ်၊ အတွဲ (၆)၊ အမှတ် (၂၀) မှ ကူးယူဖော်ပြထားပါသည်။
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026