တရုတ်နံနံ စိုက်ပျိုနည်း (Celery cultivation)
၁။ ရာသီဥတု နှင့် မြေအမျိုးအစား လိုအပ်ချက်
စိုထိုင်း၍ အေးမြသော ရာသီဥတုတွင်ကောင်းစွာ ဖြစ်ထွန်းနိုင်သည်။ ခြောက်သွေ့သောဒေသတွင်လည်း သင့်တင့်လျောက်ပတ်သော ရေသွင်းခြင်း ပြုလုပ်ပေးပါက ကောင်းစွာ ဖြစ်ထွန်းနိုင်သည်။ မြေချဉ်ငန်ဓာတ် ၅.၆ ထက်ပိုသော မြေများမှလွဲ၍ မြေစေး၊ နုံးမြေ၊ သဲဆန်မြေ စသောမြေအမျိုးမျိုးတွင် ကောင်းစွာ ဖြစ်ထွန်းနိုင်သည်။
၂။ မျိုးစေ့နှုန်းထား
တရုတ်နံနံစေ့သည် ဗမာနံနံစေ့ကဲ့သို့ နှစ်ခြမ်းမဟုတ်ပါ။ တရုတ်နံနံ စေ့တစ်စေ့တွင် တစ်စေ့မှ တစ်ပင်သာပေါက်ရောက်သည်။ တိုက်ရိုက်ကြဲစိုက်နိုင် သကဲ့သို့ ပျိုးခင်းထဲတွင် ပျိုးပြီးမှလဲ ရွေ့စိုက်နိုင်သည်။ တစ်ဧကတွင် သုံးဆယ်သားထိ စိုက်ပျိုးနိုင်သည်။ စက်တင်ဘာလတွင် ပျိုးပါက အရိပ်ကင်းရှင်းစေမှု့ နှင့်ရေသွင်းမှု့ မှန်မှသာ ကောင်းစွာ ရှင်သန်နိုင်သည်။ မကြဲခင်ရေတစ်ည စိမ်ပါ။
အေဇိုစပိုရီလန် သုံးဆယ်ကျပ်သားနှင့် ရေကိုရောပြီးမျိုးစေ့ စိမ်ပါက ခါးရိရောဂါကို ကာကွယ်ပြီး ထရိုင်ဂိုဒါးမား ဗာရီဒေ ဆယ့်နှစ်ပိသာကို စိုက်မည့်မြေကြီးထဲတွင် ထည့်ပြင်ပါ။ အစေ့ချပြီး တစ်လကြာလျှင် အပင်ပေါက်သည်။
ပင်ကြားတန်းကြား တစ်ပေxငါးလက်မ သို့မဟုတ် နှစ်ပေxငါးလက်မခြား၍ရွေ့စိုက်ပါ။ သိပ်နက်နက် မစိုက်ရပါ။ သဘာဝအတိုင်းကောင်းစွာဆွေးမြည့်ထားသော သဘာဝမြေဆွေးကို ဆယ်တန်မှ ဆယ့်နှစ်တန်ထိ ထည့်သွင်းပါ။ ဓာတုဗေဒ မြေဆီသြဇာကို အသုံးပြုမည်ဆိုလျှင် ဆယ့်ငါးပတ်လည်ကို အချိန် နှစ်ရာ့ငါးဆယ် ( နှစ်ဆယ့်ငါးကီလို-အိတ်ဆယ်အိတ်)ကို ထည့်သွင်းပါ။ ရေအသွင်းအထုတ်ကောင်းမွန်ရန်နှင့် ရေမဝပ်ရန် အလွန်အရေးကြီးသည်။
၃။ ကြားပေါင်းလိုက်ခြင်း
နှစ်ရာသီ သီးနှံဖြစ်၍ ကြားပေါင်းလိုက်ခြင်း ကိုပုံမှန် လုပ်ကိုင်နိုင်ရန် လိုအပ်သည်။ ပိုမိုအဆင်ပြေစေရန် မြေကိုအုပ်၍ စိုက်ခြင်းက အကောင်းဆုံးပေါင်းနှိမ်ခြင်း ဖြစ်သည်။ ပေါင်းသတ်ဆေး အသုံးပြုလိုပါက လင်နုယမ် (linnuram) ကို နှစ်ပိသာကိုမြေပြင်စဉ်တွင် စတင် ထည့်သွင်းထားနိုင်သည်။ တရုတ်နံနံကို မြန်မာနိုင်ငံတွင် အရွက်နုကိုသာ စားသုံးသော်လည်း နိုင်ငံတကာတွင်မူ တရုတ်နံနံအရိုးကို အဓိက စားသုံးကြသဖြင့် ရိုးတံ ကိုကောင်းစွာရောင်းပန်းလှစေရန် ဦးစားပေးစိုက်ပျိုးကြသည်။

၄။ ပိုးမွှားနှင့် ရောဂါ
ပ်ပိုး
အဝါဖျော့ဖျော့အရောင်မှ အစိမ်းရောင်ထိရှိပြီး အပင်ရည်ကို စုပ်စားသောပိုးဖြစ်သည်။ အရွက်အောက်ဖက်တွင် နေထိုင်စားသောက်ကြပြီး အရွက်များကော့လန်၍ ပုံပျက်သွားစေသည်။
အေမီဒါကလိုပရစ်ကို ရေတစ်လီတာတွင် လက်ဖက်စားဇွန်းတစ်ဝက်ရော၍ ဖျန်းပါ။
ထွင်းပိုး
လောက်ကောင်အဆင့်တွင် အရွက်များဖြတ်ချ စားသောက်ပြီး ပင်စည်များကိုပါ ဖျက်ဆီးစားသောက်ကြသည်။ အရွက်ရိုးတံများကို ကိုက်ဖြတ်စားသောက်ကြသဖြင့် ရောင်းပန်း မလှတတ်ပါ။ ကာတပ်ကိုအသုံးပြုနိုင်သည်။
ခါးရိရောဂါ အတွက် ကာကွယ်ခြင်းကို ပြုလုပ်ထားပြီး ဖြစ်သော်လည်း လိုအပ်လျှင် ထရိုင်ဂိုးကိုအသုံးပြုပါ။
အရွက်လောင်ခြင်း
အရွက်ပေါ်တွင် အဝါပြောက်များစတင်ဖြစ်ပေါ်သည်။ ထို့နောက် မီးလောင်ပြင်သကဲ့သို့ မည်း၍ ပျက်စီးသွားသည်။
ရာသီဥတုပူနွေးပြီး စိုစွတ်သောအချိန်များတွင် ဖြစ်ပေါ်တတ်သည်။ မျိုးစေ့ဆောင်ရောဂါဖြစ်၍ ပိုမိုဂရုစိုက်ရန် လိုအပ်သည်။ မန်ကိုဇက် ကို အသုံးပြုပါ။
ရောင်မြုနီကွက်ကြားရောဂါ
အရွက်များအရောင်ပျက်ပြီး အဝါပြောက်များ တစ်ပင်လုံးတွင်ဖြစ်ပေါ်ကာ အရွက်များကို ရှုံ့တွစေသည်။ မန်ကိုဇက် ကိုအသုံးပြုပါ။
၅။ ခူးဆွတ် ရိတ်သိမ်းခြင်း
မျိုးစေ့ ရယူလိုပါက စိုက်ပြီးခြောက်လအကြာတွင် ပန်းပွင့်၍ အစေ့များခြောက်အောင်ထားပြီးခြွေယူ သိမ်းဆည်းရသည်။ စျေးကွက်က အရွက်နုကိုသာ ဝယ်ယူလိုလျှင် အရွက်နုကိုသာ ခူးဆွတ်ကြပြီး အချို့က ရိုးတံကိုရောင်းချလို၍ ရိုးတံကောင်းစွာ တုတ်လာပြီးရောင်းပန်းလှချိန်တွင် ခူးဆွတ်ကြသည်။ ရိုးတံကို ခူးဖြတ်လိုပါက စိုက်ပြီး လေးလမှငါးလအကြာတွင် ခူးဖြတ်နိုင်ပြီး အရွက်ကိုသာရောင်းချလိုပါက စိုက်ပြီး နှစ်လတွင်းတွင် စတင်ခူးဆွတ်နိုင်သည်။
အရွက်နုနုကို ခူးဆွတ်ပါက တစ်ဧကတွင် တန်ချိန် ခြောက်တန်ထိ ထွက်နိုင်ပြီး ရိုးတံကိုခူးဖြတ်ပါက တန်ချိန် ဆယ်တန်အထိ ထွက်ရှိနိုင်သည်။မျိုးစေ့အတွက် စိုက်ပျိုးပါက အထွက် ပိဿာ ငါးရာကျော်ထိ ထွက်ရှိနိုင်သည်။
ရွှေရည်လင်း
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Shwe-Yee-linn
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....