ချောကလက်ပင် (ကိုကိုး) စိုက်ပျိုးနည်း
မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် စိုက်ပျိုးဖြစ်ထွန်းသော သီးနှံဖြစ်သည်။ ကချင်ပြည်နယ်တွင်လည်း စိုက်ပျိုးလျှင်ဖြစ်ထွန်းသည့် ဥယျာဉ်ခြံသီးနှံပင် ဖြစ်ပါသည်။ မူရင်းဒေသ မှာ အမေရိကန်တိုက် အလယ်ပိုင်းဒေသဖြစ်သည်။
အမျိုးအစား
ကိုကိုးအမျိုးအစား (၃)မျိုး ရှိပါသည်။ (၁) Criollo မျိုး (၂) Forastero မျိုး၊ (၃) Trinitario မျိုးတို့ ဖြစ်သည်။ Criollo မျိုးသည် မမှည့်မီ အနီရောင် (သို့) အစိမ်းရောင်ရှိပြီး ရင့်မှည့်သောအခါ အဝါရောင် (သို့) လိမ္မော်ရောင်ရှိုသည်။ အသီးတောင့်၏ မျက်နှာပြင်တွင် အဖုပါရှိပြီး၊ အမြောင်းများလည်း ထင်ရှားစွာပါရှိသည်။ Forastero မျိုးသည် မမှည့်မီ အစိမ်းရောင်ရှိပြီး၊ ရင့်မှည့်သောအခါ အဝါရောင်ရှိသည်။ အသီးခွံပြောင်ချောသည်။ Trinitario မျိုး၏ အသီးခွံမှည့်လျှင် အနီရောင်ရှိသည်။ Trinitario အနီမျိုးသည် အသီးထွက်ကောင်းပြီး ဈေးကွက်တွင် အရည်အသွေးကောင်းမွန်သဖြင့် စိုက်ပျိုးရန်အသင့်တော်ဆုံး ကိုကိုးပင်မျိုး ဖြစ်ပါသည်။
ရာသီဉတု
အပူချိန် (၆၀-၇၀) ဒီဂရီဖာရင်ဟိုက်ရှိ၍ မိုးရေချိန် (၅၀) လက်မအထက် ရွာသွန်းသော ရာသီဥတုမျိုးကို နှစ်သက်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၂၀၀၀) အထိ စိုက်ပျိုးနိုင်ပါသည်။
မြေအမျိုးအစား
ရေအစိုဓာတ်ထိန်းနိုင်သော မြေ၊ ရေမဝပ်ဘဲရေစီးဆင်းမှုကောင်းသည့် မြေ ၊ အပင်၏အမြစ်များကြီးထွားနိုင်သော သဲနုံးမြေ၊ နုံးမြေများ၊ မကျစ်လွန်း မပွလွန်းသောမြေကို လိုအပ်ပါသည်။ မြေချဉ်ငံဓာတ် (၆-၇) ရှိသောမြေကို နှစ်သက်သည်။
မြေပြုပြင်ခြင်း
ကိုကိုးပင်အပေါ်တွင် သစ်ပင်ကြီးများ ပေါက်သော၊ နေကာ၊ လေကာရှိနေသော နေရာ၊ စွတ်စိုထိုင်း မှိုင်းသောနေရာတွင်စိုက်ပျိုးမှ ဖြစ်ထွန်းပါသည်။ သို့ဖြစ်၍ အရိပ်ပင်ကြီးများကို မခုတ်လှဲဘဲ ချန်လှပ်ပြီး တောခုတ်ခြင်း၊ အခြောက်လှန်း၍ မီးရှို့ခြင်း၊ ကျွန်းခွေ တို့ကို ပြုလုပ်ပေးရမည်။ မြေပြန့်တောပါးသောနေရာတွင် တစ်နှစ်ခန့်မှကြိုတင်၍ မြေရှင်းခြင်း၊ အရိပ်ပင်စိုက်ခြင်းများ ပြုလုပ်ရမည်။ ကိုကိုးစိုက်သော စိုက်ကျင်းကို အကျယ် (၂) ပေပတ်လည်၊ အနက် (၃) ပေတူး၍ အပေါ်ယံမြေလွှာကို နွားချေးဆွေး၊ သစ်ရွက်ဆွေး၊ မြေဆွေးဆတူရောထည့်၍ ကျင်းကို မြေပြန်ဖို့ပေးပါ။
ပျိုးထောင်ခြင်း
အသီးများခူးပြီး ကြာကြာထားပါက အချဉ်ပေါက်၍ အစို့ထွက် ညံ့တတ်သည်။ သို့ဖြစ်၍ ခူးပြီး (၂၄) နာရီအတွင်း ပျိုးထောင်ရသည်။ ကိုကိုးသီးကို ခွဲကြည့်ပါက အထဲတွင် အစေ့ပေါင်း (၄၀) ခန့်ထိ ပါရှိသည်။ ထိုအစေ့များထဲမှ စိတ်ကြိုက်အစေ့ကို ရွေးချယ်ပြီး ချက်ခြင်းမီးဖိုမှရသော ပြာကိုလူးပြီး၊ အစိုဓာတ်အသင့်အတင့်တွင် နေလှမ်းပြီးမှ ပျိုးထောင်ကြရသည်။
ပျိုးခင်း (သို့မဟုတ်) ပျိုးအိတ်တွင် ထည့်၍ နွားချေးဆွေးကို ဆတူရောစပ်ရသည်။ ပျိုးသက်အနေဖြင့် အနည်းဆုံး ၆ လမှ တစ်နှစ်အတွင်း ထားလေ့ရှိ၍ ပျိုးအိတ် (သို့မဟုတ်) ပျိုးခြင်းမှာ အရွယ်အစားကြီးရန် လိုအပ်သည်။ ပျိုးထောင်စမှစ၍ ရေကို လိုအပ်သလို လောင်းပေးရသည်။ အမိုးအကာထားရန် လိုအပ်ပေသည်။ အပင်ကြီးလာ၍ နွေရာသီရောက်ပါက ပျိုးပင်များကို ချဲ့ပေးရန်နှင့် နေပူဒဏ်ခံနိုင်စေရန် အမိုးကိုခွာ၍ အကျင့်ပြုလုပ်ပေးရမည်။
စိုက်ပျိုးခြင်း
မိုးရာသီတွင် ပြောင်းရွေ့စိုက်ပျိုးကြသည်။ အပင်ကြီး အရိပ်ကျဲကျဲအောက်တွင် နေရောင်ပြရပြီး အပင်ငယ် (ပေ ၁၀ မှ ပေ ၂၀) အမြင့်သာရှိသော အပင် ဖြစ်သည်။ အရိပ်ပင် လလိုသည်။ တန်းကြား၊ ပင်ကြား (၉x၉) ပေ စနစ်ဖြင့် စိုက်ကြပြီး၊ တစ်ဧကအပင် (၆၀၅) ပင်ရရှိ သည်။ တချို့ခြံများသည် (၁၀x၁၀) ပေ (ဆယ်ပေပတ်လည်) စိုက်ပျိုးကြပြီး၊ တစ်ဧကအပင် (၄၀၀) ကျော် ရယူထားရှိကြသည်။ ကိုကိုးပင်များကို အုန်းပင်၊ ပိုးဇာပင်၊ ပေါက်ပန်းဖြူ၊ မဲဇာပင်၊ ဘောစကိုင်းပင် များကြား၌ စိုက်ပျိုးကြသည်။ ယာယီအရိပ်ပင်ကို ငှက်ပျောပင်ဖြင့် အရိပ်ပေးကြသည်။ ရေသောက်မြစ်နှင့် အပင်ရင်းမြေနှင့် ကပ်လျက် မြစ်မွှာများရှိသောကြောင့် စိုက်ပျိုးရာတွင် အမြစ်မနာရန် ဂရုပြုရသည်။
မြေဩဇာကျွေးခြင်း
စိုက်ပြီး ၄လမှ ၁၀လသားအထိ အပင်တစ်ပင်အတွက် ယူးရီးယား ၆ကျပ်သား၊ တီဆူပါ ၆ကျပ်သား၊ ပိုတက် ၂ကျပ်သား၊ ၁၈လသားကျော်သော အပင်အတွက် ယူရီးယား ၁၆ ကျပ်သား၊ တီဆူပါ ၁၆ကျပ်သား၊ ပိုတက် ၅ကျပ်သား တို့ကို တစ်နှစ်လျှင် မိုးဦးတစ်ကြိမ်၊ မိုးနှောင်းတစ်ကြိမ် ထည့်ပေးရပါမည်။
အပင်ပြုစုခြင်း
အပင်ငယ်များကို စိုက်ခင်းထဲတွင် စိုက်ပြီးနောက် (၃-၄) လခန့်ရှိလျှင် အပင်ခြေပတ်လည်၌ မြေအနည်းငယ် တူးဆွပေးရမည်။ အမြစ်များဘေးသို့ ပို၍ ဖြာထွက်နိုင်သည်။ ပင်ခြေပေါင်းမြက် ရှင်းပေးရမည်။ စိုက်ပျိုးပြီး ၂ နှစ်အတွင်း အပင်အသေအပျောက်များကို အစားထိုး စိုက်ပျိုးပေးရမည်။ စိုက်ပျိုးပြီးသည်မှ ၃ နှစ်အကြာတွင် ပထမအကြိမ် ဘေးကိုင်းဖြာထွက်လာပါက ပင်စည်ထိပ်ပိုင်းကို ဖြတ်ပစ်လေ့ရှိသည်။
နောက်ပိုင်းတွင် အဓိကပင်စည်မှ ထွက်ပေါ်လာသည့် အစို့အတက်များကို ဖယ်ရှားပစ်ရမည်။ အပင်၏ ဘေးဖြာကိုင်းများ အချင်းချင်းမကပ်စေရန် အဖျားပိုင်းကို အနည်းငယ်ဖြတ်ပေးရပါသည်။ သို့မှသာအပင်တွင် နေရောင်နှင့် လေဝင်လေထွက်ကောင်းစွာ ရရှိပြီး မှိုရောဂါကျရောက်မှုကို ဟန့်တားနိုင်မည် ဖြစ်ပါသည်။ ကိုကိုးပင်သည် ပင်စည်နှင့် ကိုင်းများမှသာ အသီးသီးသောကြောင့် ပင်စည်နှင့်ကိုင်းများ ဖြောင့်တန်းစေရန် ကိုင်းပို၊ ကိုင်းညှပ်များကို ဖြတ်တောက်ပေးရန် လိုသည်။
ပိုးမွှားရောဂါ
ပင်စည်းထိုးပိုး၊ ရွက်စားပိုးနှင့် သီးပုတ်ရောဂါများ ကျရောက်ဖျက်စီးတတ်သည်။ အပင်စတင်စိုက်ပျိုးချိန်တွင် ကျိုင်းကောင်ဖျက်သည်။ မိုးဦးနှင့် မိုးပြတ်စ ရွက်နုထွက်ချိန်တွင် ရွက်စားပုရစ်၊ ပိတုန်းများ ကျရောက်တတ်သည်။၊ အသီးမှည့်ချိန် ရှဉ့်၊ ကြွက်၊ ပူး ဖျက်သည်။ ခါချဉ်ကောင်သည် ဝတ်မှုန်ကူးပေးသော လုပ်ငန်းကူညီလုပ်ပေးသဖြင့် ကိုကိုးအပင်ကြီးများတွင် ခါချဉ်ထုပ်များ ထားရှိကြသည်။ ရောဂါနှင့် ပိုးမွှားကိုလည်း ဟန့်တားပေးသည်။ ကိုကိုးပင်တွင် ကျသော ရွက်စားပိုးများကို ခါချဉ်ကောင်များက ဆွဲယူဟန့်တား စားသောက် ဖျက်ဆီးကြသည်။ သီးပုပ်ရောဂါကို ထုံး၊ ဒုတ္ထာဖျော်ရည် (၅း၅း၅၀) အချိုးဖော်စပ်၍ ပက်ဖျန်းကာ ကာကွယ်နှိမ်နင်းပေးရသည်။ ပိုးမွှားများအတွက် မလာသီယွန် ပိုးသတ်ဆေးရည်ဖြင့် နှိမ်နင်းနိုင်သည်။
ခူးဆွတ်ခြင်း
ကိုကိုးပင်သည် စိုက်ပျိုးပြီး သက်တမ်း (၃) နှစ်မှ စတင်သီးပါသည်။ (၅) နှစ်ဆိုလျှင် အထွက်နှုန်းကောင်းပြီး သက်တမ်းရှည် ဥယျာဉ်ခြံသီးနှံမျိုး ဖြစ်ပါသည်။ နှစ် (၄၀) ကျော်သက်တမ်းရှည်ပြီး (၁၀) နှစ်ဆိုလျှင် အသီးဖြိုင်ဖြိုင်သီး၍ နှစ် (၂၀)၊ နှစ် (၃၀) ဆိုပါက အထွက်အကောင်းဆုံး ဖြစ်သည်။ ကိုကိုးပင် ပန်းပွင့်ချိန်မှ အသီးရင့်မှည့်ခူးချိန်အထိ (၆) လကြာပြီး တစ်နှစ်လျှင် တစ်ပင်၌ အသီးလုံး (၈၀) ကျော်သီးသည်။ ကိုကိုးအစေ့ခြောက်များသည် အပင်သက်တမ်းလိုက်၍ အထွက်နှုန်း ကွာခြားသည်။ တစ်ဧကလျှင် ကိုကိုးအစေ့ခြောက် ပိဿာ (၅၀-၈၀) ခန့်အထိ ထွက်ရှိနိုင်သည်။ နှစ်တိုင်းအသီးခူးနိုင်ပြီး နှစ်တိုင်းဝင်ငွေရနိုင်သည့် အပင်ဖြစ်ပါသည်။
မျိုးပွားခြင်း
မျိုးပွားလျှင် ကိုင်းဖြတ်မျိုးယူ၍လည်း ရသည်။ အစေ့မှ မျိုးရနိုင်သည်။ နှစ်စဉ်အသီးသီး၍ သီးနှုန်းကောင်းသော အပင် (၁၀) နှစ်အထက် အပင်၊ အသီးကြီး၍ အရွယ်ညီသော အပင်၊ ရောဂါနှင့် ပိုးကင်းသော အပင်၊ အစေ့အရောင်ညီညာ၍ အနံ့အရသာကောင်းသော အပင်မှမျိုးယူကြသည်။
ကိုးကား- စိုက်ပျိုးရေးဦးစီးဌာန
-Shwe Myanmar Malay
Ko Nyi
လွန်ခဲ့သော ၁ နှစ် ကပဲခူးတိုင်းမှာရော စိုက်ပျိုးလို့ ရနိုင်လောက်လားခင်ဗျ
maiphonemg
လွန်ခဲ့သော ၂ နှစ် ကHi
maiphonemg
လွန်ခဲ့သော ၂ နှစ် ကHi
Ko Maung
လွန်ခဲ့သော ၂ နှစ် ကပြန်ကူးယူမျှဝေချင်ပါတယ်
san min oo
လွန်ခဲ့သော ၄ နှစ် ကကိုကိုးမျိုးကောင်းမျိုးသန့်များရရှိနိုင်သည့်နေရာနှင့်ဆက်သွယ်ပေးစေချင်ပါသည်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026