အာတာလွတ်ဥစိုက်ပျိုးနည်း
အာတာလွတ်ဥသည် လက်ရှိဈေးကွက်တွင်း ဈေးကောင်းရနေသော ဥတစ်မျိုးဖြစ်ပါသည်။ အာတာလွတ်မှုန့်တွင် ဘီစကွတ်နှင့် ကွတ်ကီးများပြုလုပ်ရန်အတွက် အကောင်းဆုံးပါဝင်ပစ္စည်းများ ပါရှိသဖြင့် အပြည်ပြည်ဆိုင်ရာဈေးကွက်တွင်လည်း ဈေးကောင်းရလျက်ရှိပါသည်။
အာတာလွတ်ပင်သည် ပုံမှန်ရှင်သန်ကြီးထွားနိုင်ရန်အတွက် လုံလောက်သောအစိုဓာတ်ကို ရရှိရန်လိုအပ်ပါသည်။ တစ်နှစ်ပတ်လုံး မိုးရေချိန်မျှတစွာရရှိသော နေရာတွင် စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်ပါသည်။ ရိုင်ဇုမ်းများသည် ဆိုးရွားသောရာသီဥတုဒဏ်ကိုပင် ခံနိုင်ရည်ရှိကြပြီး မြေကြီးထဲတွင်လည်း အချိန်တော်တော်ကြာရှင်သန်နိုင်ပါသည်။
မြေအမျိုးအစား
အာတာလွတ်သည် ရေသွင်းရေထုတ်ကောင်းမွန်သော နုန်းဆန်သော မြေမွမျိုးကိုကြိုက်နှစ်သက်ပါသည်။ စိုက်ပျိုးသည့်ကာလပတ်လုံး အစိုဓာတ်လုံလောက်စွာရရှိနိုင်သည့် မြေအမျိုးအစားတွင် စိုက်ပျိုးပါက ပို၍ကောင်းမွန်ပါသည်။ အရိပ်ကျတတ်သောမြေတွင် စိုက်ပျိုးပါက အထွက်နှုန်းလျော့နည်းစေပါသည်။
မြေပြင်ခြင်း
မြေအမျိုးအစားပေါ်မူတည်၍ ထယ်နှင့် ထွန်ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်အထိ လိုက်ပေးရပါမည်။ အမြစ်များ ကောင်းမွန်စွာထွက်ရန်အတွက် ထယ်ရေးနက်နက်ထိုးပေးရပါမည်။
စိုက်ပျိုးခြင်း
စိုက်ပျိုးရာတွင် အဆစ်၂ ဆစ်နှင့်အထက်ပါသော ရိုင်ဇုမ်းများကိုသုံးပြီး ၁×၀.၇၅ မီတာအနေအထားဖြင့် စိုက်ပျိုးပေးရပါမည်။ အစောပိုင်းကာလတွင် အစိုဓာတ်လုံလုံလောက်လောက်ရပါက ရေသွင်းရန်မလိုအပ်ပါ။
မြေဩဇာကျွေးခြင်း
အာတာလွတ်သည် မြေဩဇာကို ကောင်းမွန်စွာတုံ့ပြန်နိုင်စွမ်းရှ်ိပါသည်။ စမ်းသပ်ချက်များအရ နိုက်ထရိုဂျင် 90 kg /ha နှုန်းကျွေးပါက အထွက်နှုန်း ၁၈.၄၇ တန်အထိထွက်ပြီး 180kg/hc နှုန်းကျွေးပါက ၂၆.၇၃ တန်အထိ ထွက်နိုင်ပါသည်။ မြေဩဇာမကျွေးဘဲ စိုက်ပျိုးပါက ၁၂.၁၅ တန်သာ ထွက်နိုင်ပါသည်။
ပေါင်းလိုက်ခြင်း
ပထမ ၃ လမှ ၄ လအတွင်း ဆက်တိုက် ပေါင်းလိုက်ပေးရန် လိုအပ်ပါသည်။
ကျရောက်တတ်သောရောဂါနှင့် ပိုးမွှားများ
ဘတ်တီးရီးယားပင်ညှိုးရောဂါ၊ ရွက်ခြောက်ရောဂါ၊ ရောင်မညီကွက်ကျားရောဂါများ၊ရွက်လိပ်ပိုးများ ကျရောက်တတ်ပါသည်။
ရိတ်သိမ်းခြင်း
စိုက်ပျိုးပြီး ၈ လမှ ၁၀ လအကြာတွင် ရိတ်သိမ်းနိုင်ပါသည်။ သို့သော် ၁၁ လမှ ၁၂ လအကြာတွင် ရိတ်သိမ်းပါက ပိုကောင်းပြီး ကဆီဓာတ်ပါဝင်မှု ၂၅%အထိ ရှိပါသည်။ ရိတ်သိမ်းရာတွင် အမြစ်များပေါ်လာသည်အထိ ထယ်ရေးခပ်ဖွဖွလိုက်ပြီး ပင်စည်များကို ဖြတ်ထုတ်ကာရိတ်သိမ်းနိုင်ပါသည်။ သဲဆန်သောမြေများတွင် ခက်ရင်းဖြင့်တူးဆွပြီး ရိတ်သိမ်းနိုင်ပါသည်။
Source...https://www.pinoybisnes.com/agri-business/arrowroot-production-guide/
XMA Header Image
Arrowroot Production Guide
pinoybisnes.com
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Nyan Thant Zin
အားလုံး
ကျန်းမာရေးအတွက် အကျိုးများတဲ မျောက်ဥအကြောင်း
22/04/2022
ရာသီစာစိမ်းစားဥကြော်နည်းနှင့် ကော်ပြန့်လုပ်နည်း
24/01/2022
ကြက်သွန်ဖြူတွင်ကျရောက်တတ်သော လှေးနှင့်မွှားပြဿနာ
13/01/2022
နှမ်းသီးနှံ အာဟာရတန်ဖိုးပါဝင်မှုနှင့် ကျန်းမာရေးအကျိုးပြုချက်များ
16/12/2021
ပဲလွမ်းတွင်ကျရောက်တတ်သော ရောဂါများ (၂)
13/11/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....