ချင်း(ဂျင်း)မျိုးတက်ရွေးချယ်နည်းနှင့် မျိုးတက်စိမ်ရန် အီးအမ်ဖျော်ရည်ပြင်ဆင်နည်း
ချင်း (ဂျင်း) စိုက်ရန် ချင်း(ဂျင်း)မျိုးတက် ရွေးချယ်ခြင်း

- ကျန်းမာသော ချင်းမျိုးတက်များရရှိရန် ချင်းတူးဖော်ရိတ်သိမ်းချိန်၌ ကျန်းမာသန်စွမ်းသော၊ ရောဂါကင်းသော ချင်းတက်များကို ရွေးချယ်ဖယ်ယူရမည်။ ကောင်းစွာရင့်သော၊ သန့်ရှင်းသော၊ ပိုးမွှားရောဂါကင်းသော ချင်းများကိုသာ မျိုးအဖြစ် အသုံးပြုရမည်။ မျိုးရွေးချယ်ရာတွင် မျိုးသန့်တစ်မျိုးတည်းကိုသာ ရွေးချယ်ရန် သတိပြုရမည်။
- ရွေးချယ်ထားသော ချင်းမျိုးတက်များကို ၄ ကျပ်သားမှ ၇ ကျပ်သား အရွယ်အစားရအောင် ပိုင်းဖြတ်ပေးရမည်။ ချင်းမျိုးတက်တစ်ခုခြင်းစီ၌ ကောင်းမွန်စွာဖွံ့ဖြိုးသော မျက်စိ ၂ ခု မှ ၄ ခု ပါရမည်။
- ချင်းတက်များကို နောက်တရာသီအတွက်မျိုးချန်မည်ဆိုလျှင် ခြောက်သွေ့သန့်ရှင်းသောနေရာ၌ သိုလှောင်ထားရန် လိုအပ်သည်။
- ကျန်းမာသော ချင်းမျိုးတက်များကို ဂရုတစိုက်ပြင်ဆင်ခြင်းဖြင့် ချင်းရောဂါကျရောက်မှုအန္တရာယ်ကို ၈၀ % သက်သာစေသည်။ ထို့ကြောင့် ချင်းမျိုးတက်များကို ပိုင်းဖြတ်ရာတွင် စနစ်တကျ ပိုးသန့်ရန်လိုအပ်သည်။
- ပိုးသန့်ရန်အတွက် ကလိုရင်းအရည် ၁ ဆ နှင့် ရေ ၁၀ ဆ ကိုရောစပ်ပါ။ (ကလိုရင်းပါဝင်သော အိမ်သုံးအဝတ် အစွန်းချွတ်ဆေးကိုလည်း အသုံးပြုနိုင်သည်။)
- ချင်းမျိုးတက်ပိုင်းဖြတ်ရာတွင် ကလိုရင်းဆေးရေတွင်စိမ်ကာ ပိုးသန့်စင်ထားသောဓားကိုသာ အသုံးပြုရမည်။
- ထိုဓားဖြင့် ချင်းတက်များကို မျက်စိ ၂ ခုမှ ၄ ခု ပါသော ၄ ကျပ်သားမှ ၇ ကျပ်သား အရွယ်ရှိသည့် မျိုးတက်များဖြစ်အောင် ပိုင်းဖြတ်ရမည်။
- ပိုင်းဖြတ်ထားသော ချင်းမျိုးတက်များ၏ ဖြတ်ထားသောနေရာကို ပိုးသတ်ရန်အတွက် ရောစပ်ထားသော ကလိုရင်းဖျော်ရည်တွင် ခဏစိမ်ပေးရမည်။
- စိမ်ပြီးသော ချင်းမျိုးတက်များ၏ ဖြတ်ထားသောဒဏ်ရာခြောက်သွေ့စေရန် မစိုက်ပျိုးမီ အေး၍ခြောက်သွေ့သန့်ရှင်းသောနေရာ၌ အနည်းဆုံး ၃ ရက်မှ ၅ ရက်ခန့်ဖြန့်ထားပြီးနောက် ဒဏ်ရာခြောက်သွေ့သွားပါက စိုက်ပျိုးနိုင်သည်။
ချင်းမျိုးတက်များကို အီးအမ်ဖျော်ရည်တွင်စိမ်ခြင်းသည် အပင်ပေါက်နှုန်းနှင့် အပင်ကြီးထွားနှုန်းကို ကောင်း မွန်စေကာ ရောဂါကျရောက်မှုများကို ကာကွယ်ပေးနိုင်သည်။ ချင်းမျိုးတက်စိမ်ရန်အတွက် အီးအမ်ဖျော်ရည်ပြင်ဆင်ခြင်းကို အောက်တွင် အသေးစိတ်ဖော်ပြထားပါသည်။
ချင်း (ဂျင်း) မျိုးတက်စိမ်ရန် အီးအမ်ဖျော်ရည်ပြင်ဆင်နည်း အဆင့်ဆင့်
ပါဝင်ပစ္စည်းများ
- ၁။ အီးအမ် (၅) ဆ
- ၂။ တင်လဲရည် (သို့) ကြံသကာရည် (၅) ဆ
- ၃။ ရေသန့် (၉၀) ဆ
ဖျော်စပ်ပုံ အဆင့်ဆင့်
- ပါဝင်ပစ္စည်းများကို သမအောင်ရောနှောပါ။
- သမအောင်ရောနှောပြီးပါက အလုံပိတ်ဘူးထဲသို့ ထည့်ပါ။
- အချဉ်ဖောက်နေစဉ်တွင် လေထုတ်ရန် ဘူးအဖုံးကို ဖွင့်၍ ပြန်ပိတ်ပါ။
- ဖျော်စပ်ပြီး ၇ ရက်မှ ၁၀ ရက် ထားပြီးလျှင် စတင်အသုံးပြုနိုင်သည်။
- ချင်း (ဂျင်း) မျိုးတက်များကို အီးအမ်ဖျော်ရည်ထဲတွင် မိနစ် (၃၀) ခန့်စိမ်ပြီးမှ စိုက်ပျိုးရမည်။
(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' ချင်း (ဂျင်း) စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ko soe
လွန်ခဲ့သော ၁ နှစ် ကချင်းကအဝယ်ဒိုင်ရှိလား
ကိုကျော်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ဦးမောင်အုန်း
လွန်ခဲ့သော ၃ နှစ် ကဂေါ်ဖီထုပ်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....