စပါးတိုက်ရိုက် မျိုစေ့ချ အခြောက်စိုက်နည်း
ဆောင်ရွက်သင့်သည့်ဒေသ
မြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်း မိုးကောင်းသောက်ဒေသများတွင် စပါးတိုက်ရိုက်မျိုးစေ့ချ အခြောက်စိုက်နည်းကို ကျင့်သုံး၍ စပါးကို အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။ အဆိုပါ ဒေသများတွင် မုတ်သုန်မိုးစတင်ချိန် မသေချာခြင်း၊ မိုးဉီးနောက်ကျခြင်း၊ မိုးရေကို လုံလောက်စွာ ပုံမှန်မရရှိခြင်းတို့ကြောင့် ပျိုးသက်ကြီးသွားခြင်း၊ ပျိုးပင်များသေကြေပျက်စီးခြင်းများ ဖြစ်ပေါ်တတ်သဖြင့် စပါးကို ပျိုးထောင်ကောက်စိုက်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရတတ်ပါသည်။
မြေပြုပြင်ခြင်းနှင့် စိုက်ကြောင်းဖော်ခြင်း
ပထမဦးဆုံးရွာသောမိုးဖြင့် မြေတွင်းအစိုဓာတ် လုံလောက်စွာ ရရှိချိန်တွင် ထယ်ထိုးပါ။ ယခင်နှစ်က သီးနှံရိတ်သိမ်းပြီးလျှင်ပြီးခြင်း မိုးနှောင်းထယ်ရေး (သို့မဟုတ်) နွေထယ်ရေးခံထားခဲ့ပါက ပိုမိုလျင်မြန်စွာ အစိုဓာတ်ရရှိစေပြီး ထယ်ရေးကောင်းရရန်လွယ်ကူစေပါသည်။
ထယ်ရေးညက်ရန်နှင့် အမှိုက်သရိုက်များကို ဖယ်ရှားရန်အတွက် ထယ်ထိုးပြီးလျှင်ပြီးချင်း ထွန်မွှေပါ။ မြေတွင်းရှိ ပေါင်းမျိုးစေ့များမှ အပင်ပေါက်လာပြီး ပေါင်းမြက်များစုံလင်စွာ ပေါက်လာပါက ထပ်မံထယ်ထိုး၍ ထွန်ရေးညက်သည်အထိ အကြိမ်ကြိမ်ထွန်မွေပါ။ စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးရာတွင် ပေါင်းပင်များ နှိမ်နင်းရန် အရေးကြီးသဖြင့် မျိုးစေ့ချစိုက်ပျိုးရန် စိုက်ကြောင်းများ မဖော်မီ ပေါင်းနှိမ်နင်းခြင်းကို အထူးအလေးထား ဆောင်ရွက်လိုသည်။ အခြေခံ မြေသြဇာများကို နောက်ဆုံးအကြိမ်မဝင်မီတွင် ထည့်သွင်းပါ။ ထွန်ရေးကောင်းစွာပြင်၍ ကြမ်းတုန်းရိုက်မြေညှိပြီးပါက ရှစ်လက်မမှ ဆယ်လက်မကြား စိုက်ကြောင်းများ ဆွဲပါ။ စိုက်ကြောင်းများဆွဲရာတွင် ရိုးရိုးထွန်ကိုပင် အသွားအရှည် ခြောက်လက်မခန့်ရှိစေပြီး ဆွဲနိုင်ပါသည်။ စိုက်ကြောင်းများအားလုံးသည် တစ်ခုနှင့်တစ်ခု အကွာအဝေးညီပြီး ဖြောင့်တန်းနေရပါမည်။
မျိုးစေ့ချစိုက်ပျိုးခြင်း
ဒေသအလိုက် သင့်တော်သော စပါးမျိုးကို အသုံးပြုပါ။ မိုးခေါင်ဒဏ်ခံနိုင်သော ယာ-၊ ယာ-၂ ထွန်း စပါးမျိုးများသက်တမ်းတိုသော ရွှေသွယ်ရင်၊ ရတနာအောင်၊ အိုင်အာ ၇၄၇၊ ထွန်းသီရိ ကဲ့သို့ စပါးမျိုးများကို အသုံးပြုနိုင်သည်။
အသုံးပြုသော မျိုးသည် သန့်စင်ကောင်းမွန်၍ အနည်းဆုံးအပင်ပေါက်ရာခိုင်နူန်း ၈၀ ရှိသော မျိုးစေ့များကိုသာ သုံးစွဲပါ။ အဖျင်းအမှော်စေ့များ၊ ပေါင်းမျိုးစေ့များနှင့် အခြားမလိုလားအပ်သော အမှိုက်သရိုက်များကို လှေ့၍ ဖယ်ထုတ်ပါ။
မျိုးစေ့များကို စိုက်ကြောင်းဖော်ထားသောမြေပေါ်တွင် တစ်ဧကလျှင် တစ်တင်းမှ တစ်တင်းခွဲနူန်းဖြင့် ညီညာပျံ့နှံ့အောင် ကြဲပါ။ အချို့မျိုးစေ့များသည် ဘောင်ပေါ်တွင် တင်နေကောင်းတင်နေမည်ဖြစ်သော်လည်း မြေဖုံးသည့်အခါ အလိုလိုစိုက်ကြောင်းအတွင်းသို့ ကျသွားပါလိမ့်မည်။
မျိုးစေ့နူန်းကို လိုအပ်သည်ထက် ပိုမိုသုံးစွဲပါက စပါးပင်များ ထူထပ်ပြီး အပင်ယိုင်လဲနိုင်သည်။ ရိတ်သိမ်းချိန်တွင် အဖျင်းအမှော်များပြီး စပါးထွက်လျော့နိုင်ပါသည်။
မျိုးစေ့ကြဲပြီးသည်နှင့် တစ်ပြိုင်နက် ထွန်သွားများဖြုတ်ထာသော ထွန်တုံးဖြင့်ဖြစ်စေ၊ ခြောက်ပေခန့်ရှည် သစ်တုံးငယ်ကြမ်းတုံးဖြင့်ဖြစ်စေ၊ စိုက်ကြောင်းများအတိုင်း စုန်၍ သော်လည်းကောင်း၊ ဓားလွယ်ခုတ်ရွေ့စောင်း၍ သော်လည်းကောင်း မောင်းခြင်းဖြင့် မျိုးစေ့များကို ဖုံးပါ။
ပေါင်းနှိမ်နင်းခြင်း၊ ရေထိန်းသိမ်းခြင်းနှင့် ပြုစုဂရုစိုက်ခြင်း
မြေအစိုဓာတ်ရရှိမှုအပေါ်မူတည်၍ စိုက်ပြီး ခုနှစ်ရက်မှ ဆယ်ရက်အတွင်း စိုက်တန်းများ အတွင်း၌ စပါးပင်များ ပေါက်လာမည်ဖြစ်သည်။ ဤအစောပိုင်းကာလတွင် ပေါင်းများနှိမ်နင်းရန် အရေးကြီးသည်။
စပါးပင်ပေါက်ပြီး တစ်ပတ်မှ ၁၀ ရက်အတွင်း ဘီးတပ်ကြားလိုက်ကိရိယာသုံး၍ဖြစ်စေ စိုက်ကြောင်းဆွဲခဲ့သော် ထွန်ကို အသုံးပြု၍ဖြစ်စေ အတန်းတွင်းကြားလိုက်ပါ။
၎င်းနောက် ကန်သင်းရှိသော လယ်မြေဖြစ်ပါက ကန်သင်းများကို လုံအောင်ပိတ်၍ ရွာသွန်းသော မိုးရေများကို စပါးရွက်များပေါ်နိုင်သော အနေအထားထိ စုဆောင်းထိန်းသိမ်းသိုလှောင်ပါ။ ၎င်းသည် ပေါင်းနှိမ်နင်းရာတွင် များစွာ အကျိုးရှိသည့်အပြင် စပါးပင်များ ကြီးထွားဖြစ်ထွန်းမှုကိုလည်း ညီညာစေပါသည်။
စပါးပင်များကြီးထွားမှု ကာလတစ်လျှောက်လုံးတွင် လယ်ကွက်အတွင်း မိုးရေလေးလက်မမှ ခြောက်လက်မအတွင်း ရှိနေစေခြင်း၊ ကြားပေါင်းလိုက်ကိရိယာကို အသုံးပြု၍ နှစ်ကြိမ်မှ သုံးကြိမ် ပေါင်းမြက်နှိမ်နင်းခြင်း၊ လိုအပ်ပါက လက်ပေါင်းလိုက်ခြင်း၊ မြေသြဇာကြဲပက်ခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်ရပါမည်။
အကျိုးကျေးဇူး
ဤနည်းကို အသုံးပြုခြင်းဖြင့် ပျိုးခင်းဖြင့်ပျိုးထောင်စရိတ်၊ ပျိုးနုတ်စရိတ်နှင့် ကောက်စိုက်စရိတ်များကို သက်သာစေနိုင်ပါသည်။
စပါးပင်ဖြစ်ထွန်းမှုအတွက် တမန်းပြင်ရန် မိုးရေမလုံလောက်သည့် အခြေအနေတွင် စပါးတစ်သီးကို လက်မလွတ်တမ်း စိုက်ပျိုးနိုင်ပါသည်။
အကယ်၍ စနစ်တကျ ကောင်းစွာ စီမံဆောင်ရွက်မည်ဆိုပါက ပျိုးထောင်ပြောင်းရွေ့စိုက်ပျိုးရရှိသော စပါးအထွက်နူန်းနှင့် အလားတူ အထွက်နူန်းကို ရရှိစေမည် ဖြစ်ပါသည်။
စပါးစိုက်ရန် မုတ်သုန်မိုး အလုံအလောက်ရသည်အထိ စောင့်ဆိုင်းရန် မလိုဘဲ အချိန်ကုန်သက်သာစေသည့်အပြင် စပါးကို စောစီးစွာ ရိတ်သိမ်းနိုင်သောကြောင့် စပါးပြီး သီးထပ်သီးနှံ တစ်မျိုးမျိုးကို အချိန်ရာသီမီ စိုက်ပျိုးနိုင်ပါသည်။
လယ်ယာစီးပွားသတင်း နည်းပညာအချပ်ပို
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Naay Zer
လွန်ခဲ့သော ၅ နှစ် ကဒီထဲ မှာရေးထားတဲ့မျိုးစပါများကသက်တန်းဘယ်လောက်ရှိလဲစားလို့ကောင်းလာ ဆန်ကပြောလားမာလား သိချင်လို့ပါ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026