စမြိတ်
စမြိတ်ပင်သည် နှစ်ချင်းစားသီးနှံဖြစ်ပြီး အရွက်နှင့်အစေ့ကို စားသုံးရသည်။ အပင်အမြင့် ၁၂-၃၆လက်မရှိပြီး၊ အကျယ် ၆-၂၄ လက်မရှိသည်။ စမြိတ်သည် စိုက်ပျိုးရန် လွယ်ကူသော အပင် ဖြစ်သည်။ အရွက်များသည် နူးညံ့ပြီး ငှက်မွှေးတောင်သဏ္ဌာန်ရှိသည်။ နွေရာသီတွင် အဝါရောင်ပန်းပွင့်များသည် အခိုင်တွင် ထိပ်ဖျား၌ ညီညာစွာပွင့်ကြသည်။ အစေ့များသည် နွေရာသီနှောင်းပိုင်းနှင့် ဆောင်းရာသီပေါက်တွင် ရင့်မှည့်ကြသည်။ စမြိတ်ကို ချဥ်ဖတ်တည်ခြင်းအပြင် အရွက်များကို နုတ်နုတ်စင်းပြီး၊ အားလူးအသုပ်မှ ဆာလမွန်ငါးအထိ အစားအစာများစွာတွင် ထည့်၍ စားသုံးကြသည်။
ဥယှာဥ်ခြံစိုက်ပျိုးသူများအတွက် စမြိတ်ပင်သည် အလွန်အရေးပါသော သီးနှံပင်ဖြစ်သည်။ အကြောင်းမှာ လေ့စ်ဝင်း(lacewings) စသော မိတ်ဆွေပိုးအမျိုးမျိုး၏ အဓိကအစာမှာ စမြိတ်ပင်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ပျပိုးသည် လေ့စ်ဝင်းပိုး၏ အဓိကအစာဖြစ်၍ ဥယျာဥ်တွင် ပျပိုးကျရောက်မှု နည်းပါးသည်။ စမြိတ်သည် မျိုးရင်းတူ ပါစလီ ခေါ် တရုတ်နံနံကဲ့သို့ ပျံလွှားမြီးပုံစံရှိ အလှပဆုံးလိပ်ပြာအနက်ရောင်တစ်မျိုး၏ အိမ်ရှင်လက်ခံပင်ဖြစ်သည်။
(၁) စိုက်ပျိုးခြင်း
နွေရာသီ၌ ပူပြင်းသောရာသီတွင် နွေဦးပေါက်ရာသီ၌ဖြစ်စေ၊ ဆောင်းဦးပေါက်ရာသီ၌ဖြစ်စေ၊ အစေ့ကို စိုက်ပျိုးရသည်။ မြေတွင် ခိုင်မြဲသွားသော အပင်ကြီးများက အစေ့ကျပြီး အလေ့ကျ အပင် ပေါက်နိုင်သည်။ မျိုးစေ့ကို ကြဲပက်စိုက်ပျိုးရသည်။ စိုက်ပျိုးမြေသည် မြေဩဇာထက်သန်ရမည်။ အစိုဓါတ် ရှိရမည်။ ရေထုတ်လွယ်ရမည်။ မျိုးစေ့များကို ကြဲပက်ပြီး ဇကာချထားသော မြေဆွေးဖြင့် ပါးပါးဖုံးအုပ်ပေးရသည်။ နေရောင်အပြည့်အဝရရှိသော မြေနေရာ ဖြစ်ရသည်။ စားသုံး၍ရသော အရွယ်ရောက်လျှင် ပင်ကြပ်နှုတ်ရသည်။
စမြိတ်ရွက်အမြဲမပြတ်ရရှိစေရန် တစ်လလျှင်တစ်ကြိမ် စိုက်ပျိုးသွာသင့်သည်။ အပင်ငယ်စဥ် ပတ်ဝန်းကျင်ရှိ ပေါင်းမြက်ကို လက်ဖြင့် နှုတ်ရသည်။ ပန်းပွင့်းရိုးတံထွက်လာလျှင် ချိုးပေးမှ အရွက်များများထွက်သည်။ စမြိတ်သည် ဒဏ်ခံနိုင်သော သီးနံဖြစ်သော်လည်း အစိုဓါတ် အမြဲ ရှိနေရန် လိုအပ်သည်။ နိုက်တရိုဂျင်ဓါတ်များသော အရည်ဖျော်မြေဩဇာကို လစဥ်ကျွေးပေးရသည်။ အအေးဒဏ်ခံနိုင်သဖြင့် ဥယျာဥ်တဲတွင် ဆောင်းဦးပေါက်နှောင်းပိုင်းကာလများအထိ စမြိတ်ပင်ကို တွေ့ရသည်။
(၁) ရိတ်သိမ်းခြင်း
မျိုးစေ့ကို စိုက်ပျိုးပြီး ၃၅-၅၅ ရက်ကြာလျှင် အရွက်ကို ခူးယူနိုင်သည်။ အပင်မှ အရွက်ကို လိုသလောက် ခူးယူနိုင်သည်။သို့သော် တစ်ပင်လုံးဆွဲနှုတ်ရသည်။ စိုက်ပျိုးပြီးရက်ပေါင်း ၇၅-၁၀၀ကြာမှ အစေ့များ ဖြစ်ပေါ်သည်။ အစေ့များညိုရောင်သန်းလာလျှင် အစေ့အုံအောက် ၄ လက်မ ရိုးတံပါအောင် ဖြတ်ယူရသည်၊ အစေ့အုံကို စက္ကူအိတ်တွင် စောက်ထိုးထည့်၍ ချိတ်ဆွဲထားရသည်။ အရွက်များကို လေဖြင့် ခြောက်အောင်ထား၍ဖြစ်စေ၊ အေးခဲထား၍ဖြစ်စေ တာရှည်ထားခံနိုင်သည်။ အရွက်လတ်လတ်ဆတ်ဆတ်သည် အရွက်သုပ်၊ ဆော့စ်၊ အရည်သောက်ဟင်း၊ ပေါင်မုန့်၊ ပက်စတို၊ အားလူးသုပ်၊ ကြက်ဥဟင်းလျာများတွင် အနံ့သာ မဟုတ်ဘဲ မျက်စိပသာဒပါ ပေးစွမ်းသည်။ အစေ့အခြောက်များကို အချဥ်တည်သော ဆားဖျော်ရည်တွင် ထည့်၍ သုံးရသည်။
(၃)ပိုးမွှာရောဂါ
တရုတ်နံနံစားသော လောက်ကောင်သည် စမြိတ်ကို စားသည်။ လက်ဖြင့် ကောက်ယူနှိမ်နင်းနိုင်သည်။
(၄) မျိုးများ
ဘူကေး(Bouquet) မျိုးကို အနံ့အပြား စိုက်ပျိုးကြသည်။ ထိုမျိုးမှာ အစေ့အုံကြီးသည်။ ဖန်းလိ(ဖ်)(Femleaf)မျိုးသည် နူးညံ့သော ငှက်မွှေးတောင် ကဲ့သို့သော အရွက်များရှိပြီး၊ စိမ်းပြာရောင် အပင်ပုမျိုးဖြစ်သည်။ အရွက်ထွက်ရှိမှု များသည်။ လောင်အိုင်လင်မွန်မော(လ်)(Long Island Monnonth)မျိုးကို အရွက်ရော အစေ့ကိုပါ သုံးစွဲရန် ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။ စူပါဒူးကတ်(Superdukar)မျိုးသည် အရွက်အထွက်များသည်။ ထိုမျိူးကိ အဓိက ဆီ(Essential Oil)နှင့် အနံ့ပါရှိသည်။ မြန်မာနိုင်ငံ၌ စမြိတ် (Dill-Peu cedanum graveolens, Benth) နှင့် စမွှတ်ရွက် သို့မဟုတ် စမုန်ညိုရွက် (Sowa Leaves – Anethum Sowa, Roxb) ဟု ၂ မျိုးရှိသည်။
(၅) အာဟာရဓါတ်
မြန်မာ့ဆေးကျမ်းအလိုအရ စမြိတ်ရွက်သည် အလွန် အနံ့အခိုး ပြင်း၏။ နံနံထက် တက်တတ်၏။ ဂန္ဓပ ပထဝီမျိုးတည်း(ဇီဝိတ)။ စမြိတ်ရွက်သည် ချို၏။ လေနှင့် သလိပ်ကို နိုင်၏။ သွေးကို ကြွစေတတ်၏။ မူးမော်စေတတ်၏(ရျူ)။ စမြိတ်စေ့သည် ဓာတ်ကျိုး၊ ဓာတ်ပျက်ကိုလည်းကောင်း၊ လေနာကြီး ဒေါသနာ၊ အော့အန်နာတို့ကိုလည်းကောင်း ပယ်နိုင်၏(ဓာတုရသ)။
ဒေါက်တာချစ် ရေးသားသော စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်
moe • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ပုသိမ်ပေါ်ဆန်းစိုက်ပျိုးမှု့အကြောင်းသိချင်ပါတယ် ရေထိမ်းသိမ်းမှု ဘာဆေးတေကြွးသင့်လဲ
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
ပေါ့်ဆန်းစပါးကိုရေဘယ်လိုထိမ်းရမလဲ ဘာဆေးတေကြွေးသင်လဲသိချင်ပါတယ်
ကိုမျိုးဆွေဦး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026