စိုက်ပျိုးရေ လုံလောက်စွာ မရရှိခြင်း၏ အကြောင်းရင်းများ
နိုင်ငံအလယ်ပိုင်းဒေသမှ လွဲ၍ အခြားဒေသများတွင် မိုးရေကို လုံလောက်စွာ ရရှိသည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံအလယ်ပိုင်းဒေသတွင်မှု ရွာသွန်းသော မိုးရေချိန် ပမာဏ နည်းပါးခြင်း၊ မိုးပြတ်သော ကာလ ကြာမြင့်တတ်ခြင်း၊ အပူချိန်မြင့်မား၍ သီးနှံပင် ရေလိုအပ်မှုများခြင်းအကြောင်းများအပြင် ရွာသွန်းသော မိုးရေကို မြေဆီလွှာ အတွင်း စနစ်တကျ သိုလှောင်သိမ်းဆည်းနိုင်မှုမရှိခြင်းသည်လည်း သီးနှံပင်ရေလုံလောက်စွာ မရခြင်း၏ အကြောင်းရင်း တစ်ရပ် ဖြစ်ပါသည်။
ရွာသွန်းသောမိုးရေကို မြေဆီလွှာ အတွင်း စိုက်ခင်းအတွင်း စနစ်တကျ သိုလှောင်သိမ်းဆည်းနိုင်ပါက ရက် ၉၀ ရှိ သော သီးနှံတစ်ခုအတွက် မိုးရေချိန် ၁၂ လက်မသည် လုံလောက်သည်။
အချို့သော ဒေသ (အထူးသဖြင့် မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း) များတွင် ရွာသွန်းသော မိုးရေကို မိရိုးဖလာနည်းဖြင့် ဖမ်းယူ၍ မြေဆီလွှာ စိုက်ခင်းအတွင်း စိမ့်ဝင်သွားအောင် ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရသော်လည်း များသောအားဖြင့်မူ မိုးကြီးရွာသွန်းပါက စိုက်ခင်းပြင်ပသို့ စီးထွက်သွားခြင်းဖြင့် ရွာသွန်းသောမိုးရေကို စနစ်တကျ ဖမ်းယူ သိုလှောင်နိုင်ပါက မိုးနှောင်းသီးနှံများ၏ အောင် မြင်မှုနှုန်းသည် ယခုထက်များစွာ မြင့်မားနိုင်ပါသည်။
မြစ်ချောင်းများ၏ စုစုပေါင်းစီးဆင်းရေ ပမာဏသည် ဧကပေသန်းပေါင်း ၈၇၀ ခန့်ရှိသော်လည်း ဧကပေသန်းပေါင်း ၃၀ ခန့်သာ အသုံးပြုနိုင်ပြီး ကျန်ဧက ပေသန်းပေါင်း ၈၃၀ ခန့်မှာ ပင်လယ်ထဲသို့ စီးဝင်ဆုံးရှုံးရပါသည်။ မြစ်ချောင်းများမှ ရေကို အသုံးမပြုနိုင်ခြင်း၏ အကြောင်းအရင်းများမှာ-
၁။ မြစ်ချောင်းများသည် မြေနိမ့်ပိုင်းတွင် စီးဆင်း၍ စိုက်ခင်းများမှာ အမြင့်ပိုင်းတွင် ရှိနေခြင်း။
၂။ ရေရရှိရေး စီမံကိန်းများ၏ အရည်အသွေးညံ့ဖျင်းခြင်း။
၃။ တည်ဆောက်သော စီမံကိန်းများ၏ အရည်အသွေးညံ့ဖျင်းခြင်း။
၄။ ဆည်မြောင်းစီမံကိန်းကြီးများ၏ ရေပေးဝေမှုစနစ် ညံ့ဖျင်းခြင်း။
၅။ အစိုရ၏ မူဝါဒ အားနည်းခြင်း။
၆။ စီမံခန့်ခွဲမှုစနစ် အားနည်းခြင်း။
၇။ နည်းပညာပိုင်းဆိုင်ရာ အားနည်းခြင်း စသည်တို့ဖြစ်ပါသည်။
စာရင်းအရ ဆည်မြောင်းစနစ်ဖြင့် ရေပေးဝေသော ဧရိယာဧက လေးသန်းခန့်ရှိပြီး မြစ်ရေတင်စနစ်ဖြင့် ရေပေးဝေသော ဧရိယာမှာ ငါးသိန်းခန့်ရှိပါသည်။ သို့သော် အမှန်တကယ်စိုက်ပျိုးရေ ပုံမှန်ရရှိသော ဧရိယာမှာ ထိုထက် လျော့နည်းနိုင်ပါသည်။ မြစ်ဝှမ်းဧရိယာ ရှစ်ခုတွင် နှစ်စဉ်ပြန်လည် ဖြည့်တင်းနိုင်သော မြေအောက်ရေ ပမာဏ ဧကပေသန်းပေါင်း ၄၉၀ ခန့်ရှိသည်။ သို့သော်လည်း စာရင်းအရ စက်ရေတွင်းပေါင်း ၈၀၀၀ ကျော်မှ စိုက်ဧက တစ်သိန်းကျော်လောက်သာ မြေအောက်ရေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ မြေအောက်ရေအပြည့်အဝ အသုံးအပြုနိုင်ခြင်း အကြောင်းအရင်းများမှာ-
၁။ မြေအောက်ရေတွင် ဆားများပါဝင်နေခြင်း၊
၂။ စက်ရေတွင်းတူးဖော်သော စာရိတ်ကြီးမားခြင်း။
၃။ စက်တပ်ဆင်ရသော စာရိတ်ဖြင့် ရေတင်ရေသာ စရိတ်ကြီးမားခြင်း။
၄။ စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေတင်ခြင်းတွင် နည်းပညာအားနည်းခြင်း။
၅။ မြေအောက်ရေတည်ရှိမှု အနေအထားကို လေ့လာမှုအားနည်းခြင်း။
၆။ အစိုးရ၏ မူဝါဒနှင့် စီမံခန့်ခွဲမှု အားနည်းခြင်းတို့ ဖြစ်ပါသည်။
ကိုးကား-စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများအသင်းမှ ထုတ်ဝေသော မဂ္ဂဇင်းမှ ပြန်လည်ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဒီပေါင်းတွေ မိုးကျပြီး အရမ်းပေါလာလို့ ပေါင်းသတ်ဆေး ဘယ်လိုအမျိုးကထိထိရောက်ရောက် သေစေနိုင်လဲ ယခုဟာ နှ််းစိုက်ခါနီးနေပီမို့ပါ။
KyawKyawTun • ဖြေကြားချက် 2 ခု
ဒူးရင်းအပင်100ဝန်းကျင်အတွက် မြေအောက်ရေထုတ်ယူဖို့ ပထမကတော့ ဓါတ်ဆီအင်ဂျင်နဲ့ air compressorတွဲပြီးအသုံးပြုလို့ရတယ်ဆိုလို့1လက်မခွဲပိုက်နဲ့ပေ200နီးပါးထိတူးထားတာပါ နွေရာသီမှာ ရေ level က100ကျော်ကျော်လောက်ထိပါ အခုသိရပြန်တာကဓါတ်ဆီအင်ဂျင်+air compressor ကအဆင်မပြေဘူးပြောကြပြန်လို့ ရေမြှုပ်ပန့်အသေးလေးရှာကြည့်ပြန်တာ 1.5လက်မတွင်းအတွက်မရှိဘူးပဲဖြစ်နေလို့ ဘယ်နည်းလမ်းအသုံးပြုလို့ရနိုင်မလဲသိချင်ပါတယ်ခင်ဗျာမျှဝေပေးချင်ပါတယ်ဗျ လျှပ်စစ်မီးမရှိ မြေအောက်ရေပဲသုံးလို့ရမယ့်နေရာဖြစ်နေလို့ပါဗျ
Oakkar • ဖြေကြားချက် 3 ခု
ပေါ်ဆန်းသက်ရင်အထွက်တိုးစေရန်ဘာဆေးဝါးသုံးရမလဲဗျ။ဘယ်မြေသြဇာသုံးရင်အဆင်ပြေမလဲသိချင်ပါတယ်ခင်ဗျာ။
အောင်ဇော်ဥိး • ဖြေကြားချက် 3 ခု
ကွမ်းက10တစ်ခါခူးနေတာဗျ လိုင်ဆာလဖာ နဲ ရွေတက်လမ်း သဘာ၀မိူဆေးတွေနဲရောဖျန်းရလားဗျ
phyo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026