ရေထိန်းဆေး
နှစ်ရှည်ပင်တွေဖြစ်တဲ့ သရက် ထောပတ် ရော်ဘာ စတဲ့ နှစ်ရှည်ခံ အပင်တွေ စိုက်ပျိုးရာမှာ ဧကကျယ်ခြံတွေမှာ အသုံးပြုနိုင်ရန် ရည်ရွယ်ပါတယ်။ ဧက ကျယ်ကျယ်ခြံတွေမှာ အပင်တွေ ရှင်သန်ဖို့ ရေပေးရာမှာ အလွန် အခက်အခဲ ရှိပါတယ်။ မိုးရွာမှ အပင်ရေရတတ်ပြီး ကျန်တဲ့ နွေနဲ့ ဆောင်းမှာ အပင်တွေ အစိုဓာတ်လိုအပ်ချိန်မှာ ခြံသမားတွေအတွက် အရမ်းခက်ခဲတတ်ပါတယ်။ မြစ်ဘေး၊ ချောင်းဘေးခြံက လွဲပြီး တခြား ရေအခက်အခဲရှိတဲ့ ခြံတွေမှာ ကုန်ကျစရိတ်ကအစ ကြီးမားတတ်ပါသေးတယ်။ ရေအစိုပမာဏ လုံလောက်မှုမရှိလို့ သေကြေပျက်စီးတတ်တဲ့ စိုက်ခင်းတွေလည်း အများအပြားပါ။
ဒီအတွက် ကျနော် သိသလောက် ရေထိန်းနည်း အစိုဓာတ် ဖမ်းနည်းလေးတွေ ပြောပြချင်ပါတယ်။ အညာဒေသတွေမှာ စိုက်ခင်းအတွင်း အစိုဓာတ်ကို ဖမ်းဖို့အတွက် ညီညာတဲ့ ကွင်းပြင် ဖြစ်ရပါမယ်။ မိုးရေ ညီညီညာညာ ကျရောက်ပြီးနောက် အပေါ်ယံ အစိုဓာတ် ကျဆင်းသွားချိန် အထက်အောက် ထွန်တိုက် ထယ်လှန်ပြီး အစိုဓာတ်ဖမ်းပါတယ်။
နောက်တနည်းက မိုးကုန်ခါနီး ကာလ နောက်ဆုံးမိုး မလာခင် ပေါင်းမြက်များကို ဖြတ်ပြီး အပင်ခြေ ဖုံးအုပ်ပြီး အစိုဓာတ် ထိန်းနိုင်ပါတယ်။ နည်းလမ်းကတော့ အသွယ်သွယ်ရှိမှာပါ။
ကျနော် နောက်ဆုံးပြောချင်တဲ့ နည်းလမ်းက ကျောက်ကျောမှုန့်ကနေ စပါမယ်။ ကျောက်ကျောမှုန့် ၂၅၀ ဂရမ် တထုပ်ကို ရေနွေး ပွက်ပွက်ဆူ ၅လီတာတွင်ဖျော်ရန် လိုပါတယ်။ အဲဒီဖျော်ရည်မှာ ရေညှိပြား (ဂျပန် ထမင်းလိပ် လုပ်ရာမှာသုံးတဲ့ ရေညှိပြား) တထုပ်ကို အပိုင်းအသေးလေးများဖြစ်အောင် ပိုင်းဖြတ်ပြီး ရောဖျော်နိုင်ပါတယ်။ အဲဒီ ကျောက်ကျောတုံး တကီလိုကို ရေနွေးနဲ့ ပြန်ဖျော်ပြီး ရေ တဂါလံမှာ ပျော်ဝင်အောင် ပြုလုပ်ကာ အပင်ခြေမှာ လောင်းပေးခြင်းဖြင့် ရေအစိုဓာတ် တလကျော်အထိ ထိန်းနိုင်ပါလိမ့်မယ်။ တပင်ကို ကျောက်ကျောရည် တလီတာခန့် လောင်းထည့်ပြီး အပင်ရေဝအောင် သွင်းပေးပြီး အစိုဓာတ် ထိန်းပေးပါလိမ့်မယ်။ ကျောက်ကျောနဲ့ ရေငြိ အပိုင်းအစများဟာလည်း ကြာရင်ဆွေးမြေ့ပြီး ပျောက်ပျက်ကာ မြေဆွေး ဖြစ်သွားပါလိမ့်မယ်။ ရာသီ သီးနှံတွေ အတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။
ခန့်ဇော်ထက်
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဒီပေါင်းတွေ မိုးကျပြီး အရမ်းပေါလာလို့ ပေါင်းသတ်ဆေး ဘယ်လိုအမျိုးကထိထိရောက်ရောက် သေစေနိုင်လဲ ယခုဟာ နှ််းစိုက်ခါနီးနေပီမို့ပါ။
KyawKyawTun • ဖြေကြားချက် 2 ခု
ဒူးရင်းအပင်100ဝန်းကျင်အတွက် မြေအောက်ရေထုတ်ယူဖို့ ပထမကတော့ ဓါတ်ဆီအင်ဂျင်နဲ့ air compressorတွဲပြီးအသုံးပြုလို့ရတယ်ဆိုလို့1လက်မခွဲပိုက်နဲ့ပေ200နီးပါးထိတူးထားတာပါ နွေရာသီမှာ ရေ level က100ကျော်ကျော်လောက်ထိပါ အခုသိရပြန်တာကဓါတ်ဆီအင်ဂျင်+air compressor ကအဆင်မပြေဘူးပြောကြပြန်လို့ ရေမြှုပ်ပန့်အသေးလေးရှာကြည့်ပြန်တာ 1.5လက်မတွင်းအတွက်မရှိဘူးပဲဖြစ်နေလို့ ဘယ်နည်းလမ်းအသုံးပြုလို့ရနိုင်မလဲသိချင်ပါတယ်ခင်ဗျာမျှဝေပေးချင်ပါတယ်ဗျ လျှပ်စစ်မီးမရှိ မြေအောက်ရေပဲသုံးလို့ရမယ့်နေရာဖြစ်နေလို့ပါဗျ
Oakkar • ဖြေကြားချက် 3 ခု
ပေါ်ဆန်းသက်ရင်အထွက်တိုးစေရန်ဘာဆေးဝါးသုံးရမလဲဗျ။ဘယ်မြေသြဇာသုံးရင်အဆင်ပြေမလဲသိချင်ပါတယ်ခင်ဗျာ။
အောင်ဇော်ဥိး • ဖြေကြားချက် 3 ခု
ကွမ်းက10တစ်ခါခူးနေတာဗျ လိုင်ဆာလဖာ နဲ ရွေတက်လမ်း သဘာ၀မိူဆေးတွေနဲရောဖျန်းရလားဗျ
phyo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Khant Zaw Htet
အားလုံး