အော်ဂဲနစ်လယ်ယာကိုဘာဖြစ်လို့သွားချင်ရတာလဲ
(၂၀)ရာစုလယ်ကစပြီး ယနေ့အထိ တိုးတက်လာနေတဲ့လူဦးရေအတွက် အစားအစာဖူလုံနိုင်စေဖို့ သီးနှံရိက္ခာ စိုက်ပျိုး ထုတ်လုပ်သူများက အထွက်တိုးစေတဲ့ ဓာတ်မြေဩဇာတွေ ပိုးသတ်ဆေးတွေ အဆိပ်ငွေ့မှိုင်းတိုက်ဆေးတွေကို တွင် ကျယ်စွာ အသုံးပြုခဲ့တဲ့အတွက် ကမ္ဘာ့မြေထု၊ ရေထု၊ လေထုတွေမှာ ညစ်ညမ်းမှုမျိုးစုံနဲ့ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်လာရတယ်။
အော်ဂဲနစ်လယ်ယာစိုက်ပျိုးမွေးမြူရေးတွေဟာ တုပဖန်တီးထားသော ပိုးသတ်ဆေးများ၊ ဓာတ်မြေဩဇာများ၊ ကြီးထွား ဟော်မုန်းများ အသုံးမပြုသည့်အတွက် မြေထု၊ ရေထု၊ လေထုရဲ့သန့်ရှင်းရေးကို များစွာအကူအ ညီပေးပါလိမ့်မည်။ သဘာဝပတ်ဝန်းကျင်နဲ့ လူ၊ တိရစ္ဆာန်၊ အပင်သက်ရှိတို့နဲ့ ကျန်းမာရေးအထောက်အကူပြုသော နည်းလမ်းပါပဲ။
မိမိတို့လူသားများဟာ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်ရှိသော အစားအစာများကို ရက်ပေါင်းတာရှည်စွာ စားသုံးနေကြ တယ်ဆိုတာ မည်သူမှ သတိထားမိမှာမဟုတ်ပါဘူး။ ပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်မြင့်မားနေသော အစားအစာ များကြောင့် လူတွေ ရုတ်တရက်သေဆုံးနိုင်တယ်။ သို့မဟုတ် အဆိပ်သင့်နိုင်တယ်။ ဓာတ်ကြွင်းအာနိသင် အနည်း ငယ်ပင်လျှင် ကင်ဆာရောဂါဖြစ်စေနိုင်သည့်အကြောင်း ရှိပါတယ်။ အလွန်ကိုနည်းပါးသည့် ဓာတ်ကြွင်းအာနိသင် ထရီလျှံရဲ့အစိတ်အပိုင်း (Just a few parts per trillion-1,000,000,000,000) မျှပင်လျှင် ကလေးများရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ပျက်စီးနိုင်ပါသည်။ အော်ဂဲနစ်အစားအစာက ပိုးသတ်ဆေး၊ ဓာတုမြေဩဇာကင်းစင် သည့်အတွက် ဓာတ်ကြွင်း အာနိသင် ကင်းစင်ပါတယ်။
ဒါကြောင့်မို့ အော်ဂဲနစ်လယ်ယာ စိုက်ပျိုးသူများအဖို့ မိမိနှင့် မိမိတို့ရဲ့မိသားစုများအပြင် စားသုံးသူများ အတွက်လည်း ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ ဗီဇပြုပြင်သီးနှံများကို လုံးဝအသုံးမပြုဘဲ စိုက်ပျိုးစားသုံးနိုင်ကြရင်၊ ဓာတ်ကြွင်း အာနိသင်ကင်းစင်စေသည့်အတွက် ကျန်းမာရေးနဲ့ညီညွတ်စေသော နည်းလမ်းဖြစ်ပါတယ်။ ဓာတ်မြေဩဇာ အသုံးမပြု သည့်အတွက်လည်း အော်ဂဲနစ်သီးနှံက အာဟာရပြည့်ဝသည့်အပြင် ကောင်းမွန်သောအရသာကိုလည်း ပေးစွမ်းပါတယ်။
အော်ဂဲနစ်စိုက်ပျိုးရေး၊ အော်ဂဲနစ်အစားအစာရရှိရေးက အော်ဂဲနစ်ထောက်ခံချက်ပါသော အစားအစာကိုစားသုံးမှ ကျန်း မာရေးအာမခံချက်ကိုရရှိတာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင်စိုက်ပျိုးရာမှာ ရွေးချယ်နိုင်တဲ့အခွင့်အရေးတွေက အများအပြား ပါပဲ။ ကိုယ်တိုင်စိုက်ပျိုးစားသူများအဖို့ အော်ဂဲနစ်သဘောတရားကို သိသွားပြီးဆိုရင် အလွန်ကိုလွယ်ကူတဲ့ နည်းလမ်းတစ်ခုပါပဲ။
အော်ဂဲနစ်စိုက်ပျိုးရေးကလူ၊ တိရစ္ဆာန်၊ အပင် သက်ရှိအားလုံး၊ သက်ရှိအချင်းချင်း၊ ဆက်နွယ်မှုရှိနေရမည့်အပြင်၊ သက်ရှိနဲ့ ၎င်းတို့၏ပတ်ဝန်းကျင်အားလုံးဟာ သဘာဝဂေဟအဖွဲ့အစည်း မပျက်ယွင်းအောင် ထိန်းသိမ်းထားနိုင်ရင်၊ အော်ဂဲနစ်လယ်ယာစနစ် စိုက်ပျိုးရေးကို ချီတက်နေတာပဲဖြစ်ပါတယ်။
အော်ဂဲနစ်လယ်ယာစိုက်ပျိုးရေးက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းတဲ့နေရာမှာ မြေယာအားလုံးကို အစိမ်းရောင်တွေနဲ့ တစ်နှစ်တာပတ်လုံး ဖုံးလွှမ်းထားစေတဲ့စနစ်ဖြစ်ပါတယ်။ အစိမ်းရောင်အရွက်တွေမှာပါတဲ့ လေပေါက်တွေဟာ လေထုမှကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးမယ်။ ပြီးတော့ လေထုထဲကို အောက်စီဂျင်လေသန့်တွေ ပြန်လည်ထုတ်ပေး တဲ့အတွက် လေထုသန့်ရှင်းသွားစေတယ်။
စိုက်ပျိုးသူတွေကလည်း ဓာတုပိုးသတ်ဆေးတွေကို အသုံးမပြုရသည့်အတွက် သူတို့ရဲ့ကျန်းမာရေးအတွက်လည်း လုံခြုံ စိတ်ချ သွားစေတယ်။ အော်ဂဲနစ်အစားအစာကို စားသုံးရသူများကလည်းပဲ လုံခြုံစိတ်ချရတဲ့အစားအစာကို စားသုံးရတာ ဖြစ်တဲ့အတွက် ကျန်းမာချမ်းသာမှုကိုရစေတယ်။
ဒါကြောင့် အော်ဂဲနစ်လယ်ယာများကို စိုက်ပျိုးရေးသဘာဝပတ်ဝန်းကျင်အတွက်ကော၊ စိုက်ပျိုးသူများအပြင် စားသုံးသူ များအတွက်ပါ သုံးပွင့်ဆိုင်အကျိုးပြုစေတဲ့ Win Win Win စနစ်မို့လို့ အော်ဂဲနစ်လယ်ယာကို သွားသင့်တာပေါ့နော်။
မင်းဝင်းထိန် (B.Ag)
အခြေခံအော်ဂဲနစ်လယ်ယာစာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....