N46 လို့ ခေါ်ကြတဲ့ ပုလဲအစား ဘာသုံးရမလဲ
ပုလဲမြေသြဇာဆိုတာ တောင်သူတွေအသုံးများကြတဲ့ နိုက်ထရိုဂျင် ဓာတ်မြေသြဇာတစ်ခုပါ။ ဒီကာလမှာ မြေသြဇာစျေးတွေ ခုန်ပျံတက်သွားခြင်းက ခုနှစ်စိုက်ပျိုးရာသီလယ်သမားတို့အတွက် အတော်လေး ဂယက်ရိုက်စေခဲ့ပါတယ်။ N46 လို့ ခေါ်ကြတဲ့ ပုလဲအစား ဘာသုံးရမလဲဆိုတဲ့ မေးခွန်းတွေလည်း တောင်သူတွေစီကနေထွက်လာခဲ့ပါတယ်။ နိုက်ထရိုဂျင် ၄၆ ရာခိုင်နှုန်းရဖို့ဆိုတာ ပုလဲသုံးမှမဟုတ်ပါဘူး။ သဘာဝမှာလည်း နိုက်ထရိုဂျင် ၄၆ ရာခိုင်းနှုန်း၊(သို့မဟုတ်)ပိုလို့တောင်ရနိုင်တာတွေရှိပါတယ်။
၁။ သဘာဝမြေသြဇာတွေနဲ့ အစားထိုးမယ်
သဘာဝမြေသြဇာတွေနဲ့ အစားထိုးသုံးတော့မယ်ဆိုရင် C:N ratio (စီအန်အချိုး) အကြောင်း အရင်သိသင့်ပါတယ်။ ဘာလို့လဲဆိုတော့ မြေကြီးထဲမှာ စီအန်အချိုး ၂၄:၁ ရှိမှ မြေအောင်း အကျိုးပြုပိုးတွေက အလုပ်လုပ်ပါတယ်။ ဒါမှ ထည့်သမျှကို အပင်ကစုပ်ယူနိုင်မှာပါ။ စီအန်အချိုးကို ဂရုမစိုက်ဘဲ ဝယ်ထည့်နေခြင်းက ဆုံးရှုံးမှုတွေများစေပါတယ်။ နိုက်ထရိုဂျင်များစွာပါဝင်တဲ့ သဘာဝမြေသြဇာလုပ်နည်းတွေကို ဒီဆောင်းပါးတွေမှာလေ့လာနိုင်ပါတယ်။
စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း (၁)
စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း (၂)
ဒီသဘာဝမြေသြဇာတွေကတော့ စိုက်ပျိုးမြေထဲမှာ မြေသြဇာထုတ်စက်ရုံတွေ တည်ထားသလိုဖြစ်စေမယ့် နည်းတွေပါ။ ရေတိုမှာမသိသာပေမယ့် ရေရှည်မှာ အကျိုးများမှာမို့ ဒီမြေသြဇာတွေလုပ်သုံးပါ။
၂။ သစ်စိမ်းမြေသြဇာထည့်ခြင်း
ဒီနည်းလမ်းကတော့ နိုက်ထရိုဂျင်ကို ပရိုကျကျလိုချင်တဲ့သူတွေ၊ မြေသြဇာမလုပ်ဘဲ မျိုးစေ့ကြဲထားရုံနဲ့ နိုက်ထရိုဂျင်တွေရမယ့်နည်းပါ။ စိုက်ပျိုးရာသီမစခင် ကြိုတင်လုပ်ဆောင်ဖို့လိုပါတယ်။ ပြီးတော့ ကိုယ်စိုက်ချင်တဲ့ ဝင်ငွေရသီးနှံတွေနဲ့ သီးလှည့်စိုက်ပေးရမှာပါ။ ရိုးရှင်းပြီး အကျိုးများတဲ့ နည်းလမ်းတစ်မျိုးပါ။
မြေပြန့် ချယ်ရီပင် (gliricidia) အား သစ်စိမ်းမြေသြဇာ အနေဖြင့် အသုံးပြုခြင်း
အစွန်းရောက်ရာသီဥတုနှင့် သစ်စိမ်းမြေသြဇာအပင်များ
ဒီဆောင်းပါးတွေမှာ လေ့လာနိုင်ပါတယ်။
၃။ လွယ်လွယ်နဲ့မြန်မြန်ရမယ့် သဘာဝရွက်ဖျန်းများ
အပင်ပိုင်းကြီးထွားဖို့ အထောက်အကူပြုမယ့် နိုက်ထရိုဂျင်ထက် ပိုကောင်းတာတွေပါတဲ့ ရွက်ဖျန်းဆေးလုပ်နည်းတွေပါ။အချိန်သိပ်မပေးရဘဲ ကုန်ကြမ်းစုလို့လည်း လွယ်တဲ့နည်းတွေပါ။
Compost Tea (မြေဆွေး လက်ဖက်ရည်)
ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA)
အချဉ်ဖောက်ထားသော အရွက်အရည်ပြုလုပ်နည်း
ဒီနည်းတွေကတော့ အလျင်လိုနေပြီဆို သုံးလို့ရတဲ့ဆေးနည်းတွေပါ။ ပင်ပိုင်းအားကောင်းဖို့အတွက် N46 လို အာနိသင်မျိုးပေးနိုင်ပါတယ်။ လူတွေမှာ အကြောဆေးသွင်းသလိုဖြစ်တာကြောင့် နံပါတ်(၁)လို မြေသြဇာတွေကိုလည်း သုံးပေးပါ။ ရွက်ဖျန်းတစ်မျိုးကိုပဲ အားကိုးလို့မရကြောင်းလည်း သတိပေးပါရစေ။
ဒီလောက်ဆိုရင်တော့ N46တွေ မတတ်နိုင်ရင် ရွေးချယ်ရမယ့်နည်းလမ်းတွေကို သိကြပြီထင်ပါတယ်။ အဆင်ပြေကြပါစေရှင်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးနှင့်ယူရီးယားမြေသြဇာ
Nay Aung
လွန်ခဲ့သော ၃ နှစ် ကကြက်ဥဂျူလင်စီ သုံးရင်အဆင်ပြေနိုင်လားခဗျာ ရွက်ဖြန်းအနေနဲ့
U Aye Naing
လွန်ခဲ့သော ၅ နှစ် ကကုမ္ပဏီတွေကိုကြော်ငြာပေးသလိုဖြစ်မှာမို့ မော်ရယ်မုန်းသုံးသင့်လားဆိုတာကိုမဖြေကြားခြင်းအတွက် နားလည်ပေးပါ။သူ့မှာဘာတွေပါသလဲဆိုတာလည်းကျွန်တော်မသိပါ။
Yell Linn Soe
လွန်ခဲ့သော ၅ နှစ် ကဆွေးနွေးမူကိုလည်းြပန်လည်ေြဖပေးစေလိုပါတယ်
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကစပါးအတွက် မော်ရယ်မုန်းသုံးသင့်လား
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from သိမ့်ဇာ
အားလုံး