အစိမ်းရောင်လမ်း
မုန်လာဥမျိုးများကို လေ့လာခြင်း

မုန်လာဥမျိုးများကို လေ့လာခြင်း

မြတ်စုဝေ
မြတ်စုဝေ 03/12/2021

    ဈေးကွက်ထဲမှာ ယခုနောက်ပိုင်း မုန်လာဥဖြူ၊ မုန်လာဥနီ (radish)၊ Beetroot (သကြားမုံလာဥ ) နဲ့ Turnip (မုန်လာဥတစ်မျိုး ) ဆိုပြီး တွေ့လာရပါတယ်။ Turnip ကတော့ တွေ့ရနည်းနေပါသေးတယ်။ 

    မုန်လာဥအနီမှာမှ Cherry small radish ဆိုတာလေးတွေပါ တွေ့လာရပါတယ်။ တစ်ခုချင်းစီကို အောက်မှာ လေ့လာလိုက်ရအောင်နော်။ 

မုန်လာဥဖြူ (white radish or Daikon)

    မုန်လာဥဖြူကတော့ အားလုံးသိကြသလိုပဲ နေရာတိုင်းမှာရနေတဲ့ ဈေးထဲက မုန်လာဥဖြူပါပဲ။ 

    ပြင်ဦးလွင်မှာတော့ နွေရာသီမှလွဲပြီး တခြားရာသီတွေစိုက်လို့ရပါတယ်။ အကောင်းဆုံးကတော့ ဆောင်းရာသီမှာ အစိုက်များပါတယ်။ 

     သူရဲ့မူရင်းဒေသတော့ အာရှတောင်ပိုင်းနဲ့ အရှေ့အာရှ‌နိုင်ငံတွေပဲဖြစ်ပါတယ်။ Japan ဘာသာစကားအရ big root လို့ဆိုလိုပါတယ်။  သူ့ကို white radish , Japanese radish , Chinese radish လို့ခေါ်ကြပါတယ်။ အရွက်ရော ဥရောပါ စားလို့ရပါတယ်။ သူမှာလဲ မျိုးများစွာရှိပါတယ်။ 

Watermelon radish 

    တရုတ်မုန်လာဥတစ်မျိုးပဲဖြစ်ပါတယ်။ ပုံစံကတော့ လုံးဝန်းပြီး ဘဲဥပုံသဏ္ဌာန်ပဲဖြစ်ပါတယ်။ အပြင်ပိုင်းက အစိမ်းနုရောင်လေးဖြစ်ပြီး အတွင်းကတော့ ပန်းရောင်အသားပဲ (ဖရဲသီးနဲ့ တူတာ ) ဖြစ်ပါတယ်။ 

Lobak or lopak 

    သူကလဲ အဖြူ‌ရောင်အခွံရှိပြီး ဥရဲ့ ထိပ်ပိုင်းအရွက်နားက အစိမ်းရောင်လေးဖြစ်နေပါတယ်။။

Mu

    ကိုရီးယားမုံလာဥတစ်မျိုးဖြစ်ပြီး သူက နည်းနည်းအလုံးတုတ်ကာ ထိပ်ပိုင်းအစိမ်းရောင်ဖြစ်ပြီး ပုတိုတိုလေးဖြစ်ပါတယ်။ Lobak နဲ့ Mu နှစ်မျိုးလုံးဟာ Daikon ထက်ပိုပြီး စပ်ရှရှ အရသာပိုပါတယ်။ 

    စိုက်ပျိုးနည်းစနစ်ကတော့ ပြင်ဦးလွင်ဒေသအနေနဲ့ ပြောရပါက သူတို့လိုအပ်တဲ့ စိုက်မယ့်မြေအကျယ်ကို စက်နဲ့ မြေမွအောင်ထယ်ပြီး အစေ့များကို ပင်ကြားတန်းကြားမထားပဲ ကြဲပတ်စိုက်ပျိုးကြပါတယ်။ 

    ပျိုးတဲ့အခါ အပင်သားခွဲရခြင်းနည်းအောင် မျိုးစေ့ပါးပါးနဲ့ သေချာအောင် ကြဲပက်စိုက်ကြပါတယ်။ 

    အရေးကြီးဆုံးကတော့ ‌ယူရီးယားအလွန်အကျွံမထည့်ဖို့နဲ့ မြေမွဖို့ အရေးကြီးပါတယ်။ ကြဲပက်သည်မှ မျိုးပေါ် မူတည်ပြီး ရက်ပေါင်း ၄၀-၇၀ အတွင်း ဥနှုတ်နိုင်ပါပြီ။ မနက်ခင်းစောစောနဲ့ ညနေခင်းများတွင် အပင်များနှုတ်ကြပါတယ်။ 

ဈေးကွက်သို့တင်ပို့ခြင်းအနေနဲ့ကတော့ 

    ရေးဆေးပြီး အပင်အပါဝင် ၅ ဥ တစ်တွဲဈေးနဲ့ ရောင်းကြသလို၊ ပွဲစားမှ ခင်းပြတ်ဝယ်ကြတာတွေလည်းရှိပါတယ်။ 

    ဈေးကောင်းပါက တစ်တွဲလျှင် ၁၂၀ - ၁၅၀ ကျပ်အထိရရှိကြပါတယ်။ အစီး ၁၀၀ တစ်လိပ်ဆိုပြီး ပီနံအိတ်နဲ့လိပ်ပီး နေရာအသီးသီးကို တင်ပို့ရောင်းချကြပါတယ်။ ဒီဆောင်းရာသီကတော့ မုံလာဥ အစိုက်များဆုံး ရာသီပဲဖြစ်ပါတယ်။ 

    ရှမ်းပြည်ဘက်တွေမှာတော့ မုန်လာဥကို မုန်လာဥချဉ်အဖြစ်စားသလို မုန်လာဥချဉ်ဟင်းကလည်း  တကယ် လူတိုင်းကြိုက်နှစ်သက်တဲ့ ဟင်းရည်တစ်မျိုးပဲဖြစ်ပါတယ်။ နောက်ထပ် စားသုံးတဲ့ပုံစံလေးတွေရှိရင်လဲ ပြောပေးပါနော်။ 

Reference from 

Self experience

www.britannica.com/plant/turnip

https://www.thespruceeats.com/chinese-white-radish-daikon-694717

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ

Ba Gyan • ဖြေကြားချက် 2 ခု

ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်

Nan • ဖြေကြားချက် 1 ခု

ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ

Nan • ဖြေကြားချက် 2 ခု

ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်း‌‌ဖော်လိုက်ရင်‌အဆင်‌ ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Kaung Pyae Kyaw • ဖြေကြားချက် 1 ခု

ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ

မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။