မျိုးစေ့ရွေးချယ်တဲ့အခါ...
“ကိုမောင်နီ ကိုမောင်နီ
ကျုပ်ကို အဘက သခွားစေ့မှာတာ အရင်တစ်ခေါက်က ဆိုင်ကပေးတာယူလာမိတာ မာန်ခံထိပြီးပြီ အပင်တွေ မပေါက်လို့တဲ့..
ခုတော့ မျက်နှာရချင်လို့ ကိုမောင်နီ့နား လာမေးတာ။”
“အော် မင့် ပြောပြလိုက်လို့ မင်းက မျက်နှာရတယ်။ ငါ့ကျ ဘာရမှာလဲဟ”
“အော် ကိုမောင်နီကြီးကလည်း မြို့က အပြန် မုန့်ဝယ်ခဲ့ပါမယ် ကိုမောင်နီရဲ့
အဲ့တစ်ခေါက်က အဘက နှင်တံရှာမတွေ့တာ ကံကောင်း..”
“မင့် အဘ က ဒေါသအိုး… နေဦး ငါ အထုတ်ခွံသွားရှာဦးမယ် မင့်ပြဖို့”
“ မျိုးစေ့ပဲဖြစ်ဖြစ်၊ မြေဆီပဲဖြစ်ဖြစ် ဘာဝယ်ဝယ်ကွာ လိုင်စင်အမှတ်ကိုကြည့်ဖို့လိုတယ်ဟ။ အဲ့ဒါ အထုတ်တွေ ဘူးတွေမှာပါတယ်။ လိုင်စင်နံပါတ်ပါတယ်ဆိုရင် တရားဝင်လိုင်စင် တင်ထားတယ်ဆိုတာ သေချာတာပေါ့”
“ပြီးတော့ နောက်တစ်ခုက ရက်စွဲ၊ မျိုးတွေက နေပူစပ်ခါးပစ်ထားတဲ့ မျိုးတွေဆို မင့် ဘယ်အပင်ပေါက်မလဲ၊ ထုတ်တဲ့ရက် ဖြစ်ဖြစ်၊ သက်တမ်းကုန်တဲ့ရက်ဖြစ်ဖြစ် ပါတယ်ဆိုရင် မင်းမျိုးက လတ်ဆတ်တယ်။ အပင်ပေါက်နိုင်တယ်ဆိုတာ ပိုသေချာတာပေါ့။ ခုကကွာ ၂၀၂၅ ဆိုတော့ မင်းမျိုးစေ့အိတ်က သက်တမ်းကုန်တဲ့ရက်စွဲက ၂၀၂၆ လောက်ဟာ ရွေးရတာပေါ့”
“ ဒီမှာတွေ့လား အပင်ပေါက်ရာခိုင်နှုန်းဆိုတာ၊ အဲ့ဒါက ဘာကိုပြောတာလဲဆိုတော့ (၁၀၀) ပျိုးရင် အဲ့လောက်ပေါက်တယ်လို့ပြောချင်တာကွာ။ သူတို့ကတော့ စမ်းပြီးသားပေါ့။ ဒီမှာဆိုရင် (၈၅) ရာခိုင်နှုန်းဆိုတော့ ငတို့ အစေ့ (၁၀၀) ပျိုးရင် ၈၅ ပင်ကတော့ အနည်းဆုံးပေါက်တယ်လို့ပြောတာကွာ။ အဲ့ဒါကြည့်ပြီး မျိုး ဘယ်လောက်ဝယ်ရမလဲဆိုတာကိုလည်း ချိန်လို့ရတယ်။ အများကြီး မပိုနေတော့ဘူးပေါ့ကွာ၊ မျိုးတွေကလည်း ဈေး က မိုးထိုးနေပြီဟ”
“ နောက်ပြီးတော့ သန့်စင်မှု ရာခိုင်နှုန်းဆိုပြီးတော့ ပါတာလေး၊ များလေ ကောင်းလေပဲပေါ့”
“မင့် မှတ်ပုံတင်ထားတဲ့ အိတ်တွေဆို အရည်အသွေးအာမခံချက်ဆိုတာ ထည့်ပေးရတယ်၊ အဲ့လို စာသားပါရင်တော့ စိတ်ချလက်ချနဲ့ ရဲရဲဝယ်လိုက်ပေါ့ကွာ”
“ဒါနဲ့ မင်း ဘာမျိုးဝယ်မှာ”
“ ဂေါ်ရခါးရယ် သနပ်ခါးရယ်”
“ဟေမင့် အဘက အဲ့ဒါတွေမှမစိုက်တာ ကြက်ဟင်းခါးနဲ့ သခွားပါဟ၊ အေး ငါတော့ မြင်ယောင်နေတယ်၊ မင့်ခေါင်းကွဲဦးမှာ”
“ ဟာ ကိုမောင်နီကြီးလည်း မဦးမချွတ် “

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
မြားနီနည်းပညာပေးရေးအဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Htunn Winn Kyaw
အားလုံး
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026