မျိုးစေ့အသုံးပြုမှု ချွေတာခြင်းဖြင့် စိုက်စရိတ် အနည်းငယ် လျော့ချကြမယ်
မြန်မာနိုင်ငံ၏ စိုက်ပျိူးရေးကဏ္ဍတွင် မျိုးစေ့ကဏ္ဍ၏ အရေးပါမှု့သည် တစ်စိတ်တစ်ဒေသ အရေးကြီး သည်ကို စိုက်ပျိုးရေးနှင့် ပက်သက်ဆက်နွယ်သော အသိုင်းအဝိုင်းများမှ သိရှိပြီးကြပြီးဖြစ်ပါလိမ့်မည်။ လွန်ခဲ့သောနှစ်များဆီက တစ်ရာသီစိုက်ပျိုးပြီးသော မျိုးကို နောက်တစ်ရာသီ ထပ်မံစိုက်ပျိုးရန်အတွက် မျိုးချန်၍ စိုက်ပျိုးကြသည့်ဓလေ့သည် ယခုနှစ်အခါများတွင် လူတိုင်းစိုက်ပျိုးလာကြသော စပ်မျိုးများ တွင် ပြုလုပ်၍ မရသည်ကို စိုက်ပျိုးသူအများစုသည် ကောင်းစွာသိရှိကြခြင်း မရှိကြသည်ကို တွေ့ရ သည်။ စိုက်ပျိုးသူတို့သည် အထူးသဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများကြားတွင် စပ်မျိုး အခေါ် F1 ကို ရင်းနှီးကျွမ်းဝင်မှု့ရှိကြသော်လည်း စပ်မျိုးတို့သည် တစ်ရာသီသာစိုက်ပျိုးနိုင်ပြီး နောက်တစ်ရာ သီအတွက် မျိုးချန်၍မရကြောင်းကို သိရှိကြခြင်းနည်းပါးကြသည်။ ယခုအချိန်တွင် စိုက်ပျိုးသူများ အနေဖြင့် အထက်ဖေါ်ပြပါ အကြောင်းခြင်းရာကို မျိုးစေ့ဖြန့်ဖြုးသူ ရောင်းဝယ်သူများထံမှ ရရှိ၍ဖြစ်စေ မရရှိ၍ဖြစ်စေ စပ်မျိုးဝယ်ယူစိုက်ပြီး နောက်တစ်သီး မျိုးချန်၍စိုက်သောအခါ ပထမတစ်ကြိမ် စိုက်စဉ် ကအရည်အသွေးမျိုး မရသဖြင့် မျိုးစေ့အရည်အသွေးမကောင်းဟု ထင်ယောင်မှားယိုးစွပ်မှု့များလည်း တွေ့ရှိရပါသည်။ ထိုမျိုးစေ့ရောင်းဝယ်ဖောက်ကားသူများ အနေဖြင့်လည်း မြန်မာနိုင်ငံ စိုက်ပျိုးရေး ဦးစီးဌာန၊ မျိုးစေ့ဌာနစိတ်အနေဖြင့် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြုမှူဆောင်ရွက် နေသောသူများ ရှိသကဲ့သို့ စိုက်ပျိုးသူလိုအပ်ချက်အရ စည်းမျဉ်းစည်းကမ်းနှင့် သွေဖီစွာ ပြုမူဆောင် ရွက်ရသည်လည်း ရှိရသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့မှသည် တရားဝင်ဖြစ်စေ တရား မဝင်ဖြစ်စေ စိုက်ပျိုးသူလိုအပ်ချက်အရဖြစ်စေ အမျိုးမျိုးသောအကြောင်းကြောင့် ဝင်ရောက်လာသော မျိုးစေ့များအပေါ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနစိတ်မှ ချမှတ်ထားသော စည်းကမ်းများသည် လွှမ်းမိုးမှုမရနိုင်ခြင်းမှာ လုပ်ထုံးလုပ်နည်းများ အချိန်ယူ၍ ကြန့်ကြာခြင်း၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ PRA များ မြန်မာနိုင်ငံသို့ ပို့မပေးထားခြင်းများကြောင့်လည်း ဖြစ်နိုင်ချေရှိပါသည်။

ယခုလက်ရှိကာလတွင်မူ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးတွင် မျိုးစေ့လိုအပ်ချက်မှာ (စီမံချက်သီးနှံများ မပါဝင်ပါ) တစ်ရာသီအတွက် ဥပမာ။ ။ ကြက်သွန်နီ တင်းရေ ခြောက်သောင်းခန့် (ခန့်မှန်းချက်) လိုအပ်လျက်ရှိသည်။ သို့သော် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် မျိုးစေ့လိုအပ်ချက်သည် ရာသီဥတုဖောက်ပြန်မှုနှင့် တိုက်ရိုက်အချိုးကျသည်။ အပင်ဖာခြင်း ပျိုးပင်များပျိုးရာတွင် လည်း ဥပမာ။ ။ မုန်လာဥနီ ဆိုပါစို့။ တစ်ဘောင်တွင် ထမင်းစားဇွန်း နှစ်ဇွန်းအထိ ကြဲ၍စိုက်ပျိုးရမှသာလျှင် စိုက်ပျိုးသူအနေဖြင့် စိတ်ကျေနပ်တတ်ကြသည်။ နည်းစနစ် တကျ စိုက်ပျိုးခဲ့ပါက မုန်လာဥနီ (ခါကြက်ဥ) တစ်စေ့ကို ပင်ကြားတန်းကြား ခြောက်လက်မခွာ၍စိုက်လျှင် ဥအရွယ်အစား ညီသကဲ့သို့ မျိုးကို ချွေတာစိစစ်ရာရောက်ကြောင်းကို တွေ့ရှိရမည်ဖြစ်သည်။ မျိုးစေ့အသုံးပြုမှုကို ချွေတာပြီးဖြစ်သောကြောင့် ကုန်ကျစရိတ်ကို လျော့ချနိုင်မည်ဖြစ်သည်။
နောင်အနာဂါတ်တွင် မျိုးစေ့များကို ယခုထက်ပိုသော ဈေးနှုန်းဖြင့် ခက်ခဲစွာဝယ်ယူသုံးစွဲရမည့်အပြင် ယခုထက် ပိုမိုလုံခြုံမှုမရှိသော၊ ပိုမိုအလှမ်းကွာသော သွင်းအားစုတစ်ခု ဖြစ်လာနိုင်ကြောင်းကိုလည်း တွေ့ရှိရပါသည်။
တောင်သူဦးကြီးများအနေဖြင့် မျိုးဝယ်ယူရာတွင် မြန်မာနိုင်ငံအတွင်း မှတ်ပုံတင်ထားပြီး ယုံကြည်စိတ် ချရသော မျိုးများကိုသာ ဝယ်ယူသုံးစွဲသင့်ပါသည်။ F1 ကဲ့သို့သော စပ်မျိုးများကို အသုံးပြုမည် ဆိုပါ ကလည်း တစ်ရာသီစာအတွက်သာ သုံးစွဲသင့်ပါသည်။ သို့မှသာ ထွက်ရှိလာသောသီးနှံများ၏ အရည် အသွေးမှာ တပြေးညီ တသတ်မတ်တည်း စိတ်ချရမည်ဖြစ်ပြီး ရောင်ပန်းလှမည် ဖြစ်ပါသည်။ ထိုမျှ သာမက မျိုးစေ့လိုအပ်ချက်ကို လျော့ချနိုင်ရေးအတွက် စနစ်တကျ စိုက်ပျိုးနည်းပညာများကို လည်း လေ့လာ လိုက်နာရန် လိုအပ်ပါမည် ဖြစ်ပါကြောင်း အသိပေးလိုက်ရပါသည်။
ငချွန်အေကွန်

ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 4 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....