အလင်းဖြင့်အစာချက်လုပ်ခြင်းလို့ခေါ်တဲ့ Photosynthesis ဆိုတာ..
အလင်းဖြင့်အစာချက်လုပ်ခြင်းဆိုသည်မှာ ကိုယ်တိုင်အစာချက်လုပ်နိုင်သော သက်ရှိများ (ဥပမာ- အပင်များ) တွင် ၎င်းတို့၏အရွက်များသည် နေရောင်ခြည်မှလာသော စွမ်းအင်ကိုအသုံးပြု၍ အရွက်ထဲရှိ အစိမ်းရောင်ရှိသောကလိုရိုဖီးများတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ရေတို့ကို ပေါင်းစပ်ပြီး အခြေခံသဘောထားအဖြစ်သို့ ချက်လုပ်ခြင်းဖြစ်သည်။
အလင်းဖြင့်အစာချက်လုပ်ခြင်း၏အရေးပါပုံ
အလင်းဖြင့်အစာချက်လုပ်ခြင်းဖြစ်စဉ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ရေတို့ကိုပေါင်းစပ်၍ ကာဗိုဟိုက်ဒရိတ်အဖြစ်ဖွဲ့စည်းပါသည်။ ၎င်းကာဗိုဟိုက်ဒရိတ်များကို စားသုံးခြင်းဖြင့် လူနှင့် တိရစ္ဆာန်များသည် စွမ်းအင်များကိုရရှိစေသည်။ ၎င်းဖြစ်စဉ်အတွင်း လေထုထဲသို့ ထွက်လာကသာကအောက်ဆီဂျင်ကို သက်ရှိများအသက်ရှင်ရာတွင် အသုံးပြုပါသည်။
ကမ္ဘာပေါ်တွင် အလင်းဖြင့်အစာချက်လုပ်ခြင်းဖြစ်စဉ်သာမရှိပါက သက်ရှိများ အသက်ရှင်သန်ရန် အရေးကြီဂသည့်လိုအပ်ချက်ဖြစ်သော အစားအစာများ ပြန်လည်ဖြ ည့်တင်းမှု ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ကမ္ဘာကြီးအတွင်းရှိသက်ရှိများ ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ဓာတ်ငွေ့များ တဖြ ည်းဖြည်း လျော့နည်းလာမည်ဖြစ်သည်။
ထို့ကြောင့်အလင်းဖြင့်အစာချက်ခြင်းသည် များစွာအရေးကြီးသော ဖြစ်စဉ်တစ်ခုဖြ စ်ပါသည်၊
အလင်းဖြင့်အစာချက်လုပ်ခြင်းဖြစ်စဉ်
အလင်းဖြင့်အစာချက်လုပ်ခြင်းဖြစ်စဉ်သည် အပင်များ၏အစိမ်းရောင်ရှိသော အရွက်များအတွင်းတွင် ဖြစ်ပေါ်သည်။ အရွက်များထဲရှိ အစိမ်းကရာင်ရှိသော ကလိုရိုဖီးများသည် နေရောင်ခြည်ကိုစုပ်ယူပြီး အစာချက်လုပ်သည်။ နေမှဖြာထွက်လာသော အလင်းရောင်တွင် ခရမ်း၊ မဲနယ်၊ အပြာ၊ အစိမ်း၊ အဝါ၊ လိမ္မော်၊ အနီဟူ၍ ရောင်စဉ် (၇)မျိုးပါ၀င်သည်။
၎င်းတို့အနက် အနီရောင်နှင့် အပြာရောင်စဉ်များသည် အစာချက်လုပ်ခြင်းအတွက် စုပ်ယူခံရမှုအများဆုံးဖြစ်သည်။ ကလိုရိုဖီးများသည် အစိမ်းရောင်ကို မစုပ်ယူသည့်အတွက် ၎င်းအရောင်သည် အရွက်မျက်နှာပြင်မှ အလင်းပြန်ခြင်းနှင့် အလင်းဖောက်ခြင်းတို့ ဖြစ်ပေါ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ မျက်လုံးတွင် အရွက်များကို အစိမ်းကရာင်အဖြစ် မြင်ရခြင်းဖြစ်သည်။

အလင်းဖြင့်အစာချက်လုပ်ခြင်းဖြစ်စဉ်တွင် အစိမ်းရောင်စဉ်ကို မစုပ်ယူပဲအလင်းပြန်ခြ င်း
၎င်းဖြစ်စဉ်အတွက် လိုအပ်သောရေကို အမြစ်များမှတစ်ဆင့်စုပ်ယူပြီး အပင်၏အစိတ်အပိုင်း အသီးသီးသို့ အပင်အတွင်းရှိ ရေကြောဆဲလ်များမှတဆင့် ပို့ဆောင်ပေးသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လေထုထဲမှရရှိသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အရွက်အောက်မျက်နှာပြင်ရှိ စတိုမာတာခေါ် အလွန်သေးငယ်သော လေပေါက်များမှတစ်ဆင့် အရွက်အတွင်းရှိ ဆဲလ်များအတွင်းသို့ဝင်လာပြီး ရေနှင့်ပေါင်းစပ်၍ သကြားအဖြစ်သို့ ရောက်ရှိသွားသည်။
ကိုယ်တိုင်အစာမချက်လုပ်နိုင်သောသက်ရှိများ (ဥပမာ- လူနှင့် တိရစ္ဆာန်များ) သည် အပင်များ အလင်းဖြ င့်အစာချက်လုပ်ခြင်းဖြ စ်စဉ်မှ ရရှိသောအစာများကို တိုက်ရိုက် (သို့မဟုတ်) တဆင့်ခံစားသုံးခြင်းအားဖြင့် ၎င်းတို့အတွက်လိုအပ်သော စွမ်းအင်ကို အဓိကရရှိပါသည်။ ထို့ကြောင့် အပင်များအလင်းဖြင့် အစာချက်လုပ်ခြင်းသည် သက်ရှိများအသက်ရှင်ရပ်တည်မှုအတွက် လိုအပ်သောစွမ်းအင်ကို အစာပုံစံဖြ င့် ပေးနိုင်ရုံမျှမက ချက်လုပ်ပြီး အစားအစာများ ဖြိုခွဲရာတွင် လိုအပ်သော အောက်စီဂျင်ကို ပြန်လည်ဖြည့်တင်း ပေးနိုင်သောလုပ်ငန်းလည်း ဖြစ်ပါသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....