အစိမ်းရောင်လမ်း
ပေါင်းဆန်ဆိုတာဘာလဲ...ဘယ်လိုလုပ်ရတာလဲ

ပေါင်းဆန်ဆိုတာဘာလဲ...ဘယ်လိုလုပ်ရတာလဲ

Green Way
Green Way 12/07/2023

ပေါင်းဆန်ဆိုသည်မှာ ခြောက်သွေ့ပြီးစပါးအား မကြိတ်ခွဲမီ အစိုဓာတ်နှင့် အပူချိန် မြှင့်တင်ပေးပြီးမှ ပြန်လည်အခြောက်ခံကာ ကြိတ်ခွဲထားသောဆန်ကို ခေါ်ဆိုပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အက်ကြောင်းအရာပါသော ဆန်စေ့များသည် ပြန်လည်စေးကပ်သွားပြီး ဆန်ကြိတ်ရာတွင် အကျိုးအကြေနည်းကာ ဆန်ထွက်ကောင်းမွန်စေပါသည်။ ပေါင်းဆန်ပြုလုပ်ခြင်းအားဖြင့် ဆန်၏ရုပ်နှင့် ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲစေပါသည်။

 ပေါင်းဆန်ပြုလုပ်ခြင်းအားဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

  • က။ ဆန်ကြိတ်ရာတွင် အကျိုးအကြေနည်းပြီး ဆန်ထွက်များသည်။
  • ခ။ အတန်းအစားနိမ့်သောဆန်ကို ဆန်ကောင်းဖြစ်အောင် ကြိတ်နိုင်သည်။
  • ဂ။ စပါးအခွံချွတ်ရာတွင် လွယ်ကူသဖြင့် ကြိတ်ခွဲရာတွင်လည်း လွယ်ကူပါသည်။
  • ဃ။ ဆန်အဖြစ်သိုလှောင်ရာတွင် အင်းဆက်ပိုးမွှားကျရောက်မှု နည်းပါးပါသည်။
  • င။ ဖွဲနု၌ ဖွဲနုဆီ ပါဝင်မှု ပိုမိုများပြားသည်။
  • စ။ ဗီတာမင်နှင့် သတ္တုဓာတ်များကို ဆန်စေ့အတွင်း ထိန်းသိမ်းထားနိုင်ပါသည်။
  • ဆ။ ဆန်ကိုချက်ပြီးပါက ထမင်းမသိုးလွယ်ဘဲ ကြာရှည်စွာ ထားနိုင်သည်။
  • ဇ။ ထမင်းချက်ရာတွင် ကစီဓာတ်များ ဆုံးရှုံးမှု နည်းပါးနိုင်ပါသည်။

ပေါင်းဆန်ပြုလုပ်ပုံ အဆင့်ဆင့်

က။ ရေစိမ်ခြင်း

စပါးအား အပူချိန် ၆၀ မှ ၆၅ ဒီဂရီစင်တီဂရိတ်ရှိသော ရေပူတွင် ၂ နာရီမှ ၄ နာရီ စိမ်ခြင်းအားဖြ င့် အစိုဓာတ် ၃၀ % အထိမြင့်တက်စေပါသည်။ လိုအပ်သောရေပမာဏမှာ စပါးပမာဏ၏ (၁.၃)ဆ ဖြစ်ပါသည်။ ရေစိမ်သောကာလကြာမြင့်ပါက စပါးစေ့များ အချဉ်ပေါက်ပြီး ဆန်၏အနံ့ကို ဆိုးရွားစေပါသည်။

ခ။ ရေနွေးငွေ့ပေးခြင်း

ရေနွေးငွေ့ပေးခြင်းအားဖြင့် စပါးစေ့အတွင်းရှိ ကစီဓာတ်အား ကော်ရည်အဖြစ်ပြောင်းလဲပြီး စပါး၏အစိုဓာတ်ကို ၃၈ % အထိ မြင့်တက်စေပါသည်။ ဆန်စေ့၏အပြင်လွှာတွင်ရှိသော အာဟာရဓာတ်၊ဗီတာမင်နှင့် သတ္တုဓာတ်များသည် ဆန်စေ့အတွင်းသို့ ပျော်ဝင်သွားပါသည်။ ရေနွေးငွေ့ဖြင့်ပေါင်းသော ကာလကြာမြင့်ပါက ဆန်၏အရောင်ဝါခြင်း၊ မည်းခြင်းများဖြစ်စေပါသည်။

ဂ။ အခြောက်ခံခြင်း

ပေါင်းထားပြီးသော စပါးစေ့များကို အစိုဓာတ် ၁၄ % အထိ လျှော့ချပြီးမှသာ ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်းများ ပြုလုပ်ရပါမည်။ အစိုဓာတ်ကို ၃၈ % မှ ၁၄% အထိ တစ်ဆက်တည်း လျှော့ချပါက အခြောက်ခံရသည့်ကာလ ကြာရှည်သဖြ င့် ကြိတ်ခွဲရာတွင် အကျိုးအကြေများစေပါသည်။ ထို့ကြောင့် ပထမအဆင့်အနေဖြင့် အစိုဓာတ် ၁၈ % အထိ လျှော့ချပြီး အအေးခံရပါမည်။ ထိုမှတစ်ဆင့် ၁၄ % အထိကျဆင်းရန် ဆက်၍ တဖြည်းဖြည်း လျှော့ချရပါမည်။ အခြောက်ခံသောအပူချိန်နှင့် လေထုစိုထိုင်းဆအပေါ် မူတည်၍ အခြောက်ခံသောကာလသည် ၂၄ နာရီ မှ ၄၈ နာရီ အထိ ကြာရှည်တတ်သည်။ အစိုဓာတ် ၁၄ % အထိလျှော့ချပြီးမှသာ ကြိတ်ခွဲခြင်းနှင့် သိုလှောင်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ဝင်းဇော်ထွန်း

ဝင်းဇော်ထွန်း

လွန်ခဲ့သော ၃ နှစ် က

ပေါင်းဆန် က ဆန်ပိုးတအားထိုးပါတယ် ဘာဖြစ်လို့လဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ

Ba Gyan • ဖြေကြားချက် 2 ခု

ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်

Nan • ဖြေကြားချက် 1 ခု

ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ

Nan • ဖြေကြားချက် 2 ခု

ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်း‌‌ဖော်လိုက်ရင်‌အဆင်‌ ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Kaung Pyae Kyaw • ဖြေကြားချက် 1 ခု

ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ

မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။