ဘယ်ရီသီးလောက်လေးတွေသီးတဲ့ တောရှောက်ပင်
Glycosmis pentaphylla (Retz.) Correa,
Common name : orangeberry or gin berry.
Family: Rutaceae (citrus family)
Flowering. September
မတ္တရာက အမေ့အိမ်ရောက်တော့ ကွမ်းသီးခြံတွေဖက် ဆိုင်ကယ်နဲ့ ရောက်ဖြစ်တယ်။ ခြံအလယ်ရောက်သွားရင် မြင့်မားလှတဲ့ ကွမ်းသီးပင်တွေကြောင့် နေပြောက်မထိုးသလို အရှေ့အနောက် တောင်မြောက်ခွဲလို့မရနိုင်ပါဘူး၊ အရိပ်အာဝါသကောင်းလှတဲ့ ကွမ်းသီးပင် အုန်းပင်တွေရဲ့အောက်မှာ လောင်းရိပ်ကြိုက်သော တောရှောက်ပင်လေးတွေကိုတွေ့ကြရမှာပါ။ ရေနီမြောင်းနဘေးမှာလည်း အုပ်လိုက်စုစုလေးပေါက်ကြတယ်။
အခုရာသီက သူတို့ ဖူးပွင့်တဲ့လမို့ အပွင့်ဖြူဖြူလေးတွေမြင်ကြရမှာပါ။ တောရှောက်ပင်လေးတွေက သနပ်ခါး၊ ပျဉ်းတော်သိမ်၊ ယုဇန၊ သီးသီး၊ ရှောက်၊ သံပုရာ၊ လိမ္မော်မျိုးရင်းဖြစ်တဲ့ Rutaceae Family ထဲမှာပါပါတယ်။ အခြားသောအပင်တွေနဲ့မတူတာက ဒီအပင်လေးတွေမှာ ဆူးမပါပါဘူး။ ပြီးတော့ လူတရပ်သာသာ ခြုံပင် အပင်ငယ်မျိုးပါ။ ပင်စည်ကမာကြောပြီး အပေါ်မှာအဖုငယ်လေးတွေပါပါတယ်။အခြားအပင်တွေလိုမဟုတ် ငှက်မွှေးရွက်ပေါင်းလည်းဖြစ်လို့နေပြန်တယ်။ ရွက်မွှာအရေအတွက်က ၃ ခုကနေ ၅ ခုထိရှိနေတတ်တယ်၊ အရွက် အရေအတွက်အရ Penta ဆိုတာ လက်တင်စကားဖြစ်ပြီး ၅ လို့ အဓိပ္ပာယ်ရပြီး Phylla ဆိုတာ (leaves) အရွက်ကိုဆိုလိုတာပါ။ ဒီအချက်ဟာ အခြားသော တောရှောက်များနဲ့ အဓိကခွဲခြားနိုင်သောအချက်တစ်ခုပါ။
အရွက်ကိုနေရောင်ထောင်ကြည့်ရင် ဂလင်းအစက်လေးတွေကိုမြင်ရမှာပါ။ အရွက်ကိုခွာလိုက်ရင်လည်း ရှောက်ရွက်နံ့ကိုခံစားရမှာပါ။ ပန်းခိုင်ကတော့ ထိပ်ထွက် ကြားထွက် ပန်းခိုင်ပေါင်းပါ။ ပန်းပွင့်လေးတွေက သေးငယ်ပြီးပုံပါအတိုင်း အဖြူရောင်ပါ။ ပွင့်ဖတ် ပွင့်ချပ် ၅ ခုစီပါပြီး တစ်ခုနဲ့တစ်ခု ကွာလို့နေပါတယ်။ အပင်ရဲ့အခြေမှာ ကွေ့ကောက်သော အဖြူရောင်ပွင့်ချပ်လေးတွေ မြင်တွေ့နိုင်ပါတယ်။ ဝတ်ဆံဖို ၁၀ ခုပါပြီး anthers ရဲ့ ထိပ်ဖျားမှာ Apical gland လေးပါတာ မြင်ရမှာပါ။ အသီးလေးတွေကတော့ မြင့်တဲ့အတိုင်း ဘယ်ရီသီးလေးတွေအတိုင်းပါ ရင့်မှည့်ရင် အရောင်ပြောင်းပါတယ်။ ဒီအပင်က တိုင်းရင်းဆေးမှာ အလွန်ပဲထင်ရှားလှတယ်။
တောရှောက်လိမ်းဆေးရည်ဆိုတာ မသိသူမရှိသလောက်ပါပဲ။ ဆေးကို ကိုယ်တိုင်ဖော်စပ်နိုင်သလို အခြားသော ဆေးများအတွက်လည်း ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ရောစပ်အသုံးပြုနိုင်ပါသေးတယ်။ အရွက်တွေ ပင်စည် အခေါက်တွေက ထုတ်ယူထားတဲ့ (extracts) စစ်ထုတ်ပစ္စည်းတွေဟာ ထိခိုက်ဒါဏ်ရာရထားတဲ့ အသည်းတစ်သျှူးများကို ပြန်လည်ကျမ်းမာကောင်းမွန်စေတယ်၊ သုတေသနပြုထားချက်များအရ အမြစ် အခေါက် ကနေ ရတဲ့ (Extracts) စစ်ထုတ်ပစ္စည်း တွေဟာ ဝမ်းပျက် ဝမ်းလျောရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်၊ အမြစ်ပြုတ်ရေဟာ ကိုယ်လက်မအီမသာဖြစ်စေခြင်းကို သက်သာစေနိုင်တယ်၊ အမြစ်နဲ့ အရွက်ပြုတ်ရည်များဟာ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက်အထူးကောင်းစေပြီး (protective medicine) ကာကွယ်ဆေး အနေနဲ့ ကလေးတွေမှာသုံးနိုင်တယ်။
အရွက်တွေဟာ appetitive, stomachic အနေနဲ့သုံးရသလို အမျိုးသမီး များအနေနဲ့ အရွက်ကို မီးကင်ထားတဲ့ အရည် (infusion of roasted leaves) တွေကို ခံတွင်းမြိန်ဆေး (appetizer) အနေနဲ့ အသုံးပြုနိုင်တာပါ၊ အိန္ဒိယတွေရဲ့ ရိုးရာတိုင်းရင်ဆေးတွေမှာ ဒီအပင်ကို ဝမ်းရောဂါ၊ ချောင်းဆိုးခြင်း၊ အဆစ်အမြစ်ယောင်ခြင်း၊ သွေးအားနဲရောဂါ (anaemia) နဲ့ (jaundice) အသဲရောင်အသားဝါ ရောဂါများကုသရာမှာ အသုံးပြုကြပါတယ်။
အရွက်ကထွက်သောအရည်ကို အဖျားရောဂါ၊ အသည်းရောဂါ၊ သံခြဆေး (vermifuge) အနေနဲ့လည်းသုံးကြတယ်။ အရွက်ကိုထုထောင်းထားတဲ့ အဖတ်တွေနဲ့ ဂျင်းနဲ့ရောပြီး နှင်းခူနာနဲ့ အရေပြားမှာဖြစ်တတ်သော ကူးစက်ရောဂါတွေ ကုသရာမှာလည်းသုံးတယ်၊ အရွက်ပြုတ်ရည်ဟာ မျက်နှာဖောယောင်ခြင်းကို သက်သာစေတယ်။
တောရှောက်ပင်ဆိုတာ ကြားဖူးပေမဲ့ အပင်ကိုမြင်ဖူးသူနည်းလှပါတယ်။ ညောင်းညာ ကိုက်ခဲနေရင် တောရှောက်မြစ်လေးသွေးကာလိမ်းရင် သက်သာတယ်လို့ ငယ်ငယ်ကကြားဖူးခဲ့တယ်၊ ဒီအပင်အပြင် အခြားမျိုးကွဲလည်းရှိပါသေးတယ်၊ ဒီစာရဲ့ ရည်ရွယ်ချက်က တိုင်းရင်းဆေးထက် အပင်နဲ့ သိပ္ပံအမည်မှန်ဖို့ရေးတာပါ။ တောရှောက်အမြစ် အဆီစစ်စစ်ရဖို့လည်း မလွယ်ပါဘူး။ အတော်လေးစုဆောင်းရမှာပါ၊ တိုင်းရင်းဆေးကျမ်းတွေမှာ သူ့အကြောင်းရေးထားတာအများကြီးပါ၊ အခု အချက်လေးတွေကတော့ အောက်ဖေါ်ပြပါ (website) ဝက်ဆိုဒ် ကနေ အဓိက ကိုးကားဖေါ်ပြတာပါ။ တောရှောက်ရိုင်းလေးတွေက အမြဲစိမ်းနေတာမို့ အချို့နိုင်ငံတွေမှာ အိမ်တွင်းအလှဆင်အပင်အဖြစ်အနေနဲ့တောင် စိုက်ပျိုးကြတယ်လို့သိရတယ်။ ကိုယ့်ဆီမှာတော့ အရိုင်းပေါက်ပင်အနေနဲ့ သိပ်တန်ဖိုးမရှိလှဖူး။ ဆေးဝါးထုတ်ရာမှာ တန်ဖိုးရှိလှတဲ့ ဒီအပင်လေးတွေကို မျိုးတုံးမသွားအောင် ထိန်းသိမ်းရင် တကယ်အကျိုးရှိမှာဘဲလို့တွေးမိရင်း......

https://tropical.theferns.info/
ကိုသက်နိုင်ဦး
ဟုမ္မလင်း
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....