ပဲပိစပ်နဲ့ပဲပုပ်
စိုက်ပျိုးရေးဘွဲ့ရတွေက တော်တော်များများသိကြပါတယ်။ ခက်တာကပြင်ပလုပ်ငန်းရှင်တွေ၊ ကျွန်တော်လည်း အမှားတွေ့ရင်မနေတတ်ဘူး၊ ပဲဆီကြော်ငြာတွေဖတ်မိကတည်းက ရင်ထဲမှာကလိကလိဖြစ်နေတာ။ အဲဒါနဲ့ ဘုရင်နောင်က ဆီစက်ရုံးခွဲကို လယ်ယာစီးပွားမှာပါတဲ့ ခင်လေး (YAU)ရဲ့ ပဲပိစပ်နဲ့ပဲပုပ်အကြောင်း ဆောင်းပါးကို ကူးပြီး စာတိုက်က မှတ်ပုံတင်ပို့ခဲ့တယ်၊ ရောက်ရဲ့လားတော့မသိ။ ပဲပုပ်ကို ဘာလို့ပဲပိစပ်လို့မှားကြတာလဲ၊ အဖြေရှာတော့ ဦးထွန်းငြိမ်းအဘိဓါန်ကစတာ အဲဒီမှာ Soy bean ကို ပဲပိစပ်လို့ ဘာသာပြန်ထားတာလေ၊ ဆရာကြီးက စိုက်ပျိုးရေးသမားမဟုတ်လို့ ပညာရှိသတိဖြစ်ခဲနေမှာပါ။ ဒါကိုဆက်ပြီးတော့ စိုက်ပျိုးရေးလည်းမသိ ပိုက်ဆံဘဲသိတဲ့ ဆွေမျိုးပေါက်ဖေါ်အစစ်တွေရော ကပြားတွေရော ဆက်မှားကြတယ်။ ပဲပိစပ်ဆီစက်ရုံဖွင့်ပွဲတဲ့ အကြီးအကဲတွေ ဖဲကြိုးဖြတ်ခဲ့ကြတယ်။ ဗီနိုင်းတွေကြော်ငြာတွေမှာ ပဲပိစပ်ဆီသန့်တဲ့၊ TV မှာပါကြော်ငြာတာနော်။ လောလောဆယ်တွေ့တာက ရွှေသြဇာ ကြော်ငြာစာအုပ်မှာ၊ ပဲပိစပ်(ပဲပုပ်)ပင်လို့ စာမျက်နှာ (၇)မှာ ဓါတ်ပုံနဲ့ပြထားတာ။ ပဲပိစပ်ကိုဆီကြိတ်လို့ ဆီမထွက်တာသူတို့မသိကြ၊ ပဲပိစပ်က ညောင်ဦးမှာ ပုန်းရည်ကြီးလုပ်တာလေ၊ ပဲပိစပ်နဲ့ လုပ်တဲ့ ပုန်းရည်ကြီးကမှ ကောင်းတာ။ မှတ်မိသေးတယ် ကျွန်တော်ဒုတိယတန်းအရွယ် ၁၉၆၇ ခုနှစ်ဘဲထင်တယ်၊ အညာမှာဆန်ဝယ်မရတော့ ပဲပိစပ်ကို ပြုတ်နေလှန်းပြီး ထမင်းမှာခု (ရော)ပြီးချက်တယ်။ နှစ်လွန်းတင်ပေါ့။ တစ်ချို့လည်းဆန်ရယ် ပြောင်းဆန်ရယ် ပဲရယ် ရောချက်ကြတယ်။ သုံးလွန်းတင်ပေါ့။ ပိုဆိုးလာတော့ ဆန်ပြုတ်သောက်ရတယ်။ ပြန်စဉ်းစားရင် စိုက်ပျိုးရေးနိုင်ငံကအညာတောင်သူတွေဘဝ ရင်နာစရာ။ ရေးရင်းနဲ့လမ်းလွဲသွားအုံးမယ်၊ ပြောချင်တာက ပဲပုပ်ကို ပဲပိစပ်လို့လွဲရေး လွဲသိနေတဲ့ကိစ္စပါ။ သိနေတဲ့ စိုက်ပျိုးရေးပညာရှင်တွေက ပြင်ပေးစေချင်တဲ့စေတနာပါ။ ပဲပုပ်ကဘဲ ဆီကြိတ်ရတာ။ တကယ်ဆို ပဲငပိလို့ ရေးရင်တော်သေး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (စိုက်ပျိုးရေးဦးစီးဌာန)၊ စီမံကိန်းဌာနခွဲ က ထုတ်တဲ့” မြန်မာနိုင်ငံအတွင်းရှိ အရေးကြီးပင်များ၏ ရုက္ခဗေဒဆိုင်ရာ အမည်များနှင့် မျိုးရင်းအမည်များ” စာအုပ်ရဲ့အမှတ်စဉ် ၉၄၂မှာ ပဲငပိ Soy bean ၊ ၉၅၅ မှာ ပဲပိစပ် Horse gram ၊ ၉၅၈မှာ ပဲပုပ် Soy bean မျိုးစု မျိုးစတ်နဲ့ မျိုးရင်းတွေ ဖေါ်ပြထားပါတယ်။ ပဲငပိနဲ့ ပဲပုပ် ဟာ အတူတူဖြစ်ပြီး ပဲပိစပ်က သီးသန့်ပါ။ ပဲပုပ် (ပဲငပိ)ကို သိနေကြတော့ ပဲပိစပ်ပုံတွေ ရှာတင်ပေးလိုက်ပါတယ်။ နောင်မမှားရအောင် မိမိဝန်းကျင်ကို ပြင်ပေးစေလိုပါတယ်။





သုတစိုး(နှစ်ရှည်ပင်)
ဦးလျံသင်ခုပ်
လွန်ခဲ့သော ၂ လ ကဘယ်ရာသီမှာစိုက်သင့်လဲ
စိုးကြည်
လွန်ခဲ့သော ၅ နှစ် ကစိုက်ပျိူးပုံစနစ်သိလို
Aung Zin
လွန်ခဲ့သော ၅ နှစ် ကစိုက်ပျိုးပုံ နည်းစနစ်များ ဖေါ်ပြပေးပါ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....